ကိုရီးယား အီလက်ထရွန်နစ် ကုမ္ပဏီကြီးဖြစ်သည့် Samsung သည် လှပစိုပြည်သည့် အရောင်များ ကိုဖော်ပြပေးနိုင်သော အရည်အသွေးမြင့် display များ ပါဝင်သည့် Galaxy Tab S tablet ကွန်ပျူတာ အသစ် နှစ်မျိုးကို ပွဲထုတ် မိတ်ဆက်ပြသခဲ့သည်။ အဆိုပါ Galaxy Tab S tablet များကို ၈.၄ လက်မနှင့် ၁၀.၅ လက်မ အမျိုးအစားဖြင့် ရရှိနိုင်မည် ဖြစ်သည်။ Galaxy Tab S tablet ကွန်ပျူတာများသည် အွန်လိုင်းဗီဒီယို ကြည့်ရှုခြင်းနှင့် မဂ္ဂဇင်းဖတ်ရှုခြင်းတို့ အတွက် ယခင်ထက် အရည်အသွေးမြင့်သည့် ရုပ်ပုံများဖြင့် ကြည့်ရှုနိုင်ပြီး Netflix နှင့် YouTube မှ HD ဗီဒီယိုများကိုလည်း ကြည့်ရှုနိုင်မည် ဖြစ်ကြောင်း Samsung Electronics America မှ စီနီယာ ဒုဥက္ကဋ္ဌ ဖြစ်သူ မိုက်ကယ် အေဘရီက ပြောကြားခဲ့သည်။ အထက်ပါ tablet ကွန်ပျူတာသစ်များတွင် သုံးစွဲသူ၏ ပတ်ဝန်းကျင်အပေါ် မူတည်ကာ display အရောင်ကို ချိန်ညှိအသုံးပြုနိုင်မည် ဖြစ်သည်။ ထို့အပြင် လက်ဗွေဖတ်စနစ် ပါဝင်သည့် အတွက် ထုတ်ကုန်တစ်ခုတည်းကို လူအများအပြားက home screen များကို ပြင်ဆင်ပြီး အသုံးပြုနိုင်မည် ဖြစ်သည်။ Samsung Galaxy Tab S ကို ၈.၄ လက်မအတွက် ၃၉၉ ဒေါ်လာ၊ ၁၀.၅ လက်မ အတွက် ၄၉၉ ဒေါ်လာဖြင့် ဇူလိုင်လတွင် အမေရိကန်၌ စတင်ရောင်းချမည် ဖြစ်သည်။
Ref: CNET
Ref: CNET