6/20/2014

♪ တယ်လီနောနှင့် Samsung မြန်မာနိုင်ငံတွင် ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်လက်မှတ်ရေးထိုး ♫

Photo: တယ်လီနောနှင့် Samsung မြန်မာနိုင်ငံတွင် ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်လက်မှတ်ရေးထိုး
==========================================================

တယ်လီနောမြန်မာသည် ကမ္ဘာ့နံပါတ်တစ်
 မိုဘိုင်းပစ္စည်းထုတ်လုပ်သူ Samsung Electronics
 နှင့် ပူးပေါင်း ဆောင်ရွက်မှု သဘောတူညီချက်အား 
လက်မှတ်ရေးထိုးခဲ့ပါသည်။

နားလည်မှုစာချွန်လွှာအား ရန်ကုန်မြို့ရှိ တယ်လီနောရုံးချုပ်တွင် နှစ်ဦးနှစ်ဖက်သောကုမ္ပဏီမှ
 အကြီးတန်း အရာရှိများက လက်မှတ်ရေးထိုးခဲ့ကြပါသည်။ 
တယ်လီနောမြန်မာနှင့် Samsung တို့သည် ရှေ့လျောက် ပူးပေါင်းဈေးကွက် ဝန်ဆောင်မှုများ ဖွံ့ဖြိုး တိုးတက်ရေး၊ ဆင်းမ်ကတ်နှင့် မိုဘိုင်းဟန်းဆက်ကို တပါတည်း ဈေးနှုန်းသင့်တင့်မျှတစွာ ပူးတွဲရောင်းချမှုများ၊ နှင့် အရောင်းမြှင့်တင်ရေးဆောင်ရွက်မှုတို့ကို လက်တွဲ အကောင်အထည်ဖော် သွားမည်ဖြစ်ပါသည်။ ဤနားလည်မှု စာချွန်လွှာမှတဆင့် ကုမ္ပဏီနှစ်ခုလုံး၏ မြန်မာဈေးကွက်ရှိ လက်တွဲဆောင်ရွက်မှုကို ပိုမို ခိုင်မာလာအောင် ဆောင်ရွက်ရန် သဘောတူညီမှုရရှိခဲ့ကြပါသည်။
တယ်လီနောမြန်မာသည် ဆက်သွယ်ရေးလိုင်စင်အား ၂၀၁၄ ခုနှစ်၊ ဖေဖေါ်ဝါရီလတွင် ရရှိခဲ့ပြီး ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလတွင် မြန်မာပြည်သူများအတွက် လွယ်ကူစွာရရှိနိုင်ပြီး လက်လှမ်းမီသော ဈေးနှုန်းဖြင့် မိုဘိုင်းဆက်သွယ်ရေးဝန်ဆောင်မှုကို ပေးအပ်သွားမည်ဖြစ်ပါသည်။ 
“အခုလက်မှတ်ရေးထိုးပွဲကတော့ သမိုင်းမှတ်တိုင်စိုက်ထူမှုတစ်ခုဖြစ်ပြီး ဆက်သွယ်ရေးကဏ္ဍမှာ တယ်လီနောနဲ့ Samsung အတွက် ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းများစွာကို စတင်လိုက်တာပဲဖြစ်ပါတယ်။ မြန်မာပြည်သူတွေအတွက် ဆက်သွယ်ရေးဝန်ဆောင်မှုကို Samsung နဲ့အတူ လက်တွဲဆောင်ရွက်ရမှာ ဝမ်းမြောက်မိပါတယ်။” ဟု တယ်လီနောမြန်မာ CEO Mr. Petter Furberg ကပြောကြားခဲ့ပါသည်။ 
Samsung Electronics Myanmar ၏ Managing Director Mr. Nam Sik Ahn ကလည်းပူပေါင်းဆောင်ရွက်မှု အပေါ် ဝမ်းမြောက်မိကြောင်းပြောကြားခဲ့ပြီး  “တယ်လီနောနဲ့ Samsung က ဈေးကွက်ဝန်ဆောင်မှုမှာ တစ်ဦး နှင့်တစ်ဦး လက်တွဲညီညီ ဆောင်ရွက်သွားမှာဖြစ်ပြီး အခုပူးပေါင်းမှုကလည်း ကုမ္ပဏီနှစ်ခုလုံးရဲ့ မြန်မာနိုင်ငံ မှာရှိတဲ့ လုပ်ငန်းဆောင်ရွက်မှုတွေကိုလည်း ပိုမိုခိုင်မာလာစေမှာ ဖြစ်ပါတယ်။” ဟု ပြောကြားခဲ့ ပါသည်။
“ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကတော့ ခေတ်မီဆန်းသစ်ပြီးတန်ဖိုးရှိတဲ့ ဝန်ဆောင်မှုတွေကို အများပြည်သူ အတွက် ပေးအပ်ဖို့ပါပဲ။ Samsung ဟာလည်း ကုမ္ပဏီနှစ်ခုလုံးရဲ့ နည်းဗျူဟာဆိုင်ရာ ရည်မှန်းချက်များကို ပြည့်ဝစေဖို့အတွက် မိမိတို့ရဲ့ လက်တွဲဖော်ကောင်းတစ်ဦး ဖြစ်တယ်လို့ ယုံကြည်ပါတယ်။” ဟု တယ်လီနော မြန်မာ၏ Chief Marketing Officer Mr. Sharad Mehrotra ကပြောကြားခဲ့ပါသည်။

တယ်လီနောမြန်မာသည် ကမ္ဘာ့နံပါတ်တစ်မိုဘိုင်းပစ္စည်းထုတ်လုပ်သူ Samsung Electronics နှင့် ပူးပေါင်း ဆောင်ရွက်မှု သဘောတူညီချက်အား လက်မှတ်ရေးထိုးခဲ့ပါသည်။

နားလည်မှုစာချွန်လွှာအား ရန်ကုန်မြို့ရှိ တယ်လီနောရုံးချုပ်တွင် နှစ်ဦးနှစ်ဖက်သောကုမ္ပဏီမှ အကြီးတန်း အရာရှိများက လက်မှတ်ရေးထိုးခဲ့ကြပါသည်။
တယ်လီနောမြန်မာနှင့် Samsung တို့သည် ရှေ့လျောက် ပူးပေါင်းဈေးကွက် ဝန်ဆောင်မှုများ ဖွံ့ဖြိုး တိုးတက်ရေး၊ ဆင်းမ်ကတ်နှင့် မိုဘိုင်းဟန်းဆက်ကို တပါတည်း ဈေးနှုန်းသင့်တင့်မျှတစွာ ပူးတွဲရောင်းချမှုများ၊ နှင့် အရောင်းမြှင့်တင်ရေးဆောင်ရွက်မှုတို့ကို လက်တွဲ အကောင်အထည်ဖော် သွားမည်ဖြစ်ပါသည်။ ဤနားလည်မှု စာချွန်လွှာမှတဆင့် ကုမ္ပဏီနှစ်ခုလုံး၏ မြန်မာဈေးကွက်ရှိ လက်တွဲဆောင်ရွက်မှုကို ပိုမို ခိုင်မာလာအောင် ဆောင်ရွက်ရန် သဘောတူညီမှုရရှိခဲ့ကြပါသည်။
တယ်လီနောမြန်မာသည် ဆက်သွယ်ရေးလိုင်စင်အား ၂၀၁၄ ခုနှစ်၊ ဖေဖေါ်ဝါရီလတွင် ရရှိခဲ့ပြီး ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလတွင် မြန်မာပြည်သူများအတွက် လွယ်ကူစွာရရှိနိုင်ပြီး လက်လှမ်းမီသော ဈေးနှုန်းဖြင့် မိုဘိုင်းဆက်သွယ်ရေးဝန်ဆောင်မှုကို ပေးအပ်သွားမည်ဖြစ်ပါသည်။
“အခုလက်မှတ်ရေးထိုးပွဲကတော့ သမိုင်းမှတ်တိုင်စိုက်ထူမှုတစ်ခုဖြစ်ပြီး ဆက်သွယ်ရေးကဏ္ဍမှာ တယ်လီနောနဲ့ Samsung အတွက် ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းများစွာကို စတင်လိုက်တာပဲဖြစ်ပါတယ်။ မြန်မာပြည်သူတွေအတွက် ဆက်သွယ်ရေးဝန်ဆောင်မှုကို Samsung နဲ့အတူ လက်တွဲဆောင်ရွက်ရမှာ ဝမ်းမြောက်မိပါတယ်။” ဟု တယ်လီနောမြန်မာ CEO Mr. Petter Furberg ကပြောကြားခဲ့ပါသည်။
Samsung Electronics Myanmar ၏ Managing Director Mr. Nam Sik Ahn ကလည်းပူပေါင်းဆောင်ရွက်မှု အပေါ် ဝမ်းမြောက်မိကြောင်းပြောကြားခဲ့ပြီး “တယ်လီနောနဲ့ Samsung က ဈေးကွက်ဝန်ဆောင်မှုမှာ တစ်ဦး နှင့်တစ်ဦး လက်တွဲညီညီ ဆောင်ရွက်သွားမှာဖြစ်ပြီး အခုပူးပေါင်းမှုကလည်း ကုမ္ပဏီနှစ်ခုလုံးရဲ့ မြန်မာနိုင်ငံ မှာရှိတဲ့ လုပ်ငန်းဆောင်ရွက်မှုတွေကိုလည်း ပိုမိုခိုင်မာလာစေမှာ ဖြစ်ပါတယ်။” ဟု ပြောကြားခဲ့ ပါသည်။
“ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကတော့ ခေတ်မီဆန်းသစ်ပြီးတန်ဖိုးရှိတဲ့ ဝန်ဆောင်မှုတွေကို အများပြည်သူ အတွက် ပေးအပ်ဖို့ပါပဲ။ Samsung ဟာလည်း ကုမ္ပဏီနှစ်ခုလုံးရဲ့ နည်းဗျူဟာဆိုင်ရာ ရည်မှန်းချက်များကို ပြည့်ဝစေဖို့အတွက် မိမိတို့ရဲ့ လက်တွဲဖော်ကောင်းတစ်ဦး ဖြစ်တယ်လို့ ယုံကြည်ပါတယ်။” ဟု တယ်လီနော မြန်မာ၏ Chief Marketing Officer Mr. Sharad Mehrotra ကပြောကြားခဲ့ပါသည်။

Myanmar Digital Life Journal



<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>