
ဂျာမဏီနိုင်ငံ ဘာလင်မြို့မှာပြုလုပ်နေသည့် IFA
ကမ္ဘာ့အီလက်ထရောနစ်ကုန်စည်ပြပွဲကြီးမှာ Sony မှ၎င်းတို့ရဲ့ထိပ်တန်းစမတ်ဖုန်း
Xperia XZ
ကိုကြေငြာမိတ်ဆက်ပေးခဲ့သည်။ဂျပန်နိုင်ငံအခြေစိုက်အီလက်ထရောနစ်ကုမ္ပဏီကြီး
Sony ရဲ့အကောင်းဆုံးလုပ်ဆောင်ချက်ဖြစ်တဲ့ ကင်မရာအပိုင်းကို Xperia XZ
မှာပိုမိုထင်ပေါ်လာစေဖို့အထူးအားစိုက်ထားတာကိုလည်းတွေ့ရမည်ဖြစ်သည်။ Sony
Xperia XZ သည် 5.2" အရွယ်စမတ်ဖုန်းဖြစ်ပြီး မျက်နှာပြင်အရည်အသွေးမှာ
1080×1920(424 ppi) Full-HD အရည်အသွေးရှိသည်။LCD Display
အမျိုးအစားဖြစ်ပြီး၎င်းပေါ်တွင်အကြမ်းခံမာကျောမှုရှိစေရန် Gorilla Glass 4
ဖုံးအုပ်ထားသည်။

Display
အရည်အသွေးကိုပိုမိုကောင်းမွန်စေရန်နှင့်အလင်းအားထိန်းညှိရန်အတွက် Sony
Triluminos နှင့် X-Reality
နည်းပညာများထပ်မံပေါင်းစပ်ထားသောကြောင့်အရောင်အသွေးနှင့်တိကျသောအရောင်ခွဲခြားနိုင်မှုကို အမြင့်ဆုံးအနေအထားရောက်အောင်လုပ်ဆောင်ထားသည်ကိုတွေ့ရှိရသည်။
Chipset ကို Qualcomm Snapdragon™ 820
အသုံးပြုထားပြီး RAM 3 GB ဖြင့်မောင်းနှင်ထားသည်။

Memory ကို 32GB နှင့် 64
GB ဟု၍ ၂မျိုးခွဲခြားထုတ်လုပ်ထားပြီး MicroSD Card Slot တွင် 256GBထိ
ထပ်တိုးအသုံးပြုနိုင်သည်။ကင်မရာအပိုင်းတွင်ကျောဘက်ပင်မ Camera ကို IMX 300
အမျိုးအစား 23MP တပ်ဆင်ထားပြီး Exmor RS™ mobile
image sensor, Triple Image Sensing technology, Predictive Autofocus
စသည့်နည်းပညာများပေါင်းစပ်ထားသည်။ မျက်နှာပြင်ကင်မရာကို 13 MP
တပ်ဆင်ထားသည်။ ဘေးဘက်တွင် Fingerprint Scanner တပ်ဆင်ထားသည်။USB C type
အားသွင်းစနစ်ကိုအသုံးပြုထားပြီး 2900mAh Battery တပ်ဆင်ထားသည်။

ရေစိမ်ခံစံနှုန်း IP65/IP68 ရရှိထားသောစမတ်ဖုန်းဖြစ်ပြီး Android
Marshmallow ဖြင့်စတင်လည်ပတ်ထားမည်ဖြစ်သည်။အရောင်များအနေဖြင့် Forest Blue ,
Mineral Black , Platinum စသည့်အရောင်များဖြင့်
အောက်တိုဘာလတွင်စတင်ရောင်းချမည်ဖြစ်သည်။ Sony Xperia XZ စမတ်ဖုန်း Deisgn
အနေဖြင့် Classic ရိုးရှင်းသောပုံသဏ္ဍန်ကိုအခြေခံထားပြီး Edge Rounded
အဝိုင်းပုံစံကွေးထားသောမှန်နှင့်body
ကြောင့်ပိုမိုဆွဲဆောင်မှုရှိသည်။ဈေးနူန်းများကိုတော့ကြေငြာသွားခြင်း မရှိသေးပဲ
32 GB (Single SIM) 64GB (Dual Sim ) ဟု၍ ၂ မျိုးခွဲခြားထားသည်။
www.pyaephyo.com