9/19/2016

♪ Samsung Galaxy S8 ကို မျှော်လင့်ထားသည်ထက် စောလျင်စွာ ဖြန့်ချိဖွယ်ရှိ ♫


Samsung သည် Galaxy Note 7 ဘက်ထရီများကြောင့် အခက်အခဲ တွေ့ကြုံရနိုင်သော်လည်း ၂၀၁၇ ခုနှစ်တွင် ထွက်ရှိမည့် ကုမ္ပဏီ၏ စမတ်ဖုန်းသစ်ဖြစ်သော Galaxy S8 နှင့်ပတ်သက်သည့် ကောလာဟလ သတင်းများမှာ ရပ်တန့်သွားခြင်း မရှိပေ။

အသစ်ထွက်မည့် ဟန်းဆက်တွင် dual edge panel တစ်ခုပါဝင်ပြီး screen အရွယ်အစား နှစ်မျိုးဖြင့် တွေ့မြင်ရဖွယ်ရှိကြောင်း သိရသည်။ SamMobile ကမူ Samsung Galaxy S8 ကို ကုမ္ပဏီအတွင်း Dream နှင့် Dream2 ဟူ၍ ခေါ်ဆိုကြောင်း၊ Dream ၏ မော်ဒယ်နံပါတ်မှာ SM-G950 ဖြစ်ပြီး Dream2 က SM-G955 ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ထို့အပြင် Galaxy S8 တွင် Apple ၏ iPhone 7 နှင့် iPhone 7 Plus အတိုင်း ၃.၅ မီလီမီတာ နားကြပ်ပေါက် ပါဝင်လာဖွယ်မရှိကြောင်း Digital Music News မှဖော်ပြခဲ့သည်။ သုံးစွဲသူအများစုသည် iPhone 7 တွင် ၃.၅ မီလီမီတာနားကြပ်ပေါက် ဖယ်ရှားသည့် Apple ၏ ဆုံးဖြတ်ချက်အပေါ် စိတ်ပျက်နေကြပြီး အကယ်၍ Samsung က နားကြပ်ပေါက်ကို ဖယ်ရှားရန် စီစဉ်ခဲ့ပါက အလားတူတုံ့ပြန်ချက်များနှင့် ကြုံတွေ့ရဖွယ်ရှိသည်။

Samsung သည် Galaxy S8 ကို မူလအစီအစဉ်ထက် စောလျင်စွာ မိတ်ဆက်ကြေညာဖွယ်ရှိသည်။ ကုမ္ပဏီအနေဖြင့် Note 7 ကို ပြန်လည်သိမ်းဆည်းခြင်းကြောင့် ငွေကြေးအကုန်အကျပိုများမည်ဖြစ်ပြီး အကယ်၍ Samsung ၏ အထင်ကရ စမတ်ဖုန်းမိတ်ဆက်မှု နှောင့်နှေးခဲ့ပါက လာမည့်နှစ်တွင် မိုဘိုင်းလုပ်ငန်းဌာန၏ အမြတ်ငွေမှာ ဆိုးရွားစွာကျဆင်းဖွယ်ရှိကြောင်း KB Investment & Securities မှ လေ့လာဆန်းစစ်သူ ကင်ဆန်ပြိုက သုံးသပ်ပြောကြားခဲ့သည်။


Credit to ==> Internet Journal

<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com