လူကြီးမင်းဖုန်းဆိုင်ကို ၂၀၀၆ ခုနှစ် စက်တင်ဘာလမှစတင်ခဲ့ပြီး မိုလ်ဘိုင်းဖုန်းနှင့်ပတ်သက်သော ဝန်ဆောင်မှုများပေးခြင်း၊ မိုလ်ဘိုင်းဖုန်းများ ရောင်းချပေးခြင်း၊ နည်းပညာများကို သုံးစွဲသူများထံ ဖြန့်ဝေပေးခြင်း၊ မိုလ်ဘိုင်းဖုန်း software ထည့်သွင်းခြင်း နှင့် hardware ပြုလုပ်ပေးခြင်း တို့ကို မြို့ကြီးများနှင့် မြို့နယ်များတွင် ဆိုင်ခွဲများဖွင့်လှစ်ပြီး ဝန်ဆောင်မှုပေးလျှက်ရှိပါသည်။

ယခုအခါ အဆိုပါ ဝန်ဆောင်မှုများအပြင် lugyimin.com ဝက်ဘ်ဆိုက်မှ လွယ်လွယ်ကူကူဖြင့် အချိန်ကုန်၊ လူပင်ပန်းသက်သာစွာ အွန်လိုင်းမှ တစ်ဆင့် စမတ်ဖုန်းနှင့် အခြားဆက်စပ်ပစ္စည်းများကို ဝယ်ယူနိုင်မည်ဖြစ်ကြောင်းသိရသည်။ lugyimin.com ဝက်ဘ်ဆိုင်တွင် Apple, Samsung, Huawei, Oppo, Vivo စတဲ့ စမတ်ဖုန်း အမှတ်တံဆိပ်မျိုးစုံတို့ကို ပစ္စည်းမှန်၊ ဈေးနှုန်းမှန်ဖြင့် ဝယ်ယူနိုင်မှာဖြစ်ပြီး ၂၄ နာရီအတွင်း အခမဲ့ အိမ်အရောက်ပို့ဆောင်မှုစနစ်ဖြင့် ဝန်ဆောင်မှုပေးသွားမှာဖြစ်ပါတယ်။ ငွေပေးချေမှုစနစ်အနေနဲ့ ပစ္စည်းရောက်မှငွေပေးချေမှု (Cash on delivery ) အပြင် အွန်လိုင်းပေးချေမှုစနစ်ဖြစ်တဲ့ Visa, Master Card, MPU တို့ဖြင့်လည်း ပေးချေနိုင်မှာဖြစ်ပါတယ်။ ဒ့ါအပြင် KBZ Bank, AGD Bank, CB Bank နှင့် AYA Bank တို့မှလည်း ငွေလွှဲ၍ ပေးချေနိုင်ကြောင်းသိရပါသည်။ အရစ်ကျ အနေဖြင့် ၆ လ၊ ၉ လ၊ ၁၂ လ ဖြင့်ဝယ်ယူနိုင်တဲ့ စနစ် အမျိုးမျိုးတို့ကို ရွေးချယ်နိုင်မည့်အပြင် ပေးသွင်းရမယ့် လစဉ်ကြေးတွေကိုလည်း ဝက်ဘ်ဆိုက်မှာ တစ်ခါတည်း တွက်ကြည့်နိုင်မှာဖြစ်ကြောင်းသိရပါတယ်။

lugyimin.com ဝက်ဘ်ဆိုက်ကို စတင်ခဲ့တဲ့ အဓိက ရည်ရွယ်ချက်ကတော့ လူကြီးမင်းဖုန်းဆိုင်မှာ လက်ရှိ ဝယ်ယူအားပေးနေကြတဲ့ မိတ်ဟောင်း၊ မိတ်သစ်များကို အချိန်ကုန်၊ လူပင်ပန်းသက်သာစေရန်အတွက် အွန်လိုင်းမှ လွယ်လွယ်ကူကူ ဈေးဝယ်မှုစနစ်တစ်ခုအနေနဲ့ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ စက်တင်ဘာလ ၁ ရက်နေ့မှ စပြီး အော်ဒါများကို စတင်လက်ခံသွားမှာပါ။ လောလောဆယ် ရန်ကုန်မြို့ကိုပဲ ၂၄ နာရီအတွင်း အခမဲ့ပို့ဆောင်မှု စနစ်ကို စတင်လုပ်ဆောင်သွားမှာပါ။ Promotion အနေနဲ့ စက်တင်ဘာလအတွင်း lugyimin.com မှာ Register ပြုလုပ်သူတွေကို ဖုန်း၊ Power Bank၊ Gift Coupon၊ Phone Prepaid Card စတဲ့  ဆုမဲပေါင်း ၁၀၀ ကျော်မဲဖောက်ပေးသွားမှာဖြစ်ပါတယ် ” ဟု လူကြီးမင်း၏ Director ဖြစ်သူ ကိုစည်သူမှ ပြောကြားသွားပါတယ်။ အခမဲ့ ပို့ဆောင်ပေးတဲ့ မြို့နယ်တွေကတော့ လသာ၊ လမ်းမတော်၊ ကျောက်တံတား၊ ကမာရွတ်၊ အလုံ၊ ဒဂုံမြို့သစ်အရှေ့ပိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ ရန်ကင်း၊ ဒေါပုံ၊ ဗိုလ်တထောင်၊ လှိုင်သာယာ၊ လှိုင်၊ အင်းစိန်၊ ကြည့်မြင်တိုင်၊ မင်္ဂလာဒုံ၊ မင်္ဂလာတောင်ညွန့်၊ မရမ်းကုန်း၊ ဗဟန်း၊ မြောက်ဥက္ကလာ၊ တောင်ဥက္ကလာ၊ ပန်းပဲတန်း၊ ပုဇွန်တောင်၊ စမ်းချောင်း၊ သင်္ဃန်းကျွန်း၊ သာကေတ၊ ရွှေပြည်တော်၊ သန်လျင်၊ တာမွေ၊ ဒဂုံ စတဲ့ ရန်ကုန်မြို့ရှိ မြို့နယ်ပေါင်း ၃၀ အတွင်းကို ပို့ဆောင်ပေးသွားမှာဖြစ်ပါတယ်။

lugyimin.com ဝက်ဘ်ဆိုက်နှင့် ပက်သက်ပြီး အခြားသိလိုသည်များကို ရုံးချိန်အတွင်း တနင်္လာ နေ့ မှ သောကြာနေ့ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ လူကြီးမင်း ဖေ့စ်ဘုတ် (သို့) ဖုန်းနံပါတ်  09 77 9999 277, 09 453344800 သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်။