ဇွန်လ (၁၂) ရက်တွင် အမေရိကန်နိုင်ငံ ၊ နယူးယောက်မြို့တွင် Samsung က တက်ဘလက်အသစ် တစ်လုံးကို ကြေငြာသွား မည်ဟုသော သတင်းသည် ယခုအခါတွင် အမှန်တကယ် အကောင်အထည်ပေါ်ပေါက်လာခဲ့သည်။
သို့သော် ပြောဆိုခဲ့သည့် နေ့ရက်ထပ် နှစ်ရက်ခန့် နောက်ကျခဲ့သည့် ဇွန်လ (၁၄) ရက်တွင် Samsung က ၎င်းတို့ ကုမ္ပဏီ၏ တက်ဘလက် အသစ်တစ် လုံးဖြစ်သော Samsung Galaxy Tab S အမည်ရှိ စွမ်းဆောင်ရည်မြင့် တက်ဘလက်တစ်လုံးကို တရားဝင် ထုတ်ဖော် မိတ်ဆက် လိုက်ပါသည်။
အဆိုပါ Galaxy Tab S တက်ဘလက်၏ ကိုယ်ထည်ကို ပါးလွှားပြီး ပေါ့ ပါးအောင် ပြုလုပ်ထားပြီး Features , နောက်ဆုံးပေါ် နည်းပညာပေါင်းများစွာကို ထည့်သွင်းပြီး ဖန်တီးထုတ်လုပ်ထားသည်။
လက်ရှိ တွင် Samsung သည် တက်ဘလက်ဈေးကွက်၏ ၂၂ ရာခိုင်နှုန်း ပမာဏကို ၎င်းကုမ္ပဏီထုတ် Galaxy Tab များနှင့် ထိန်းချုပ်ထားလျက်ရှိသည်။
Samsung Galaxy Tab S ကို ၈.၄လက်မ နှင့် ၁၀.၅ လက်မ စသည့် မျက်နှာပြင်နှစ်မျိုးနှင့်ထုတ်လုပ်ထားပြီး 2560×၁၆၀၀ Resolution ကို ထုတ်ပေးနိုင်သည့် အရည်အသွေးမြင့် Super AMOLED Display နှင့် ထည့်သွင်း တည်ဆောက်ထားသည်။
ကင်မရာပိုင်းကို တော့ နောက်ဖက် အပိုင်းကို 8MP ရှိသည့်ကင်မရာနှင့် အရှေ့ဘက်ခြမ်းကို 2.1MP ရှိသည့် ကင်မရာနှစ်လုံးပါရှိပါသည်။
ဒါ့အပြင် Internal Storage ဗာရှင်းကို 16GB/32GB ဆိုပြီးနှစ်မျိုးခွဲခြားထားကာ 128GB အထိတိုးမြှင့်လို့ရသည့် Micro SD အကန့်ပါ ရှိပါသည်။ဆက်လက်ပြီး Tab S ကို အားကောင်းသည့် 7,900mAh ဘက်ထရီနှင့် ထည့်သွင်းထောက် ပံ့ပေးထားပါသည်။
အခြား Features အနေနဲ့ဆိုရင် 1080p Video Playback , Bluetooth 4.0 , IR-blaster စတာတွေကိုထည့်သွင်းပေးထားသည့်အပြင် အဓိကအပိုင်းကို ကြည့် မယ်ဆိုရင် Fingerprint Scanner စနစ်ဖြစ်ပြီး အဆိုပါ Scanner က User ပေါင်း ၈ ယောက်ရဲ့ လက်ဗွေ တွေကို မှတ်သားထား ပေးနိုင်သည် ဟုဆိုသည်။
ယင်း Galaxy Tab S ကို Samsung က ၈.၄လက်မကို ကန်ဒေါ်လာ ၃၉၉ ၊ ၁၀.၅ လက်မကို ကန်ဒေါ် လာ ၄၉၉ ဖြင့် အသီးသီး သတ်မှတ်ထားပြီး လာမည့် ဇူလိုင်လတွင် ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။
Ref : Zdnet
Wai Phyo Aung (TSJ Team)