9/01/2016

♪ OPPO F1s နှင့် Selfie တစ်ခေတ်ဆန်းသစ်မှု ♫

F1s Selfie Revolution

ယခုအခါ ကမ္ဘာ့စမတ်ဖုန်းထုတ်လုပ်သူများတွင် နံပါတ် ၄ နေရာ ရရှိထားသည့် OPPO သည် အကောင်း ဆုံးကင်မရာနည်းပညာကို ကမ္ဘာတစ်ဝန်းရှိ လူတန်းစားအလွှာအသီးသီးအား တွင်တွင် ကျယ်ကျယ် အသုံးပြုစေလိုသည့် ရည်ရွယ်ချက်ဖြင့် အဆင့်မြှင့်တင်ထားသည့် Selfie ဘုရင် F1s ကို သြဂုတ်လ (၁၆) ရက်နေ့တွင် ရန်ကုန်မြို့ရှိ၊ NOVOTEL Hotel ၌မိတ်ဆက်ပေးလိုက်ပြီဖြစ်သည်။
OPPO F1s တွင် 16MP ရှိသည့် ရှေ့ကင်မရာ၊ Beautify 4.0 နည်းပညာ၊ အဆင့်မြှင့်ထားသည့် Screen Flash feature နှင့် ဟန်ပန်အမူအရာ၊ အသံတို့ဖြင့် ထိန်းချုပ်ရိုက်ကူးနိုင်သည့် selfie လုပ်ဆောင်ချက် တို့ပါဝင်ပြီး ဈေးနှုန်းမှာလည်း အလွန်သင့်တော်သောနှုန်းထားဖြစ်သည်။ F1s သည် သုံးစွဲသူများအား ဈေးကွက် အတွင်းရှိ အခြားစမတ်ဖုန်းများနှင့်မတူသည့် သဘာဝဆန်သော လှပသည့် ပုံရိပ်များကို ဝေမျှ စေနိုင်သည်။
OPPO F1s
Selfie ဘုရင်များဖြစ်သည့် F1 နှင့် F1 Plus တို့ကို အောင်မြင်စွာဖြန့်ဖြူးရောင်းချနိုင်ခဲ့မှုကြောင့် တရုတ်၊ အိန္ဒိယ၊ အရှေ့တောင်အာရှနှင့် ကမ္ဘာတစ်ဝန်းရှိ အခြားဒေသများတွင်လည်း Selfie ရိုက်ကျွမ်းကျင်သည့် OPPO ဖုန်းအသုံးပြုသူ ၁၅ သန်းနီးပါး ရှိနေပြီဖြစ်သည်။ ယခုအခါ OPPO သည် အလယ်လတ်တန်းစားဈေးနှုန်းရှိသည့် မိုဘိုင်းဖုန်းတွင် အဆင်မြင့် selfie လုပ်ဆောင်ချက်များကိုထည့်သွင်းပေးထားပြီး အကောင်းတကာ့အကောင်းဆုံး selfie အတွေ့အကြုံများကို ပိုမိုများပြား လာသော မိုဘိုင်းဖုန်း သုံးစွဲသူများထံ ဆောင်ကြဉ်းလာခဲ့ပြီဖြစ်သည်။
F1s Selfie Revolution
Beautify Feature ကို မိတ်ဆက်လိုက်သည့် ပထမဆုံးအမှတ်တံဆိပ်
OPPO မှထုတ်လုပ်လိုက်သည့် စမတ်ဖုန်းများထဲတွင် F1s သည် နောက်ဆုံးပေါ် selfie တစ်ခေတ်ဆန်းသစ်စေရန်အတွက် ထုတ်လုပ်ထားသည့် စမတ်ဖုန်းဖြစ်သည်။
OPPO သည် ၂၀၁၀ ပြည့်နှစ်မှစတင်ပြီး သုံးစွဲသူများအနေဖြင့် ၄င်းတို့၏ လှပသောဓာတ်ပုံများကို သူငယ်ချင်းများနှင့် ဝေမျှရသည်ကိုစွဲမက်နှစ်ခြိုက်ကြကြောင်း တွေ့ရှိခဲ့သော်လည်းထိုအတွက် ဈေးကွက် တွင် ကောင်းမွန်မျှတသော ကင်မရာများ မရှိသေးကြောင်း သတိပြုမိခဲ့သည်။
ထို့ကြောင့် OPPO သည် ၂၀၁၁ ခုနှစ်အစောပိုင်းတွင် U701 ကို မိတ်ဆက်ထုတ်လုပ်ခဲ့သည်။ ထိုမိုဘိုင်းဖုန်းတွင် ကမ္ဘာ့ပထမဆုံး အလှအပပြုပြင်နိုင်သည့်လုပ်ဆောင်ချက်မျိုးတစ်ပါတည်းပါသော ကင်မရာပါဝင်ပြီး သုံးစွဲသူများအနေဖြင့် မျက်နှာတွင် ပုံမှန်ထက် ၀က်ခြံပိုထွက်နေသည့် အချိန်မျိုးတွင်တောင်မှ အကောင်းဆုံးအလင်းရောင်ဖြင့် ဓာတ်ပုံများ ရိုက်ယူနိုင်မည်ဖြစ်သည်။
U701 ၏အောင်မြင်မှုသည် အဆင့်မြင့် Algorithms နှင့် Intelligent Beautification အဆင့် ၇ ဆင့်ထိပါဝင်သည့် Beautify 4.0 ကိုဖန်တီးနိုင်ရန်အတွက် OPPO အားတွန်းအားဖြစ်စေခဲ့သည်။ ထို့အပြင် U701 သည် အောင်မြင်သည့်ဖန်တီးမှုအသစ်များနှင့်ပတ်သက်၍ သုတေသနပြုလုပ်ရန် အခြားအမှတ်တံဆိပ်များကိုပင် နှိုးဆွနိုင်ခဲ့သည်။ ယနေ့တွင် စမတ်ဖုန်းအသုံးပြုသူအများစု အသုံးပြုနေ ကြသည့် Android ဖုန်းများတွင် အလှဆင်လုပ်ဆောင်ချက်များကို ထည့်သွင်းအသုံးပြု နေကြပြီ ဖြစ်သော်လည်း OPPO အနေဖြင့် ၎င်းစတင်ခဲ့သောရေစီးကြောင်းကို ဆက်လက်ဦးဆောင်လျက်ရှိသည်။
Beautify Mode ပါသည့် ကမ္ဘာ့ပထမဆုံး OPPO U701
Beautify Mode ပါသည့် ကမ္ဘာ့ပထမဆုံး OPPO U701
OPPO သည် အရှေ့ကင်မရာ hardware ပိုင်းတွင် ဦးဆောင်လျက်ရှိ
OPPO သည် Beautify ဆန်းသစ်တီထွင်မှုများအပြင် အရှေ့ကင်မရာ hardware ပိုင်းတွင်လည်း ဦးဆောင်နိုင်ခဲ့သည်။ စမတ်ဖုန်းကုန်ပစ္စည်းတင်သွင်းမှုတွင် ဦးဆောင်နေသူများနှင့် ပူးပေါင်းဆောင်ရွက် ကာ စမတ်ဖုန်းကိုအသုံးပြု၍လုပ်ဆောင်နိုင်သည့်အရာများကို ပိုမိုဆန်းသစ်အောင် လုပ်ဆောင်နိုင် ခဲ့သည်။
စမတ်ဖုန်းခေတ်အစကတည်းကပင် OPPO သည် အသုံးပြုသူများလိုအပ်နေသည့် လုပ်ဆောင်ချက် မြင့်မားသောအရှေ့ကင်မရာကို စမတ်ဖုန်းအသုံးပြုသူများထံ ပို့ဆောင်ပေးနိုင်ရန်ကြိုးပမ်းခဲ့သည်။ သာမန်ဖုန်းအရှေ့ကင်မရာသည် 1.2MP သာရှိခဲ့ချိန်တွင် 2MP အရှေ့ကင်မရာကို ပထမဆုံး မိတ်ဆက်ပေးနိုင်ခဲ့သည်။ ထိုအချက်သည် ဖုန်းအဆင့်မြှင့်တင်မှုများထဲမှ တစ်ခုဖြစ်ခဲ့သော်လည်း OPPO အနေဖြင့် ပုံများရိုက်ယူရာတွင် အရှေ့ကင်မရာများကို အနောက်ကင်မရာများနည်းတူ အသုံးပြုကာ ပြတ်သားထင်ရှား လှပသောရုပ်ပုံများကို ရိုက်ယူနိုင်ရန် အဓိကရည်ရွယ်၍ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ဤအမြော်အမြင်ဖြင့်၂၀၁၃ ခုနှစ်တွင် အရှေ့ကင်မရာ၊ အနောက်ဘက်ကင်မရာ အရည်အသွေး 13MP တူညီစွာပါရှိသော N1 ကိုထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် အသုံးပြုသူများ၏ အားပေးမှုကြောင့် လှည့်နိုင်သောကင်မရာကို ပိုမိုသေးငယ်အောင်ဖန်တီးထုတ်လုပ်ထားသည့် N1 mini ကို ထပ်မံထုတ် လုပ်ခဲ့သည်။ N1 ပြီးနောက် အလိုလျောက်လှည့်နိုင်သော 1/2.3 CMOS 16 MP ကင်မရာနှင့် ၎င်းကို ထိန်းညှိနိုင်ရန် အသုံးပြုရလွယ်ကူသောအဝေးထိန်းကိရိယာငယ်တစ်ခုတို့ပါဝင်သည့် အရည်အသွေး အထူးကောင်းမွန်သော N3 ကို ထုတ်လုပ်ခဲ့သည်။၂၀၁၅ ခုနှစ်တွင် ဒီဇိုင်းပိုင်းအထူးလှပမှုရှိပြီး 8MP ရှေ့ကင်မရာပါရှိသော လူကြိုက်များသည့် R7 ကိုထုတ်လုပ်နိုင်ခဲ့သည်။ ၎င်းပြီးနောက် ကြီးမားသောခြေလှမ်းတစ်ရပ်အဖြစ် F1 Plus ကို ၂၀၁၆ ခုနှစ်တွင် ထုတ်လုပ်ဖြန့်ချိခဲ့သည်။ ၎င်းသည် အရှေ့ကင်မရာ 16 MP ပါဝင်သောပထမဦးဆုံးဖုန်းအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ 1/3 လက်မအာရုံခံဆင်ဆာနှင့် f 2.0 အလင်းဝင်ပေါက်တို့ပါသော F1 Plus မှာ “ကမ္ဘာ့အကောင်းဆုံး Selfie ကင်မရာဖုန်း” ဂုဏ်ပုဒ်ကို ကြွေးကြော်ရယူနိုင်ခဲ့သည်။
ပထမဦးဆုံးအလိုအလျောက်လှည့်နိုင်သောကင်မရာပါဝင်သည့် OPPO N3
ပထမဦးဆုံးအလိုအလျောက်လှည့်နိုင်သောကင်မရာပါဝင်သည့် OPPO N3
အထူးကောင်းမွန်သည့် selfie အတွေ့အကြုံများကို သုံးစွဲသူများထံပေးပို့နိုင်စေမည့် တစ်စိတ်တစ်ပိုင်းမှာ မည့်သည့် setting အခြေအနေတွင် တောက်ပစိုပြေသည့် selfie ပုံများရိုက်ယူနိုင်စေရန် သေချာအောင် လုပ်ဆောင်ပေးခြင်းပင်ဖြစ်သည်။ ထို့ကြောင့် အသုံးပြုသူများအနေဖြင့် အလင်းရောင်နည်းချိန် selfie ရိုက်ရန်အတွက် ဖုန်းမျက်နှာပြင်အား Flash မီးအဖြစ် အသုံးပြုနိုင်စေမည့်ကမ္ဘာ့ပထမဦးဆုံး ဖုန်းမျက်နှာပြင် Flash လုပ်ဆောင်ချက်ထည့်သွင်းပေးထားသည့် OPPO R7 ကို ၂၀၁၅ ခုနှစ်တွင် မိတ်ဆက်ခဲ့ပါသည်။ အလားတူလုပ်ဆောင်ချက်ကို နောက်ပိုင်း iPhone 6s တွင် ထည့်သွင်းလာသည်ကို တွေ့ရသည်။
ဤအတောအတွင်းတွင် အသုံးပြုသူများသည် မိတ်ဆွေသူငယ်ချင်းများ၊ မိသားစုများနှင့်အတူ selfie ဓာတ်ပုံရိုက်ကြကြောင်း OPPO က တွေ့ရှိရခြင်းကြောင့် အသုံးပြုသူများအတွက် ဓာတ်ပုံထဲတွင်တစ်ဖွဲ့လုံး ပါဝင်နိုင်မည့်ဖုန်းလောက၏ နောက်ထပ်ပထမဦးဆုံးဖြစ်သည့် ရှေ့ကင်မရာပေါ်တွင် ၈၀ ဒီဂရီ အကျယ် အထိရိုက်ယူနိုင်စေမည့် “golden angle” စနစ်ကို Ulike 2 ဖုန်းတွင် ၂၀၁၃ ခုနှစ်၌ မိတ်ဆက် ပေးခဲ့ပါသည်။ ထို့ပြင် ၎င်း ၈၀ ဒီဂရီသည်လည်း မလုံလောက်သေးသဖြင့် OPPO သည် ပို၍ပင်ကြီးသော အဖွဲ့လိုက်ပုံများရိုက်နိုင်ရန်အတွက် Selfie Panorama မြင်ကွင်းကျယ်လုပ်ဆောင်ချက်ကို မိတ်ဆက် ပေးခဲ့သည်။ တီထွင်ဆန်းသစ်တွေ့ရှိမှုဖြစ်သော Beautify Mode ကိုတစ်ပါတည်းထည့်သွင်းပေးထားခြင်းမှ ရုပ်ထွက်အရည်အသွေးမြင့်မားပြီး လှည့်နိုင်သောကင်မရာများအထိ OPPO သည် ကမ္ဘာ့အကောင်းဆုံး Selfie ဘုရင်ဖြစ်လာစေရန်အားထုတ်ကြိုးပမ်းမှုကို လျှော့ချခဲ့ခြင်းမရှိခဲ့ပေ။ အခုအခါတွင် အသစ်စက်စက် F1s နှင့် ၄င်း၏ထူးခြားသာလွန်ကောင်းမွန်သည့် Beautify 4.0 စနစ်ထည့်သွင်းထားသော 16MP ရှေ့ ကင်မရာထွက်ပေါ်လာခြင်းနှင့်အတူ OPPO အနေဖြင့် Selfie ဘုရင်ဂုဏ်ပုဒ်ကို အားထုတ်ရယူပြလိုက် ပြန်ပြီဖြစ်သည်။
OPPO အပြည်ပြည်ဆိုင်ရာ မိုဘိုင်းလ်ဖုန်း လုပ်ငန်း၏ ဒုတိယဥက္ကဋ္ဌနှင့် စီမံအုပ်ချုပ်မှုဒါရိုက်တာ Sky Li က “OPPO အနေနဲ့ ကျွန်တော်တို့ရဲ့ အသုံးပြုသူတွေကို ပိုပြီးနားလည်နိုင်အောင်အမြဲကြိုးစားနေပါတယ်။ ပြီးတော့ OPPO ကနေထုတ်လုပ်တဲ့ စမတ်ဖုန်းမှာပါရှိတဲ့ ကင်မရာတွေဟာ အရည်အသွေးကောင်းမွန်မှုမှာ အခြားဖုန်းတွေထက် အမြဲခြေတစ်လှမ်းသာနေစေဖို့အတွက် ကျွမ်းကျင်ပညာရှင်တွေရဲ့ အကူအညီနဲ့ မိုးဘိုင်းပစ္စည်းတင်သွင်းမှုမှာ ဦးဆောင်သူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့အတူ ကြိုးစားနေပါတယ်” ဟု ထုတ်ဖော်ပြောဆိုသွားခဲ့သည်။
OPPO Ulike 2 ၈၀ ဒီဂရီ “golden angle”


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com