တန်ဖိုးမြင့်စမတ်ဖုန်းတွေထဲမှာအကြမ်းလည်းခံ၊စမတ်လည်းကျ တဲ့ဖုန်းတစ်မျိုးရှိပါတယ်။ 2016 ခုနှစ် ဖေဖေါ်ဝါရီလမှာမိတ်ဆက်ခဲ့ပြီး မေလ မှာဈေးကွက်ထဲကိုရောက်၇ှိလာတဲ့အမျိုးအစား လည်းဖြစ်ပါ တယ်။ အကြမ်းခံတယ်လို့ပြောလိုက်ရင် သုံးစွဲသူတွေအနေနဲ့ Sony ဖုန်းအမျိုးအစား စမတ်ဖုန်း တွေကိုမြင်ယောင်မိကြပါလိမ့်မယ်။

ခုဖေါ်ပြပေးမယ့်ဖုန်းအမျိုးအစားကလည်းဈေးနှုန်းမြင့်လုပ်ဆောင်ချက်ကောင်း တဲ့ Sony Xperia X ဖြစ်ပါတယ်။မျက်နှာပြင်အကျယ်အ၀န်း ၅.၀ လက်မရှိပြီး IPS LCD capacitive touchscreen ကိုတပ်ဆင်ပေးထားပါတယ်။ ကြမ်းတမ်းတဲ့ဒဏ်ကိုကောင်း  စွာခံနိုင်စေဖို့ Scratch-resistant glass ကိုအသုံးပြုပေးထားပါတယ်။Platform အနေနဲ့ Android OS, v6.0.1 (Marshmallow) ဖြစ်ပြီး နောက်ဆုံးထွက် Version အထိအဆင့်မြှင့်တင် ပေးထားပါတယ်။ Snapdragon 650 Chipset ကိုအသုံးပြုထားပြီး CPU Hexa-core (4×1.4 GHz Cortex-A53 & 2×1.8 GHz Cortex-A72) နဲ့မောင်းနှင်ပေးမှာဖြစ်လို့ ဂိမ်းအမြင့်တွေအပါအ၀င် မြင့်မားတဲ့ လုပ်ဆောင်ချက်တွေကို လည်းကောင်းစွာဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

CPU အားကောင်းကောင်းနဲ့ လည်ပတ်နိုင်စေဖို့ Adreno 510 GPU ကိုလည်းထပ်မံအားဖြည့်ပေး ထားပါတယ်။ ဖုန်းတွင်းမှတ်ဥာဏ် ပမာဏကိုတော့ 32/64 GB, 3 GB RAMဆိုပြီးသတ်မှတ်ပေးထားတဲ့ အတွက် မိမိနှစ်သက်ရာကို ရွေးချယ်နိုင်ပါတယ်။ဖုန်းတွင်းပါမှတ်ဥာဏ်ပမာဏ နဲ့မလုံလောက်ဘူးဆိုရင် အပိုထပ်တိုးမှတ်ဥာဏ် ကတ်ကို 256 GB အထိတိုးမြှင့်ထားနိုင်တဲ့အတွက် ရုံးလုပ်ငန်းဆိုင်ရာ အချက်အလက်တွေက အစကိုယ်ရေးကိုယ်တာ အရေးကြီးအချက်အလက်တွေထိအဆုံး ဒီဖုန်းထဲမှာပဲ သိမ်းဆည်းထားနိုင်ပါတယ်။

ဖုန်းမှာပါတဲ့ကင်မရာပိုင်းကလည်းအလွန်အားရဖို့ကောင်းတယ်။နောက်ဘက်ကင်မရာမှာဆိုရင် 23 MP ရှိပြီးရှေ့ဘက် ကင်မရာကတော့ 13 MP ရှိတဲ့အတွက် ကြည်လင်ပြတ်သားတဲ့ပုံရိပ်တွေကို အကောင်းစားကင်မရာကြီးတွေနဲ့ ရိုက်ကူးနေစရာမလိုတော့ပါဘူး။ ဒီဖုန်းတစ်လုံးရှိရုံနဲ့လုံလောက်နေပါပြီ။ အသံပိုင်းဆိုင်ရာမှာလည်းကြည်လင်ပြတ်သားတဲ့ စတူဒီယိုအသံမျိုးဖြစ်အောင် Loudspeaker ကို တင်ဆင်ပေး ထားတယ်။Network ပိုင်းအနေနဲ့မြန်မာနိုင်ငံကွန်ရက်နဲ့ကိုက်ညီအောင် GSM Network ကိုအသုံးပြု ရမှာဖြစ်ပါတယ်။

ကြိုးမဲ့ချိတ်ဆက် စနစ်တွေဖြစ်တဲ့ WiFi,Bluetooth,NFC, GPSစတဲ့စနစ်တွေ ကို အသုံးပြုနိုင်ပါတယ်။ထူးခြားချက်ကဒီစမတ်ဖုန်းမှာလက်ဗွေရာစနစ်ကို အသုံးပြုလာနိုင်တာပဲဖြစ်ပါတယ်။ လက်ဗွေရာစနစ်ကိုလည်းလက် ၁၀ ချောင်းလုံးနဲ့အသုံးပြုနိုင်အောင် ပြုလုပ်ပေးထားတယ်။ အချိန်ကြာကြာအသုံးပြုနိုင်အောင်လို့ စွမ်းအင်အများဆုံးသိုလှောင်ထားနိုင်တဲ့ Li-Ion 2620 mAh ရှိတဲ့ဘက်ထရီကိုလည်းအသုံးပြုပေးထားတယ်။

အလွယ်တကူဖြုတ်တပ်လဲ လှယ်လို့ရနိုင်တဲ့ဘက်ထရီ အမျိုးအစားတော့မဟုတ်ပါဘူး။ ကာလာတွေအနေနဲ့ ကတော့ White, Graphite Black, Lime Gold, Rose Gold စတဲ့အရောင်တွေရှိပြီး နှစ်သက်ရာကာလာ ကိုရွေးချယ်နိုင်ပါတယ်။