6/17/2014

♪ LG က G Pad 7.0 တက်ဘလက်များကို ဥရောပတွင် ရောင်းချ ♫

Photo: LG က G Pad 7.0 တက်ဘလက်များကို ဥရောပတွင် ရောင်းချ
===========================================
 
LG က မေလတွင် ကြေညာခဲ့သော G Pad တက်ဘလက်များထဲမှ G Pad 7.0 ကို ဥရောပတွင် ရောင်းချပေးမည်ဖြစ်ပြီး G Pad 8.0 , 10.1 တက်ဘလက်များကို လာမည့် ရက်သတ္တပတ်များတွင် ရောင်းချပေးမည်ဟု ကြေညာပါသည်။ 

LG G Pad တက်ဘလက်များသည် Specifications များတူညီကြပြီး အရွယ်အစားများသာ ကွာခြားပါသည်။ သို့သော်အချို့ Specification များသည် အနည်းငယ်ကွဲပြားပါသည်။ G Pad များတွင် 1.2GHz Quad-Core Processor , 1GB RAM တပ်ဆင်ထားပါသည်။ ခုနစ်လက်မအမျိုးအစားတွင် 1280x800 Resolution IPS Display , 8GB Internal Storage နှင့် MicroSD Card အသုံးပြုနိုင်ပါသည်။ အခြား အမျိုးအစားနှစ်ခုတွင် တူညီသော Resolution Display တပ်ဆင်ထားသော်လည်း 16GB Internal Storage ပါရှိပါသည်။ 

G Pad 7.0 တွင် 3 Megapixel နှင့် 1.3 Megapixel Camera များတပ်ဆင်ထားပြီး 4000mAh Battery ပါရှိပါသည်။ G Pad 8.0, 10.1 တွင် 5 Megapixel နှင့် 1.3 Megapixel Camera များတပ်ဆင်ထားပြီး 8.0 တွင် 4200mAh Battery နှင့် 10.1 တွင် 8000mAh Battery တပ်ဆင်ထားပါသည်။ 
တက်ဘလက်အားလုံးတွင် မျက်နှာပြင်ကို ထိတွေ့ပြီး Unlock လုပ်နိုင်သည့် LG ၏ Knock Code စွမ်းဆောင်ချက်ပါရှိပါသည်။ ဖုန်း နှင့် တက်ဘလက်များကို ချိတ်ဆက်နိုင်ပြီး တက်ဘလက်များမှ ဖုန်းခေါ်ဆိုခြင်း၊ ဖုန်းလက်ခံပြောဆိုခြင်း ပြုလုပ်နိုင်သည့် QPair 2.0 စွမ်းဆောင်ချက်ပါရှိပါသည်။ 
LG G Pad တက်ဘလက်များကို အနက်၊ အဖြူ၊ အနီ၊ လိမ္မော် နှင့် အပြာရောင်များထုတ်လုပ်ပေးထားပါသည်။  ဈေးနှုန်းများကို မကြာမီ ကြေညာမည်ဟု သိရပါသည်။ 

သူရ

LG က မေလတွင် ကြေညာခဲ့သော G Pad တက်ဘလက်များထဲမှ G Pad 7.0 ကို ဥရောပတွင် ရောင်း ချပေးမည်ဖြစ်ပြီး G Pad 8.0 , 10.1 တက်ဘလက်များကို လာမည့် ရက်သတ္တပတ်များတွင် ရောင်းချပေး မည်ဟု ကြေညာပါသည်။

LG G Pad တက်ဘလက်များသည် Specifications များတူညီကြပြီး အရွယ်အစားများသာ ကွာခြားပါသည်။ သို့သော်အချို့ Specification များသည် အနည်းငယ်ကွဲပြားပါသည်။ G Pad များတွင် 1.2GHz Quad-Core Processor , 1GB RAM တပ်ဆင်ထားပါသည်။ ခုနစ်လက်မအမျိုးအစားတွင် 1280x800 Resolution IPS Display , 8GB Internal Storage နှင့် MicroSD Card အသုံးပြုနိုင်ပါသည်။ အခြား အမျိုးအစားနှစ်ခုတွင် တူညီသော Resolution Display တပ်ဆင်ထားသော်လည်း 16GB Internal Storage ပါရှိပါသည်။

G Pad 7.0 တွင် 3 Megapixel နှင့် 1.3 Megapixel Camera များတပ်ဆင်ထားပြီး 4000mAh Battery ပါရှိပါသည်။ G Pad 8.0, 10.1 တွင် 5 Megapixel နှင့် 1.3 Megapixel Camera များတပ်ဆင်ထားပြီး 8.0 တွင် 4200mAh Battery နှင့် 10.1 တွင် 8000mAh Battery တပ်ဆင်ထားပါသည်။
တက်ဘလက်အားလုံးတွင် မျက်နှာပြင်ကို ထိတွေ့ပြီး Unlock လုပ်နိုင်သည့် LG ၏ Knock Code စွမ်းဆောင်ချက်ပါရှိပါသည်။ ဖုန်း နှင့် တက်ဘလက်များကို ချိတ်ဆက်နိုင်ပြီး တက်ဘလက်များမှ ဖုန်းခေါ်ဆိုခြင်း၊ ဖုန်းလက်ခံပြောဆိုခြင်း ပြုလုပ်နိုင်သည့် QPair 2.0 စွမ်းဆောင်ချက်ပါရှိပါသည်။ LG G Pad တက်ပလက်များကို အနက်၊ အဖြူ၊ အနီ၊ လိမ္မော် နှင့် အပြာရောင်များထုတ်လုပ်ပေးထားပါ သည်။ ဈေးနှုန်းများကို မကြာမီ ကြေညာမည်ဟု သိရပါသည်။

သူရ

Myanmar Digital Life Journal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>