Pokemon Go ဟာ ကမ္ဘာမှာ လူကြိုက်အများဆုံး ဂိမ်းတစ်ခုဖြစ်လာပါပြီ။ မြန်မာနိုင်ငံမှာလည်း Pokemon Go ကို ရူးရူးမူးမူး ကစားနေကြပါတယ်။ စီးပွားရေးလုပ်ငန်းများက Pokemon Go ကို အမှီပြုပြီး ၀င်ငွေ ရှာဖွေနေကြရတဲ့ အထိတောင် အောင်မြင်နေပါတယ်။ Pokemon Go ဟာ အခြား ဂိမ်းများလို မဟုတ်ဘဲ နေအိမ်ပြင်ပမှာ သွားရောက် ကစားရတဲ့ အတွက် ထူးခြားတဲ့ အတွေ့အကြုံကို ဖန်တီးပေးပါတယ်။ အဲဒါကြောင့်လည်း ကစားသူများက စွဲလမ်းခုံမင်ကြတာ ဖြစ်နိုင်ပါတယ်။ ဒီတစ်ပတ် Mobile Tips ကဏ္ဍမှာတော့ Pokemon Go မှာ လူတွေ သိပ်မသိတဲ့ လျှို့ဝှက်စွမ်းဆောင်ချက်များကို ဖော်ပြပေးလိုက်ပါတယ်။

၈။ အခြားလူများရဲ့ Lures များကို အသုံးချပါ။
Incense လို မဟုတ်ဘဲ Lure Modules များဟာ ဖန်တီးသူ အတွက်သာမဟုတ်ဘဲ အခြားလူများအတွက်ပါ အကျိုးသက်ရောက်ပါတယ်။ Lure ချထားတဲ့ ဧရိယာထဲမှ လူတိုင်းက အကျိုးကျေးဇူးခံစားရမှာပါ။ အခြားလူများ Lure ချထားရင် မြေပုံမှာ ရောင်စုံ စာရွက်အပိုင်းအစများအဖြစ် မြင်ရမှာပါ။ သူငယ်ချင်းများ တစ်ယောက် တစ်လှည့်စီ Lure ချရင်လည်း အကျိုးရှိပါတယ်။ ဒါပေမယ့် သတိထားပါ။ အချို့လူတွေက လုယက်ဖို့အတွက် လူသူကင်းရှင်းတဲ့ နေရာများမှာ Lure Modules များကို ချထားတတ်ပါတယ်။ အန္တရာယ်ကင်းတဲ့ နေရာများမှာသာ အခြားလူများရဲ့ Lure Modules များကို အသုံးချပါ။

၉။ Pikachu ကို ဖမ်းပါ။
Starting Pokemon အဖြစ် Pikachu ကို ရယူနိုင်တဲ့ နည်းလမ်းကောင်းတစ်ခုရှိပါတယ်။ အကောင့်အသစ်တစ်ခု ဖန်တီးပြီး ဂိမ်းစ ကစားတဲ့အခါမှာ Professor က ပထမဆုံး ပိုကီမွန်ကို ဖမ်းဖို့ ပြောမှာပါ။ Bulbasaur, Charmander နဲ့ Squirtle သုံးကောင်ကို ပြသပေးမှာဖြစ်ပါတယ်။ အဲဒီ အကောင်တွေကို မဖမ်းဘဲ ဝေးရာကို ထွက်သွားပါ။ သင့်ဖုန်း တုန်ခါတဲ့ အထိ လမ်းလျှောက်သွားပါ။ နောက်ထပ် Starter Pokemon သုံးကောင် သင့်အနားမှာ ပေါ်လာမှာပါ။ Pikachu မပေါ်မချင်း ဒီလိုလုပ်ပေးပါ။ Pikachu ပေါ်လာရင် Starting Pokemon အဖြစ် ဖမ်းပါ။

၁၀။ ပိုကီမွန်ဖမ်းနည်း
တွေ့သမျှ ပိုကီမွန်တိုင်းကို ဖမ်းမိမယ်လို့ ကျိန်းသေပေါက်ပြောလို့ မရပါဘူး။ အဲဒီအတွက် ဖမ်းလို့ မမိလောက်တဲ့ အင်အားကြီးတဲ့ ပိုကီမွန်များအတွက် Poke Balls များကို မဆုံးရှုံးပါစေနဲ့။ ပိုကီမွန်တစ်ကောင်ကို ဖမ်းဖို့ ပြုလုပ်တဲ့အခါမှာ အရောင် စက်ကွင်းလေးဟာ သေးငယ်လေလေ ၊ ဖမ်းရလွယ်ကူလေလေပါပဲ။ အရောင်စက်ကွင်းဟာ အစိမ်းရောင်ဆိုရင် ဖမ်းရလွယ်တဲ့ အကောင်ဖြစ်ပါတယ်။ အ၀ါရောင်ဆိုရင်တော့ အလွယ်တကူ မဖမ်းနိုင်ပါဘူး။ အနီရောင်ဆိုရင်တော့ ဖမ်းရ ခက်ခဲပါတယ်။

10

၁၁။ နေရာစုံသွားပါ။
သင် အကြိုက်ဆုံး ပိုကီမွန်များကို Evolve လုပ်ဖို့ အမျိုးအစားတူတဲ့ အကောင် များစွာကို ဖမ်းဖို့လိုအပ်ပါတယ်။ ( နည်းလမ်း နံပါတ် ၆ ကို လေ့လာပါ။ ) သင် သွားလာလေ့ရှိတဲ့ နေရာများသာမက အခြား နေရာများမှာလည်း ရှာဖွေသင့်ပါတယ်။ တည်နေရာပေါ် မူတည်ပြီး ပိုကီမွန် အမျိုးအစားများ ကွဲပြားလေ့ရှိလို့ ဖြစ်ပါတယ်။