နားကြပ်ပေါက်မပါဝင်တဲ့ iPhone 7 ကို Apple က
မိတ်ဆက်လိုက်ပြီးနောက်မှာတော့ Samsung ကလည်း Apple နဲ့အပြိုင် 3.5mm
နားကြပ်ပေါက်တွေကို ဖြုတ်ပစ်သွားဖို့ စဉ်းစားနေပြီလို့ သိရပါတယ်။
တောင်ကိုရီးယားနည်းပညာကုမ္ပဏီကြီး Samsung ဟာ သာမန် ၃.၅ မီလီမီတာဂျက်ပင်နေရာမှာ ကုမ္ပဏီ ကိုယ်ပိုင်တီထွင်ထားတဲ့နားကြပ်ပေါက်ကို အသုံးပြုသွားမှာဖြစ်ပြီး၊ တခြား Android ဖုန်းထုတ်လုပ်သူတွေဆီကို လိုင်စင်ပြန်လည်ပေးအပ်သွားမှာဖြစ်တယ်လို့ သတင်းရင်းမြစ်တစ်ချို့ကနေ သိထားရပါတယ်။
Samsung အနေနဲ့ ယခုနားကြပ်ပေါက်အသစ်ကို လေ့လာဆဲအဆင့်မှာပဲရှိသေးတယ်လို့ သိရတာကြောင့်၊ မြန်မြန်ဆန်ဆန်မြင်တွေ့ရဖို့တော့ မရှိသေးပါဘူး။
ဒါပေမယ့် တကယ်ထွက်လာမယ်ဆိုရင်တော့ ယခုနည်းပညာသစ်ကို Apple အတွက် လိုင်စင်ပေးသွားဖို့ မရှိတာကြောင့်၊ iOS နဲ့ Android ဖုန်းတွေကြားမှာ ကွာဟမှုတွေ ပိုများလာမှာဖြစ်ပြီး၊ နားကြပ်ထုတ်လုပ်သူတွေ အတွက်လည်း ဆယ်စုနှစ်တော်တော်ကြာတိုင် အသုံးပြုလာတဲ့ 3.5mm audio jack တွေကနေ စွန့်ခွာဖို့အတွက် တော်တော်ပြင်ဆင်ရဦးမှာဖြစ်ပါတယ်။

www.pyaephyo.com