6/15/2014

♪ မြန်မာလူငယ်ပေါင်း အယောက်တစ်သိန်း Microsoft အသိအမှတ်ပြု လက်မှတ်ဖြင့် လုပ်ငန်းခွင်အသင့် ဝင်နိုင်ရန်စီစဉ် ♫


မြန်မာလူငယ်ပေါင်း အယောက်တစ်သိန်း Microsoft အသိအမှတ်ပြုလက်မှတ်ဖြင့် လုပ်ငန်းခွင်အသင့် ဝင်နိုင်မည့် အစီအစဉ်တစ်ရပ်ကို Microsoft ကုမ္ပဏီနှင့် MCC Group တို့ ပူးပေါင်းဆောင် ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။     လာမည့်သုံးနှစ်အတွင်း မြန်မာလူငယ်တစ်သိန်းခန့်ကို Microsoft ၏ Cloud Computing နှင့်ခေတ်မီ နောက်ဆုံးပေါ် နည်းပညာများကို သင်ကြားပေးသွားမည်ဟု Microsoft အာရှပစိဖိတ်ဒေသမှ ဥက္ကဌ Mr.Cesar Cernuda က ယနေ့ပြောကြားသည်။ “ကျွန်တော်တို့က MCC အနေနဲ့ Microsoft ရဲ့ Gold Learning Partner အနေနဲ့ ဆောင်ရွက်လုပ်ကိုင်လို့ MCC မှာ တက်တဲ့ကျောင်းသားတွေပဲ ဒီအခွင့်အရေးကိုရမယ်လို့ ခွဲခြားထားတာမရှိပါဘူး၊ တက္ကသိုလ်တွေမှာတက်နေ တဲ့ ကျောင်းသားတွေလည်း ဒီအသိအမှတ်ပြု လက်မှတ်ရရှိအောင် ကျွန်တော်တို့ ဆောင်ရွက်ပေးပါ့မယ်” ဟု MCC Group ၏ ဥက္ကဌ ဦးတင်ဝင်းအောင်က ပြောသည်။     အဆိုပါဆောင်ရွက်ချက်ကို လအနည်းငယ် အတွင်း စတင်အကောင်အထည်ဖော်မည်ဟု သိရပြီး Cloud Computing, Cloud Services နှင့် App Development စသည့် နည်းပညာများကို သင်ကြားပေးသွားမည် ဖြစ်သည်။


Internet Journal



<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>