6/05/2014

♪ မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင် IT & Mobile Product များကို တိုင်းတပါးသားများမှ လိမ်လည်ရောင်းချမှုများ ဖြစ်ပွားလျက်ရှိ ♫


မြန်မာပြည်အလယ်ပိုင်းဒေသအတွင်းရှိ အချို့မြို့နယ်များနှင့် မြို့ ကြီးများတွင် notebook နှင့် Mobile Phone များအား သက်ဆိုင် ရာအချက်အလက် (spec) များကို ပြင်ဆင်၍ နည်းပညာပိုင်းဆိုင်ရာ ရင်းနှီးမှုနှင့် နားလည်မှုအားနည်းသူများကိုပစ်မှတ်ထားလိမ်လည် ရောင်းချမှုများ ဖြစ်ပွားလျက်ရှိကြောင်း နည်းပညာရပ်ဝန်းမှ တစ်ဆင့် သိရှိရသည်။
အဆိုပါ လိမ်လည်ရောင်းချသူများမှ မြန်မာနိုင်ငံ၏ အရှေ့ မြောက်ဒေသတွင် တည်ရှိသော အိမ်နီးချင်းနိုင်ငံမှ နိုင်ငံခြားသားများ ဖြစ်ကြောင်းနှင့် အဆိုပါလိမ်လည်ရောင်းချမှုကို သက်ဆိုင်ရာတွင် အမှု ဖွင့်တိုင်ကြားထားခြင်း မရှိသေးကြောင်း သိရှိရသည်။
“ ပုံမှန် Intel Pentium CPU ပါတဲ့ စက်ကို Core i3, i5, i7 ဆိုပြီး (လိမ်ပြောပြီးရောင်းတယ်။ နဲနဲနားလည်တဲ့သူဆိုရင် System ထဲက အချက်အလက်တွေကို ပြုပြင်ပြီး) ရောင်းချနေတာပါ။ Pentium စက်ဆိုရင် ပုံမှန် ၃သိန်းနဲ့ ၄သိန်းကြားမှာပဲ တန်ကြေးရှိတာ ပါ။ နိုင်ငံခြားသားတွေက Core i3, i5, i7 ဆိုပြီး System မှာ ပြင်ရေး ပြီး ရောင်းတဲ့အခါ ငွေကျပ် (၇)သိန်းကျော် (၁၀)သိန်းဝန်းကျင်နဲ့ မသိနားမလည်တဲ့ သူတွေကို မတရားအမြတ်ထုတ်လိမ်လည်ပြီး ရောင်းနေပေမယ့် တကယ်ထိခိုက်တာက ကျွန်တော်တို့လိုစားသုံးသူ တွေ၊ ဒေသတွင်းမှာရှိတဲ့ Authorized Distributor တွေနဲ့ တစ်ဆင့် ပြန်ရောင်းတဲ့သူတွေပါ။ ၀ယ်တဲ့သူတွေက နားမလည်တော့ နောက်ဆုံး ဒီအမှတ်တံဆိပ် မကောင်းဘူးဆိုပြီး ယူဆတဲ့အခါ ကျွန်တော်တို့အနေနဲ့ များစွာနစ်နာပါတယ်။ ဘယ်လိုပဲပြောပြော ကျွန်တော်တို့ မြန်မာ နိုင်ငံက နိုင်ငံသူနိုင်ငံသားတွေရဲ့ ရိုးသားမှု၊ နည်းပညာပိုင်းဆိုင်ရာ ဗဟုသုတနည်းပါးမှုကို အခွင့်ကောင်းယူပြီး တိုင်းတစ်ပါးသားတွေက ဒီလိုမျိုး။ လိမ်လည်ရောင်းချတဲ့ဖြစ်ရပ်ဟာ များစွာအောက်တန်းကျပါတယ်။ နောက်ပြီးတော့ IT Product ၀ယ်ယူမယ့် စားသုံးသူတွေ အနေနဲ့လည်း နည်းပညာအကြောင်းကို အနည်းအကျဉ်း လေ့လာ ထားသင့်ပါတယ်။ ၀ယ်ယူမယ်ဆိုရင်လည်း တိကျမှန်ကန်တဲ့ အာမခံ ချက်နဲ့တကွ တကယ်ဖွင့်လှစ်ထားတဲ့ IT & Mobile Showroom များနဲ့ ဆိုင်များမှာဝယ်ယူသင့်ပါတယ်။ ”” ဟု ထိပ်တန်း IT & Mobile လုပ်ငန်းရှင်တစ်ဦးမှ ပြောကြားခဲ့သည်။
၂၀၁၂ ခုနှစ်နောက်ပိုင်းကာလမှအစပြု၍ မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်ဒေသများတွင် IT Product များကို လိမ် လည်ရောင်းချမှုများ၊ ခိုးယူမှုများ၊ မှောင်ခိုတင်သွင်းမှုများ အပါအ၀င် IT မှောင်ခိုဈေးကွက်များ ပေါ်ပေါက်လျက်ရှိကြောင်း နည်းပညာရပ် ၀န်းမှတစ်ဆင့် ကြားသိရသည်။

Myanmar Digital Life Journal





<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>