6/02/2014

♪ HTC တံဆိပ်မော်ဒယ်သစ် စမတ်ဖုန်းများ မကြာမီဈေးကွက် ဝင်ရောက်မည် ♫

Photo: HTC တံဆိပ်မော်ဒယ်သစ် စမတ်ဖုန်းများ မကြာမီဈေးကွက် ဝင်ရောက်မည်
==========================================
HTC အမှတ်တံဆိပ်  စမတ်ဖုန်းမော်ဒယ်သစ် နှစ်မျိုးဖြစ်သော HTC One M8 နှင်
့ HTC Desire 816 မော်ဒယ်ဖုန်းများကို ယခုနှစ်ဇွန်လ လဆန်းပိုင်း၌ ဈေးကွက်တွင်
 ဝယ်ယူနိုင်မည် ဖြစ်ကြောင်းသိရသည်။

“HTC One M8 နဲ့ HTC Desire 816 မော်ဒယ်နှစ်မျိုး နောက်လ လဆန်းပိုင်းလောက်
 ဝင်ဖို့ရှိပါတယ်။ M8 က HTC One ကိုအခြေခံပြီး One ထက် ပိုမိုကောင်းမွန်အောင်
 ထုတ်လုပ်ထားတဲ့အတွက် One ထက် Function ပိုင်းနဲ့ဒီဇိုင်းပိုင်း ပိုမိုကောင်းမွန်လာတယ်။
 ကင်မရာပိုင်းမှာဟာ့ဒ်ဝဲ နည်းပညာအသစ်ကို ထည့်သွင်းထားပြီး ဓာတ်ပုံ effect တွေကို
 Photoshop နီးပါးကောင်းစွာ အလုပ်လုပ်နိုင်အောင် လုပ်ပေးထားပါတယ်။ ဓာတ်ပုံတွေကို
 layer ခွဲပြီးသိမ်းနိုင်ဖို့အတွက် ကင်မရာမှာ sensor နှစ်ခုတပ်ပေးထားပါတယ်။
 ပါဝါပိုင်းမှာပုံမှန် Power saving စနစ်အပြင် Extreme Power Saving စနစ်လို့ပြောလို့ရတဲ့
 Power Mangement စနစ်သစ်တွေ ထောက်ပံ့ပါဝင်ပါတယ်။ Extreme Power Saving 
ကဖုန်းအတွက် လိုအပ်တဲ့ဆက်သွယ်ရေး လိုင်းတစ်ခုတည်းကိုပဲ ဖွင့်ထားပေးပြီးကျန်တဲ့
 ဖုန်းတစ်ခုလုံးရဲ့ လုပ်ဆောင်ချက်အားလုံးကို ပိတ်ထားပေးတာဖြစ်တဲ့အတွက် ဘက်ထရီရဲ့
သက်တမ်းကို ပိုကြာကြာသုံးနိုင်မှာပါ။  နောက်ထူးခြားတဲ့ လုပ်ဆောင်ချက်တစ်ခုက
 ဘာခလုတ်မှနှိပ်စရာမလိုဘဲ ဖုန်းရဲ့စကရင်ကို အောက်နားကနေအပေါ်ကို ဆွဲလိုက်ရုံနဲ့
စကရင်ကို ဖွင့်ပေးမယ့်နည်းပညာ သစ်တစ်ခုပါ။ ဒီဖုန်းမှာ HTC ရဲ့ BoomSound  
အသံအရည်အသွေးကို အပြည့်အဝခံစားရရှိနိုင်ဖို့ ရှေ့ စပီကာနှစ်လုံး ထည့်သွင်းပေးထားပါတယ်။
 နောက်ထူးခြားတာက M8 နဲ့တွဲသုံးတဲ့ Dot View ဖုန်းကာဗာပဲဖြစ်ပါတယ်။ ဒီကာဗာက
 တခြားကာဗာတွေလို မဟုတ်ဘဲ ကာဗာပိတ်ထားရက်နဲ့ကို ဖုန်းရဲ့ တစ်ချို့လုပ်ဆောင်ချက်တွေက
ို လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်” ဟု HTC Myanmar မှတာဝန်ရှိသူ တစ်ဦးကပြောသည်။ 
HTC One M8 သည် GSM ဖုန်းအမျိုးအစားဖြစ်ပြီး 2G, 3G  နှင့် 4G LTE နက်ဝက်ခ်သုံးမျိုးလုံးကို 
ထောက်ပံ့ပေးနိုင်မည်ဖြစ်သည်။ စကရင်အရွယ်အစားမှာ ၅ လက်မရှိပြီး Super LCD3 Capacitive
 touchscreen အမျိုးအစားအသုံးပြုထားကာ 1080p Full HD အရည်အသွေးကို 
အပြည့်အဝထောက်ပံ့ ပေးနိုင်မည်ဖြစ်သည့်အပြင် စကရင်ကို Cornig Gorilla Glass 3
 ဖြင့်ကာကွယ်ထားသည်။ HTC ၏ Sence UI version 6 ကိုအသုံးပြုထားပြီး အမြန်နှုန်း
 2.3 GHz ရှိသော Snapdragon 801 Quad-core CPU ၊ ဂရပ်ဖစ်အတွက် Adreno 330 GPU စနစ်
၊ 2GB RAM နှင့်သိုလှောင်မှုပမာဏ 16 GB ပါဝင်မည်ဖြစ်သည်။ သိုလှောင်မှုပမာဏကို
 128GB ထိ ထပ်မံတိုးမြှင့် အသုံးပြုနိုင်မည်ဖြစ်သည်။ 5MP ရှေ့ကင်မရာနှင့် 13MP 
နောက်ကင်မရာများ ပါဝင်မည်ဖြစ်ပြီး ဓာတ်ပုံရိုက်ကာ မိမိ focus ဖြတ်လိုသည့် 
အပိုင်းကိုလက်ဖြင့် ထောက်လိုက်ရုံဖြင့် လက်ထောက်လိုက်သည့် အပိုင်းကို focus 
ဖြတ်ပေးမည့် Duo effects နည်းပညာများထောက်ပံ့ ပါဝင်ကြောင်းသိရသည်/

HTC Desire 816 သည် Dual SIM ထည့်သွင်းအသုံးပြုနိုင်မည့် ဖုန်းအမျိုးအစားဖြစ်ပြီး
 GSM 2G, 3G နှင့် 4G LTE စနစ်သုံးမျိုးလုံးကို ထောက်ပံ့ပေးနိုင်မည်ဖြစ်သည်။ 
စကရင်အရွယ်အစား ၅.၅ လက်မရှိကာ အမြန်နှုန်း 1.6GHz ရှိ Snapdragon 400 Cortex-A7
 အမျိုးအစား Quad-Core CPU နှင့် Andreno 305 GPU စနစ်များအပြင်  1.5GB RAM, 8GB 
သိုလှောင်မှုများပြုလုပ်နိုင်မည်ဖြစ်သည်။ 5MP ရှေ့ကင်မရာနှင့် 13MP နောက်ကင်မရာများ 
ပါဝင်မည်ဖြစ်ပြီး ဖုန်းဘက်ထရီမှာ 2600 mAh ရှိမည်ဖြစ်သည်။

Credit to Internet Journal

AUng mIn Han

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>