Pokemon Go ဟာ ကမ္ဘာမှာ လူကြိုက်အများဆုံး ဂိမ်းတစ်ခုဖြစ်လာပါပြီ။ မြန်မာနိုင်ငံမှာလည်း Pokemon Go ကို ရူးရူးမူးမူး ကစားနေကြပါတယ်။ စီးပွားရေးလုပ်ငန်းများက Pokemon Go ကို အမှီပြုပြီး ၀င်ငွေ ရှာဖွေနေကြရတဲ့ အထိတောင် အောင်မြင်နေပါတယ်။ Pokemon Go ဟာ အခြား ဂိမ်းများလို မဟုတ်ဘဲ နေအိမ်ပြင်ပမှာ သွားရောက် ကစားရတဲ့ အတွက် ထူးခြားတဲ့ အတွေ့အကြုံကို ဖန်တီးပေးပါတယ်။ အဲဒါကြောင့်လည်း ကစားသူများက စွဲလမ်းခုံမင်ကြတာ ဖြစ်နိုင်ပါတယ်။ ဒီတစ်ပတ် Mobile Tips ကဏ္ဍမှာတော့ Pokemon Go မှာ လူတွေ သိပ်မသိတဲ့ လျှို့ဝှက်စွမ်းဆောင်ချက်များကို ဖော်ပြပေးလိုက်ပါတယ်။

၁၂။ လှုပ်ခတ်နေတဲ့ သစ်ရွက်များ
မြေပုံပေါ်မှာ လှုပ်ခတ်နေတဲ့ သစ်ရွက်များကို မြင်ရင် ဒါဟာ ပိုကီမွန်များ ရှိနေနိုင်တဲ့ နေရာကောင်းတစ်ခု ဖြစ်နိုင်ပါတယ်။ အာမခံချက်တော့ မရှိပေမယ့် သွားရှာကြည့်သင့်တဲ့ နေရာ ဖြစ်ပါတယ်။

၁၃။ ပိုကီမွန် ဖမ်းစဉ်မှာ အပို XP ကို ရယူပါ။

ဒီနည်းကို အရင်တုန်းက သိပ်မသိကြဘဲ နောက်ပိုင်းကျမှာသာ သိလာကြတာပါ။ မသိသေးတဲ့ လူများအတွက် ရေးပေးလိုက်ပါတယ်။ ပိုကီမွန်ထံ မပစ်ခင်မှာ Poke Ball ကို ဖိထားပြီး စက်ဝိုင်းပုံသဏ္ဍာန် လှည့်ပတ်ပေးပါ။ ဒါဆိုရင် အရောင်လက်တဲ့ အလင်းတန်း ပေါ်လာမှာပါ။ အလင်းတန်းပေါ်လာတာနဲ့ တစ်ပြိုင်နက် လွှတ်လိုက်ပါ။ ဒီနည်းနဲ့ ပိုကီမွန် ဖမ်းမိတဲ့အခါမှာ 50 XP ကို အပိုဆု ရရှိမှာ ဖြစ်ပါတယ်။

13

၁၄။ AR ကို ပိတ်ပါ။
ပိုကီမွန်များကို ပိုမိုလွယ်ကူစွာဖမ်းနိုင်ဖို့ Pokemon Go မှာ AR ကို ပိတ်ထားနိုင်ပါတယ်။ ပိုကီမွန်ဖမ်းရတာ ပိုမို ကောင်းသလို ဘက်ထရီ သက်တမ်း ကြာရှည်စေပါတယ်။ ပိုကီမွန်တစ်ကောင် တွေ့တဲ့အခါမှာ စကရင်ရဲ့ ညာဘက်ထိပ်မှ AR အိုင်ကွန်ကို နှိပ်ပါ။ ဒါပေမယ့် ဒီလိုလုပ်ခြင်းဟာ ဂိမ်းရဲ့ အရသာကို ပျက်စေတဲ့အတွက် သင့်ဖုန်းဟာ ဘက်ထရီ သက်တမ်းကောင်းရင် AR ကို ဖွင့်သင့်ပါတယ်။

၁၅။ သင့်ရဲ့ Coins များကို အကျိုးရှိစွာ သုံးပါ။
Poke Balls များ ၀ယ်ရင်း Coins များကို မဖြုန်းတီးပါနဲ့။ Poke Balls များကို Poke Stop များမှာ အလွယ်တကူ ရရှိနိုင်ပါတယ်။ Poke Balls များကို လိုက်ရှာရတာလည်း ဂိမ်းရဲ့ ပျော်စရာကောင်းတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် Poke Stops တွေဟာ ပုံမှန် Refresh လုပ်ကြတဲ့အတွက် Poke Balls များကို Coins များဖြင့် ၀ယ်စရာ မလိုပါဘူး။ Coins များကို သုံးချင်ရင် XP, Stardust နဲ့ Candy များ ပိုမိုရရှိစေတဲ့ Incense , Lure Modules များကို ၀ယ်ပါ။

၁၆။ Pokemon Eggs များကို လျှင်မြန်စွာ အကောင်ဖေါက်နည်း
ပိုကီမွန် ဥများကို အကောင်ဖေါက်ချင်ရင် မိုင်ပေါင်းများစွာကို လမ်းလျှောက်ရမှာပါ။ အဲဒီအတွက် စက်ဘီးစီးတာဟာ နည်းလမ်းကောင်းတစ်ခုပါ။ ဒါပေမယ့် သူတို့ရဲ့ စနစ်ကို လိမ်လို့မရပါဘူး။ စက်ဘီးကို အလွန်လျှင်မြန်စွာ စီးခြင်း၊ ကားထဲကနေ ကစားခြင်းများအတွက် Progress ကို ထည့်တွက်မှာ မဟုတ်ပါဘူး။ အဲဒီအတွက် စက်ဘီးစီးရင် ဖြည်းဖြည်း မှန်မှန် စီးသင့်ပါတယ်။ ဥတစ်မျိုးစီကနေ ပေါက်လာမယ့် အကောင်များကို လေ့လာချင်ရင် အောက်ပါ ပုံကို ကြည့်ပါ။

16