6/07/2014

တယ်လီနောဆင်းမ်ကတ်များ ၁၅၀၀ကျပ်ဖြင့် စက်တင်ဘာလတွင် စတင်ရောင်းမည်

 t







 တယ်လီနောမြန်မာကုမ္ပဏီမှ မိုဘိုင်းဆင်းမ်ကတ်များကို စက်တင်ဘာလတွင် စတင်ရောင်းချပေးမည်ဖြစ်ပြီး အသက်အရွယ်ကန့်သတ်ချက်မရှိဘဲ မှတ်ပုံတင်ရှိသူတိုင်း မိုဘိုင်းဆင်းမ်ကတ်များ လိုသလောက်ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ 

ဆင်းမ်ကတ်များဝယ်ယူရန်အတွက် ကြိုတင်စာရင်းပေးသွင်းခြင်းမျိုးမရှိဘဲ ဆင်းမ်ကတ်များကို ၁,၅၀၀ကျပ်အတိဖြင့် ရောင်းချသွားမည်ဖြစ်ရာ စိတ်ဝင်စားဖွယ်အရောင်းမြှင့်တင်မှုအစီအစဉ်များပါဝင်မည်ဖြစ်ကြောင်း တယ်လီနောမြန်မာကုမ္ပဏီက ထုတ်ပြန်သည်။ တယ်လီနောမိုဘိုင်းဆင်းမ်ကတ်ဝယ်ယူပြီးသည်နှင့် တစ်ပြိုင်နက် စတင်အသုံးပြုနိုင်မည်ဖြစ်ပြီး အင်တာနက်ပါ တစ်ပါတည်းအသုံးပြုနိုင်မည်ဖြစ်ကြောင်း ဇွန်လ ၂ရက်က ပြုလုပ်ခဲ့သည့် Net Monday ပွဲတွင်တယ်လီနောမြန်မာအမှုဆောင်အရာရှိချုပ်Mr.Petter Furbergက ပြောသည်။ 

မိုဘိုင်းဆင်းမ်ကတ်များကို 2G နှင့် 3Gနှစ်မျိုးရောင်းချပေးမည်ဖြစ်ပြီး မြို့ကြီးများတွင် 3Gမိုဘိုင်း ဆင်းမ်ကတ်များကို စတင်ရောင်းချပေးမည်ဖြစ်သည် ဈေးကွက်တွင် TLE(Long-Term Evolution)ပါဝင်သော မိုဘိုင်းဖုန်းအသုံးပြုမှု လုံလောက်သည့်အခါမှသာ တယ်လီနောက 4GLTE၀န်ဆောင်မှုကို ပေးသွားမည်ဖြစ်ကြောင်းသိရသည်။ 

လက်ရှိတွင် တယ်လီနောက ဆက်သွယ်ရေးစခန်း တစ်ထောင်တည်ဆောက်ပြီးဖြစ်ကြောင်းထုတ်ပြန်ခဲ့ပြီး တစ်လလျှင်စခန်း ပေါင်းသုံးရာမှ လေးရာအထိ တည်ဆောက်သွားနိုင်မည်ဖြစ်သည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကွန်ရက်ဖြန့်ကြက်မှုကို ဆောင်ရွက်သွားမည်ဖြစ်ရာ မြန်မာတစ်နိုင်ငံလုံးတွင




ဆက်သွယ်ရေးစခန်းပေါင်းရှစ်ထောင်ကျော်တည် ဆောက်သွားမည်ဖြစ်ကြောင်း တယ်လီနောမြန်မာကုမ္ပဏီမှ သိရသည်။ တယ်လီနောမြန်မာကုမ္ပဏီက ရန်ကုန်မြို့နှင့် မန္တလေးမြို့တွင်Data Center များတည်ဆောက်ပြီး ဗီဒီယိုနှင့် အသံခေါ်ဆိုမှုများကို စမ်းသပ်ပြီးဖြစ်ရာ စက်တင်ဘာလတွင် မြန်မာနိုင်ငံရှိ မြို့ကြီးများတွင် အဓိကထား၍ 3G မိုဘိုင်းဆင်းမ်ကတ်များ စတင်ရောင်းချပေးသွားမည်ဖြစ်ကြောင်း











Thiha Htike



Ref&Credit : 7Day News Journal
















<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 









**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download