6/13/2014

♪ Huawei က Ascend Mate 2 4G ကို အမေရိကန်တွင် ရောင်းချ ♫

Photo: Huawei က Ascend Mate 2 4G ကို အမေရိကန်တွင် ရောင်းချ
==================================

Huawei က Ascend Mate 2 4G Phablet ကို အမေရိကန်တွင် ရောင်းချပေးလိုက်ပါသည်။ ၆.၁ လက်မ LTE ဖုန်းကို Huawei ၏ အမေရိကန် အွန်လိုင်းအရောင်းဆိုင် အသစ်ဖြစ်သော GetHuawei.com မှ စတင်ဝယ်ယူနိုင်ပြီဖြစ်သည်။ Huawei Ascend Mate 2 ကို ဒေါ်လာ (၂၉၉) ဖြင့်ရောင်းချပေးနေပြီး ဇွန်လ(၂၂) ရက်မတိုင်မီ ကြိုတင်မှာယူလျှင် Huawei Flip Cover နှင့် ဒေါ်လာငါးဆယ်ဖိုးအခမဲ့ အသုံးပြုနိုင်မည့် SIM Card ရရှိမည်ဖြစ်သည်။ 

Huawei က Ascend Mate 2 ကို ယခုနှစ်အစောပိုင်းတွင် ပြုလုပ်ခဲ့သည့် Consumer Electronics Show တွင် ကြေညာခဲ့ပြီး ယင်းတွင် တပ်ဆင်ထားသည့် 3990mAh Battery က အခြား စမတ်ဖုန်းများကို အားသွင်းနိုင်သည် ဟု သိရပါသည်။ Huawei Ascend Mate 2 တွင် 1.6GHz Quad-Core CPU တပ်ဆင်ထားသည့် Qualcomm Snapdragon 400 SoC ပါရှိပါသည်။ 2GB RAM, 16GB Internal Storage အပြင် MicroSD Card အသုံးပြုနိုင်ပါသည်။ ၆.၁ လက်မ IPS Display ကို Corning Gorilla Glass 3 ဖြင့် ဖုံးအုပ်ထားသဖြင့် အကြမ်းခံပါသည်။ အနောက်ဘက်တွင် 13 MP Camera နှင့် မျက်နှာချင်းဆိုင်တွင် 5 MP Camera တပ်ဆင်ထားပါသည်။ 

4G LTE ကို အထောက်အပံ့ပေးပြီး Android 4.3 Jelly Bean ကို Huawei ၏ ကိုယ်ပိုင် Emotion UI 2.0 ဖြင့် တွဲဖက်အသုံးပြုထားပါသည်။ Android 4.4 KitKat ကို အဆင့်မြှင့်နိုင်ရန် ပြုလုပ်နေသည်ဟု သိရပါသည်။ 

သူရ

Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>