ဤတပတ် မှစပြီး ကမ္ဘာ့လူဦးရေ သန်းပေါင်း ၃၀၀၀ လောက် ဟာ တောင်အမေရိက ဘရာဇီးလ် နိုင်ငံမှာ
ကျင်းပ မယ့် ၂၀၁၄ ကမ္ဘာ့ ဖလားကို အင်တိုက်အားတိုက် ကြည့်ကြမှာဖြစ်ပါတယ်။ သည်
အချိန်ဆို မြန်မာ နိုင်ငံ လက်ဖက်ရည်ဆိုင် နဲ့ စားသောက်ဆိုင်တွေမမှာ လည်း မြန်မာ
ရွှေပရိတ်သတ် တွေ တ၀ုန်းဝုန်း နဲ့ အင်တိုက်အား တိုက် ဖြစ် မယ် ဆို တာ
မြင်ရောင်ပါတယ်။ ဒီတော့် ဒီအ ပတ်မှာ ဘရာဇီးလ် နိုင်ငံရဲ့ စီးပွားရေး ဆိုင်ရာ
အခြေအနေနဲ့ မြန်မာနိုင်ငံ အတွက် အကျိုး ရှိမယ့် ဖွံ့ဖြိုးရေး ဆိုင်ရာ
နည်းလမ်းများကို စာဖတ်သူများ အတွက် ဗဟုသုတ အနေ နဲ့တင်ပြလိုက်ပါတယ်။
ဘရာဇီးလ်
စီးပွားအခြေခံ အုတ်မြစ်
ဘရာဇီးလ်နိုင်ငံ ဟာ BRICS လို့ခေါ်တဲ့ Brazil, Russia, India, China, နဲ့
South America ဆိုတဲ့ ကမ္ဘာ့ တက်သစ်စ စီးပွားရေး ဆိုင်ရာ ကွန်ရက် ထဲမှာပါတဲ့
နိုင်ငံဖြစ်ပါတယ်။ သည် ငါးနိုင်ငံကို Economics Blocs လို့လည်းခေါ် ပါတယ်။ ဘရာဇီးလ်
ဟာ Forbes ရဲ့ တွက်ချက် မှု အရ ၂၀၁၂ မှာ
ကမ္ဘာ့စီးပွား ထိပ်သီး အနေနဲ့ နံပါတ် ၆ မှာ ချိတ်ခဲ့ပါတယ်။ တနိုင်ငံလုံး ၀င်ငွေ
အနေနဲ့ တွက်ချက်မယ်ဆိုရင် ၂၀၁၃ နှစ်ချုပ်အရ အမေရိကန် ဒေါ်လာ ၂.၅၃၃ ကဋေ ရှိ ပြီး
နိုင်ငံ ၀င်ငွေဟာ လယ်ယာစိုက်ပျိုးရေး ၅.၅ ရာခိုင်နှုန်း ၊ ထုတ်ကုန် ၂၇.၅
ရာခိုင်နှုန်းနဲ့ ၀န်ဆောင်မှုဆိုင်ရာ
လုပ်ငန်း ၆၆ ရာခိုင်နှုန်းကို အခြေခံ ပြီး ရှင်သန်နေတာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ 2003
ခုနှစ် မှာ ဘရာဇီးလ် ဟာ Land Reform Program ဆိုတဲ့ မြေခြံ လယ်မြေကိစ္စပြုပြင်
ပြောင်းလည်း ရေးကို စလုပ်ခဲ့ပါတယ်။ နိုင်ငံရဲ့ ၅၀ ရာခိုင်နှုန်း ရှိလယ်မြေ
အိမ်ခြံ များကို ၁ ရာခိုင်နှုန်းသာ ရှိတဲ့ အရင်းရှင် များထံမှ ပြည်သူများအားလုံး
အဆင်ပြေအောင် စိုက်ပျိုးရေး နဲ့ အိမ်မြေပိုင်ဆိုင်မှုစနစ်ကို တရားမျှတမှု
နဲ့လုပ်ဆောင်ခဲ့ပါတယ်။ အိမ်ခြံ မြေခြံရှိမှသာ လူတစ်ဦး ရဲ့ သင့်တယ်တဲ့ ရထိုက်မှု နဲ့ လူ့ဂုဏ် ရှိမှာဖြစ်ပါတယ်။ ဒါကို
ကြိုတင် သိထားတဲ့ အစိုးရဟာ လယ်ယာမြေများကို အပိုင်း ပိုင်းခွဲ ဝေပြီး သို့မဟုတ်
အိမ်ခြံ များ ကို ခေတ်မီ တိုက်တာများ အနေဖြင့် အသစ်ဆောက်လုပ်ပြီး ဝေးလံ ခေါင်ပါး နယ်မြေများကို
မြို့သစ်များ အနေနဲ့ တည်ဆောက်ခဲ့ပါတယ်။ ၁၀ နှစ် အတွင်း မှာ ပြောင်းလည်း
မှုတွေလည်းတော်တော်ရှိလာပါတယ်။ စိုက်ပျိုးရေး စနစ်မှ ထုတ်ကုန်များကို ယန္တယားနှင့်
အခြေခံ ပြီး ထုတ်လုပ်ခဲ့ပါတယ်။
ဒီလိုပြုပြင်ပြောင်းလည်းမှု လုပ်တဲ့ အချိန်မှာ အခြေခံ ယေဘူရ ဖြစ်တဲ့ မီး၊
ရေ၊ ကျောင်း၊ ဆေးရုံ နဲ့ လမ်းပန်းဆက်သွယ်ရေး
အခြေအနေများ ကို နိုင်ငံတကာ ဖွံ့ဖြိုးရေး ဆိုင်ရာ လူမှုကွန်ယက်များ နဲ့
ပူးပေါင်းပြီး လုပ်ဆောင်ခဲ့ပါတယ်။
ဘရာဇီးလ်ဟာ သူ့နိုင်ငံမှာ စွမ်းအင် အခန်း ကဏ္ဍကို
ဦးစားပေးထားပြီး လုပ်ဆောင်နေပါတယ်။ သူု့နိုင်ငံမှာ ရှိတဲ့ ချောင်း ရေ
မြစ်များကို အခြေခံ ပြီး Hydropower ကို ထုတ်နေတာဖြစ်ပါတယ်။ လက်ရှိ အခြေအနေ မှာ
၂၆၀၀၀၀ မီဂါဝတ်ကို တစ် နိုင်ငံ လုံးကို ထိန်ထိန် လင်းအောင်ဖြန့်ဖြူးပေးနေတာဖြစ်
ပါတယ်။ ၉၀ ရာခိုင်နှုန်းဟာ ရေ အားလျှပ်စစ်ဖြစ်ပြီး ၁၀ ရာခိုင်နှုန်း ဟာ ကျန်တဲ့
လောင်စာဆီကို အခြေခံတဲ့ စွမ်းအင်မျိုး ဖြစ်ပါတယ်။
Land Reform Program လုပ်ပြီးတဲ့ နောက်ပိုင်း ဘရာဇီးလ် ရဲ့
ဝေးလံခေါင်ပါးတဲ့ ဒေသမှာ ရှိတဲ့ အိုးအိမ်မဲ့ မိသားစု ၁၀ သိန်း ကို အိမ်ခြံ မြေ
များ တရားမျှတစွာ ခွဲဝေပေးခဲ့ပြီး ၁၀ နှစ် အတွင်း အလုပ် သန်းပေါင်း ၂ သန်းကျော်ကို
ဖန်တီး နိုင်ခဲ့ပါတယ်။ ဘရာဇီးလ် ဟာ ကျန်တဲ့ ထုတ်ကုန်များ ဖြစ်တဲ့ ကား၊ လေယာဉ်၊
လျှပ်စစ်ပစ္စည်း၊ လောင်စာဆီ၊ နဲ့
သတ္တုများကို ထုတ်လုပ်ပြီး ၀န်ဆောင်မှု
လုပ်ငန်းများဖြစ်တဲ့ ဟိုတယ် နှင့် ခရီးသွားလာရေးလုပ်ငန်းများ၊ ဘဏ္ဍာရေး လုပ်ငန်းများ ၊ အသေးစား အင်တာနက် အခြေခံ
ဝန်ဆောင်မှု စီးပွား လုပ်ငန်း နှင့် လက်လီ လက်ကားလုပ် ငန်းများကို လည်း အဓိက
ထားပြီးလုပ်ဆောင်နေပါတယ်။ နိုင်ငံရဲ့ ၆၆ ရာခိုင်နှုန်း ၀င်ငွေ ဟာ ၀န်ဆောင်မှု လုပ်ငန်းပေါ် အခြေခံနေပါတယ်။
ရွှေ
မြန်မာအတွက် ကိုက်ညီ တဲ့ သင်ခန်းစာ
တဟုန်ထိုး တိုးတက် ဆဲနိုင်ငံများဖြစ်တဲ့ ဘရာဇီးလ်၊ တောင် အာဖရိက နဲ့ အိမ်နီးချင်း နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှား
များ ဟာ ပြည်သူလူထုအတွက် Land Reform Program ကို ဦးစားပေးပြီး
လုပ်ဆောင်သွားပါတယ်။ နောက်ပြီး စွမ်းအင် နဲ့ ယေဘူယ ဖြစ်တဲ့ အဆာက်အုံ
လမ်းပန်းဆက်သွယ်ရေး တွေမှာ အဓိက ရင်းနှီးမြုပ်နှံသွားပါတယ်။
ဒီကိစ္စတွေအားလုံးတွေမှာ နိုင်ငံ့ စွမ်းအင် နဲ့ သံယာဇာတ ကိုအအခြေခံပြီး
လုပ်ဆောင်သွားတာဖြစ်ပါတယ်။ အတိုက်အခံတော့် ရှိမှာ ပါဘဲ။ တိုင်းသူပြည်သားတွေလည်း
အစိုးရ နဲ့ အတူ နိုင်ငံ့ စီမံခန့်ခွဲမှု Planning မှာ ပါဝင် သွားပါတယ်။ အစိုးရကလည်း
တိုင်းသူပြည်သားများ အတွက် ဦးစား ပေး လုပ်ဆောင်ပေးတယ်ဆိုတော့် ကျန်တဲ့ နိုင်ငံ
တကာ စီပွား ကွန်ရက် များ နဲ့ နိုင်ငံ အသီးသီး ရဲ့ ထောက်ပံ့ မှုကို ရပါတယ်။
ကျွန်တော်တို့မြန်မာပြည် လည်း သည် အခြေအနေကို ခြေလှမ်းစ ရောက် နေဆည်းဖြစ်ပါပြီ။
ပြောင်းလည်းမှု များ တော်တော်ရှိနေပါပြီ။ ဒီထက် မက ပြောင်းလည်း မှု များလည်း
ရှိဖို့လိုပါသေးတယ်။ ရန်ကုန်၊ မန္တလေး လိုမြို့ပြ ကြီးများ မှာ ပြောင်းလည်း သည်သာမ
ကာ နုယ်မြို့များမှာ လည်း ပြည်သူလူထု များ အတွက် ပြောင်းလည်းမှု များ ရှိ
ဖို့လိုပါသေးတယ်။ ဘရာဇီးလ် ရဲ့ ပြောင်းလည်း မှု ဟာ ခြံမြေ ပိုင်ဆိုင်မှု နဲ့
နယ်ရှိ ပြည်သူလူ ထုများ ထုတ်ကုန် များ များ ပြုလုပ် နိုင်ခြင်းဖြစ်ပါတယ်။
တို့
အပြင် Ecommerce နဲံ့ Startups အသေးစား လုပ်ငန်း များ နှင့် လည်း နိုင်ငံ စီးပွား
ကို ချဲ့ထွင် နေပါတယ်။ ယနေ့ ဘရာဇီးလ် မှုာ နံမည် ကြီး Ecommerce များဖြစ်တဲ့ Viajetnet ခေါ် ခရီးသွားလာရေး Booking System နဲ့ Baby ကလေးသုံး ပစ္စည်း များ
ရောင်းတဲ့လုပ်ငန်းများဖြစ်ပါတယ်။ စာရေးသူ အမြင် နဲ့ ပြော ရ ရင် နိုင်ငံ
တစ်နိုင်ငံ တိုးတက်မှု ဟာ Productivity Power ဆိုတဲ့ ထုတ်ကွန် စွမ်းအားပေါ်မှာ
မူတည်ပါတယ်။ မြန်မာပြည် ထုတ်ကုန် အားနည်း ပါသေးတယ်။ ဒါပေမယ့် စိုက်ပျိုးရေး နဲ့
ဝန်ဆောင်မှု ခရီးသွားလာရေးလုပ်ငန်း များ မှာ လုပ်ငန်းများချဲ့ထွင်နိုင် ဖို့နေရာ
တော်တော်များ များ ရှိပါသေးတယ်။ ဒီလုပ်ငန်းတွေကို ထိထိရောက်ရောက် လုပ်ကိုင် လိုပါက
ပြည်တွင်း ငြိမ်းချမ်ရေး ကိစ္စများကို ဦးစွာ အရင်ဖြေရှင်းရမှာ ဖြစ်ပါတယ်။
ပြည်သူလူထု များ အေးချမ်းခြင်း နှင့်လုံခြုံ မှုရမှ သာ အခြား လုပ်ငန်းများ ကို
ထိရောက်စွာ လုပ်ကိုင်နိုင်မှာဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ် ကမ္ဘာ့ကုမ္ပဏီကြီး များကို စီမံခန့်ခွဲရေးနည်းပညာ ပေးဆိုင်ရာ မစ်ကင်ဆီ (Mckinsey Global Institute) မှ လည်း မြန်မာ့စီးပွားရေး ကို ဒီဂျစ်တယ်လို့ခေါ်တဲ့ ဆက်သွယ်ပြန်ကြားရေး နည်းပရိယာယ်ပြောင်းလဲရေး
၂။ အခြေခံ စိုက်ပျိုးရေးစနစ်မှ ထုတ်ကုန်စနစ်သို့ ပြောင်းလဲရေး၊
၃။ နည်းစနစ်ကျ မြို့ပြတည်ဆောက် ချဲ့ထွင်ရေးနဲ့
၎။ နိုင်ငံတကာ စီးပွားရေးကွန်ရက်ဆိုင်ရာနည်းစနစ်များ နဲ့လုပ်ဆာင်သွားဖို့ သုံးသပ်သွားပါတယ်။
စာရေးသူအနေနဲ့တော့် ဒီဂျစ်တယ် ကို အခြေခံတဲ့ လုပ်ငန်းများ လုပ်ဆောင်ခြင်းဖြစ်ပါတယ်။
ယနေ့မြန်မာပြည် အတွင်း ဒီဂျစ်တယ် ကို အခြေခံပြီး အောင်မြင် မှု ရ ရှိနေတာ ကတော့် အိမ်ခြံမြေခြံ၊ တိုက်ခန်းများကို
လွယ်ကူထိရောက်စွာ လုပ်ပေးနေတဲ့ House နှင့်
အချိန် ကုန်သက်သာစွာ Online Shopping လုပ်ပေးနေတဲ့ Omyanmar
များဖြစ်ပါတယ်။ နံလန် ထုစ မြန်မာ
ပြည် ဟာ ၂၀၁၃ မှာ အာဆီယံ အားကစား ပြိုင်ပွဲ ကို ထိရောက် စွာ ဦးဆောင်
လုပ်နိုင်ခဲ့ပါတယ်။ မြန်မာပြည်သူများ ရဲ့ စွမ်းဆောင်မှု ရှိတဲ့ အရည် အချင်း ကို
ပြသတဲ့ အထိမ်းအမှတ် အနေနဲ့လည်းပြောလို့ရပါတယ်။ သည်လို လုပ်နိုင်ခဲ့ တဲ့ မြန်မာပြည်
ဟာ စီးပွားရေး၊ ပညာရေး နဲ့ ဖွဲ့ဖြိုးမှု ကဏ္ဍ ပိုင်းများ မှာ များများ
လုပ်နိုင်ဖို့လို ပါသေးတယ်။ လုပ်နိုင်တဲ့ အရည် အချင်းလည်းရှိပါတယ်။ ၁ လ ကျော်
ကျင်း ပမယ့် ဘရာဇီးလ် ကမ္ဘာ့ဖလား ပြိုင်ပွဲကို ရွှေမြန်မာများ အား တက် တရော
ကြည့်သည့် အတိုင်း မိမိတို့ ရဲ့ ကိုယ်ပိုင် စီးပွား ကဏ္ဍများကို လည်း ပို၍ ထိရောက်
စွာ ချဲ့ လုပ်ကိုင် နိုင်ရန် ရည်ရွယ်လျှက်။
စတီဖင်ဆိုင်း
ဘာလင်