6/17/2014

♪ ပြိုင်ဆိုင်မှုကိုသာ အာရုံစိုက်နေသည်ဟု Ooredoo ပြော ♫

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGkf7nxFYesUMXS91K-nG_aJPIPQ2Qk9jyu1Iu-ARnrcieFTXlbAmOHjgDs1cy2loCjE4MHUducaZtx1sjL2c36pFw9KjC81xP7PeGLpVpvIm-HP5zTDzvQXSBlxJVR6fyXd4yx_DBS_Q/s400/Ooredoo-1.jpg

ပြိုင်ဆိုင်မှုအတွက် အဟန့်အတား ဖြစ်စေနိုင်သည့် ကန့်ကွက်မှုများနှင့် ရင်ဆိုင် ကြုံတွေ့နေရသည့် Ooredoo Myanmar သည် လက်ရှိအချိန်၌ ပြိုင်ဆိုင်မှုအတွက်ကိုသာ အာရုံ ဆက်လက်ထားရှိသည်ဟု ထုတ်ပြန် ပြောဆိုလိုက်သည်။     ယခုလ အတွင်း Ooredoo ၏ ဆင်းမ်ကတ်များကို အသုံးမပြုရန် နှင့် ၎င်းကုမ္ပဏီ၌ အလုပ်လုပ်ကိုင်ခြင်း မပြုရန် မကွေးကျောင်းတိုက် ဆရာတော်ဦးပါမောက္ခက ဦးဆောင်၍ ဆန္ဒ ဖော်ထုတ်မှုများ ပြုလုပ်ခဲ့ သည့်နောက် Ooredoo က ယခုကဲ့သို့ ပြန်လည် ပြောဆိုလိုက်ခြင်း ဖြစ်သည်။     “အားလုံးသိကြတဲ့ အတိုင်း အပြိုင်အဆိုင်များလေ ပြည်သူ့အတွက်ကောင်းလေပဲ။ ဆက်သွယ်ရေးကုမ္ပဏီ တစ်ခုအနေနဲ့ ပိုကောင်းတဲ့ ဝန်ဆောင်မှုကို ပြည်သူတွေဆီ ရောက်အောင် ပို့ပေးဖို့အရေးကြီးတယ်။ ဒီအတွက်ပဲ ကျွန်မတို့ အာရုံစိုက်နေပါတယ်”ဟု Ooredoo Myanmar မှ ပြောရေးဆိုခွင့် ရှိသူ ဒေါ်သီရိကြာညိုက ဆိုသည်။     Ooredoo ၏ တုံ့ပြန်မှု၌ ပြည်သူလူထုသည် ၎င်းတို့၏ အကျိုးကျေးဇူးများကို ခံစားလာရသည့် အခါ၌ လက်ရှိ သံသယများ အလိုလို ပျောက်ကွယ်သွားမည် ဖြစ်ကြောင်း၊ ၎င်းတို့ အနေဖြင့် ဝန်ဆောင်မှုများ စတင် မိတ်ဆက်သည့်အခါ လူမှုအကျိုးပြု အခန်းကဏ္ဍများကို ပိုမို အားဖြည့်သွားမည်ဖြစ်ကြောင်း၊ များစွာသော အစီအစဉ်များသည် ပြည်သူလူထု ဝမ်းသာရမည့် အစီအစဉ်များသာ ဖြစ်ကြောင်း ပါရှိသည်။     “ကျွန်တော်အနေနဲ့ ဖုန်းသုံးစွဲတဲ့အခါ၊ အင်တာနက် အသုံးပြုတဲ့အခါမှာ လက်ရှိ မြန်မာ့ ဆက်သွယ်ရေးထက် သာလွန် ကောင်းမွန်တဲ့ ဆက်သွယ်ရေးဖြစ်နေမယ်၊ တန်ဖိုး သက်သာနေမယ်ဆိုရင် လက်ခံမှာပါပဲ။ အဓိက ကတော့ဗျာ ဘာအခြေစိုက်ပဲ ဖြစ်ဖြစ် သူတို့ဝန်ဆောင်မှု ကောင်းတယ်ဆိုရင် အသုံးပြုသူက ကျေနပ်လက်ခံရမှာပဲ။ ကန့်ကွက်နေတာတွေက ဘာသာရေးကြောင့် ဆိုရင်တော့ သိပ်မဟုတ်သေးဘူး။ ကန့်ကွက် မှုတွေက ဝန်ဆောင်မှု တန်ဖိုးအပေါ် ကြည့်ပြီး ကန့်ကွက်ရင် ပိုကောင်းမယ်။ ပြီးတော့ အဖြေထွက်ဖို့ လုပ်ဆောင်နေတာ မဟုတ်ဘဲ ပယောဂများ ပါနေသလားလို့ပါ” ဟု လူငယ်နိုင်ငံရေးသမား တစ်ဦး ဖြစ်သူ ကိုဒီငြိမ်းလင်းက ပြောသည်။

မြင့်ကျော်လှိုင်
Internet Journal



<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>