ရန်ကုန်မြို့တွင်ရှိသော
မြန်မာ့ဆက်သွယ်ရေး၏ Data C-enter သုံးခုထဲမှတစ်ခုမှာစက်
ချို့ယွင်းမှုအနည်းငယ်ရှိနေသည့်အတွက် ယခုရက်ပိုင်း၌
ဂျီအက်စ်အမ်မိုဘိုင်းဖုန်းများ မက်ဆေ့ခ်ျပို့ရာတွင် လိုင်းကျပ်သည့်
ပြဿနာများဖြင့် ကြုံတွေ့နေရကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ
သတင်းရရှိသည်။
‘‘စက်ချို့ယွင်းမူ အနည်း ငယ်ရှိတဲ့အတွက် Data Center တစ်ခုက Delay ဖြစ်နေတဲ့အ တွက်ကြောင့် အခုလိုဖြစ်နေတာ ပါ။ သက်ဆိုင်ရာကုမ္ပဏီတစ်ခုကို အမြန်ဆုံးပြန်ပြင်ဖို့တော့ ပြော ထားပါတယ်’’ ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာမှူးဦးအောင်ကျော်သက်ကပြောသည်။
ယခုရက်ပိုင်း၌ ဂျီ အက်စ်အမ်ဖုန်းများဖြင့် မက်ဆေ့ခ်ျပို့ရာတွင် အလွယ်တကူပို့၍ မရဘဲ နှစ်ခါ၊ သုံးခါပြန်ပို့နေရကြောင်း၊ တစ်ခါတစ်ရံတွင် အချိန်အတော်ကြာနောက်ကျပြီးမှ မက်ဆေ့ခ်ျရောက်ရှိကြောင်း မိုဘိုင်းဖုန်းအသုံးပြုသူများထံမှ သိရပြီး ယခုကဲ့သို့ဖြစ်နေသည်မှ ငါးရက်ခန့်ရှိပြီဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတင်းရရှိသည်။
‘‘အခုလိုဖြစ်တာက အသုံး များတဲ့အချိန်မှာ လိုင်းကျပ်လို့ ဖြစ်တာပါ။ စင်တာ သုံးခုရှိတဲ့အထဲက တစ်ခုကဖြစ်တာကြောင့် အကုန်လုံးဖြစ်တာတော့ မဟုတ်ပါဘူး’’ ဟု ဦးအောင်ကျော်သက်က ဆိုသည်။
ရန်ကုန်မြို့တွင် ဂျီအက်စ် အမ်ဒေတာစင်တာသုံးခုရှိပြီး တစ်ခုလျှင် မိုဘိုင်းဖုန်းအလုံး တစ်သန်းကျော် အသုံးပြုလျက်ရှိကြောင်း သတင်းရရှိသည်။
နိုင်ငံတစ်ဝန်း မိုဘိုင်းဖုန်းအသုံးပြုသူ ရှစ်သန်းကျော်ရှိပြီး ရန်ကုန်မြို့မှ မိုဘိုင်းဖုန်း အသုံးပြုသူဦးရေမှာ တစ်နိုင်ငံလုံး၏၆၀ ရာခိုင်နှုန်းခန့်ရှိကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတင်းရရှိသည်။

7Day Daily