9/19/2016

♪ အခမဲ့ unlimited data အတွက် T-Mobile ကွန်ရက်ကို ဆယ်ကျော်သက်တစ်ဦး ထိုးဖောက်ခဲ့ ♫


ဗားဂျီးနီးယားပြည်နယ် ဖဲဖက်စ်မြို့တွင်နေထိုင်သော အသက် ၁၇ နှစ်အရွယ် ဂျေးကော့ဖ်အာဂျစ်သည် T-Mobile ၏ 4G အင်တာနက်ကို အကန့်အသတ်မရှိ အသုံးပြုနိုင်ရန် ထိုးဖောက်ခဲ့ကြောင်း သိရသည်။

T-Mobile ၏ pre-paid ဆင်းမ်ကတ်များသည် သုံးစွဲသူက Wi-Fi ကွန်ရက်မှ account ကို အသုံးပြုခြင်း သို့မဟုတ် T-Mobile တည်နေရာသို့ မသွားဘဲ ထပ်ဆောင်းဝန်ဆောင်မှုများကို ဝယ်ယူနိုင်ရန် ဒီဇိုင်းထုတ်ထားသည်။ ၎င်းတွင် ပြဿနာတစ်ခုရှိပြီး သုံးစွဲသူ၏ ဝန်ဆောင်မှုသက်တမ်း ကုန်ဆုံးသွားပါက ဝယ်ယူမှု ပြုလုပ်နိုင်ရန် T-Mobile ၏ ကွန်ရက်ကို အသုံးပြုနိုင်သေးသည်။

ထိုဆင်းမ်ကတ်များသည် ဖုန်းများကို အင်တာနက်အသုံးပြုခွင့်ပေးထားသော်လည်း ငွေပေးချေမှသာ အသုံးပြုနိုင်ရန် ပြုလုပ်ထားသည်။ သို့ရာတွင် ဖုန်း၏ pre-paid ကာလကုန်ဆုံးသွားသော်လည်း Speedtest app ကိုအသုံးပြုနိုင်ကြောင်း ဂျေးကော့ဖ်အာဂျစ်က တွေ့ရှိခဲ့သည်။ အာဂျစ်အနေဖြင့် ဝက်ဘ်လိပ်စာအတွင်း “/speedtest” ပါဝင်သော remote server ကိုပြုလုပ်ခဲ့သည်။ ထို server မှ တစ်ဆင့် active မဖြစ်သော ထုတ်ကုန်မှ T-Mobile ၏ 4G ကွန်ရက်ပေါ်တွင် အင်တာနက်ကို လွယ်ကူစွာ အသုံးပြုနိုင်ကြောင်း ၎င်းကတွေ့ရှိခဲ့သည်။

အာဂျစ်မှာ အဆိုပါပြဿနာနှင့်ပတ်သက်၍ T-Mobile ကို ဆက်သွယ်ခဲ့သော်လည်း အကြောင်းပြန်ကြားမှု တစ်စုံတစ်ရာ မရရှိခဲ့ပေ။ ထို့နောက် ၎င်း၏ တွေ့ရှိမှုကို Medium တွင်တင်ခဲ့ပြီး အဆိုပါပြဿနာကို လွယ်ကူစွာ ပြုပြင်နိုင်ကြောင်း အာဂျစ်က ယုံကြည်လျက်ရှိသည်။


Credit to ==> Internet Journal


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com