9/14/2016

♪ " အင်တာနက်ကို Offline သုံးသည့်အခါ " ဆောင်းပါးရှင် - ဧဧသက် (ဖြိုးဓနဒစ်ဂျစ်တယ်ဓာတ်ပုံ) ♫


အင်တာနက်ဆိုသည်မှာ လိုင်းချိတ်ထားမှ သုံး၍ရသော အရာဖြစ်သည်။ Webpage များသိမ်းထားပြီး ပြန်ခေါ်ကြည့်လျှင် Offline ကြည့်၍ရသော နည်းလမ်းရှိသည်။ သို့သော် အချို့ browser များတွင် Offline ဟူသော mode ရှိသည်။ ထို mode ဖြင့် အချို့သော web content များကို Offline ကြည့်ကြပါမည်။

* Chrome Browser *
Chrome Browser တွင် Offline mode က built in ပါဝင်ပြီး ဖြစ်သည်။ သို့သော် အကြောင်းမသိလျှင် မည်သည့်နေရာ၌ ရှာရမှန်းပင်သိမည် မဟုတ်။ Offline mode ကို activate လုပ်ရန် ဦးစွာကြိုးစားကြပါမည်။ ထိုသို့ပြုလုပ်ရန် Chrome browser ကို ဦးစွာခေါ်တင်ပါမည်။ ပြီးလျှင် address bar နေရာ၌ Chrome://flags ကို ရိုက်ထည့်ပြီး enter ခေါက်ပါမည်။ Show saved copy button entry ကို ရှာပါမည်။ ပြီးလျှင်ကျလာသော drop-down menu မှနေ၍ Enable : Primary ကို ရွေးပါမည်။ ပြီးလျှင် Relaunch now ကို ရွေးချယ်ပြီး chrome ကို restart လုပ်ပါမည်။

နောက်အချိန်တွင် အင်တာနက်အသုံးပြုသူ Offline ၌ရှိနေသည့်အခါ ယခင်သွားခဲ့ဖူးသော Website ကို ပြန်ကြည့်ရန်ကြိုးစားနိုင်သည်။ ထိုကိစ္စအတွက် show saved cpoy button ကို တွေ့အောင်ရှာရပါမည်။ ယင်း button ကို ကလစ်နှိပ်လိုက်လျှင် Chrome သည် Cache ထဲတွင် သိမ်းဆည်းထားသော ယခင် Website အဟောင်းကို ဆွဲတင်လာပါမည်။ ထိုသို့အသုံးဝင်မှုရှိသည့်အတွက် Offline mode ကိုသုံးမည်ဆိုလျှင် Windows built in tool ဖြင့်ဖြစ်စေ C Cleaner ဖြင့်ဖြစ်စေ Cache ကိုရှင်းထုတ်လိုက်လျှင် webpage များကို browser က ပြန်လည်ခေါ်တင်နိုင်သည့် အခွင့်အရေးဆုံးသွားပါမည်။ Offline ကြည့်ခြင်းနှင့် saved page ကြည့်ခြင်း၏ ကွာခြားချက်မှာ Offline mode သည် အမြဲတစေ webpage အင်္ဂါအပြည့်အစုံကို ကြည့်နိုင် ခြင်းဖြစ်ပါသည်။

Offline mode ကိုသုံးသည့်နည်းတူ Offline Auto-Reload mode ကို အသုံးပြုခြင်းသည်လည်း အကျိုးရှိပါ သည်။ ယင်း mode သည်လည်း chrome browser တွင် built-in ပါဝင်လာပါသည်။ ယင်းကိုလည်း Chrome flags မှတစ်ဆင့်သွားနိုင်ပါသည်။ ထိုအခါတွင် browser ပြန်ဖွင့်လိုက်ပါက offline load မပေးနိုင်သော webpage များ အလိုအလျောက် တက်လာပါမည်။ reloaded page များ အလွန်တရာရှုပ်ပွနေခြင်းမှ ကာကွယ် ရန် only Auto-Reload Visible tabs ကို ရွေးချယ်ပေးထားရပါမည်။

* Firefox *
Chrome မှာကဲ့သို့ပင် Firefox သည်လည်း webpage များကို cache ထဲတွင် သိမ်းဆည်းထားနိုင်သည်။ ထိုသို့ သိမ်းဆည်းထားသော web-page များကိုပြန်လည်ဆွဲတင်ပြီး မူရင်းအတိုင်းပြသပေးနိုင်သည်။ Work Offline mode ကို on ထားမည်ဟုဆိုလျှင် အင်တာနက်ပိတ်လိုက်ချိန်၌ပင်လျှင် ယခင်သွားခဲ့ဖူးသော webpage များကို မူရင်းအတိုင်း ကြည့်နိုင်ပါသည်။ ယင်း mode ကို on မည်ဟုဆိုလျှင် browser ၏ အပေါ်ညာဘက် ထောင့်တွင်ရှိသော မျဉ်းကြောင်းသုံးကြောင်းထပ်ထားသည့် button တွင် ခလုတ်နှိပ်ပါ။ ပြီးလျှင် developer button ကို ရှာ၍ ကလစ်နှိပ်ပါ။

Menu ဖွင့်လာလျှင်အောက်ခြေပိုင်းတွင် Work offline ဟူသော option ကို တွေ့ရပါမည်။ Offline ၌ ရှိနေချိန်တွင် ယင်း option ကို ရွေးချယ်ပါ။ မိမိယခင်က ဝင်ထွက်သွားလာဖူးသော website ရှိသည့်အခါ ယင်းကို Firefox က သိမ်းဆည်းထားသည့် မူရင်းပုံစံအတိုင်းပြသပေးပါမည်။ ထိုသို့ webpage များကို offline ပြန်ခေါ်တင်မည်ဆိုလျှင် cache က အရေးကြီးပါသည်။ Firefox ၏ offline mode ကိုအသုံးပြုမည်ဟု စိတ်ကူး ရှိပါက Chrome browser မှာကဲ့သို့ပင် browser cache များကို ရှင်းလင်းမပစ်ရန် လိုအပ်ပါသည်။

* Wikipedia *
Wikipedia သည် အသေးစိတ်နှိုက်နှိုက်ချွတ်ချွတ်ရေးထားသော ဗဟုသုတဖြစ်ဖွယ် ဆောင်းပါးသန်းချီ၍ စုဝေးတည်ရှိသည့်နေရာဖြစ်သည်။ မည်သည့်ပညာရပ်နှင့်သက်ဆိုင်သည်ဖြစ်စေ မိမိလိုသောအကြောင်းအရာတစ်ခု ကို ရှာမတွေ့ဆိုသည်မှာ အလွန်ရှားသည်။ Android အတွက် ပေးထားသော အွန်လိုင်းစွယ်စုံကျမ်း Android Wikipedia app နောက်ဆုံးထွက် version တွင် ဆောင်းပါးများကို သိမ်းဆည်းထားနိုင်သော save option ကို ထည့်ပေးထားပါသည်။ ယင်းက မိမိ offline ဖတ်ရှုလိုသော ဆောင်းပါးများကို offline ပြန်လည်ဖတ်ရှုနိုင်ရန် သိမ်းထားခွင့်ပြုပါသည်။ Download ချသည့်သဘောဖြစ်ပါသည်။

ရိုးရိုး download နှင့် ကွာခြားသည့်အချက်မှာ ဆောင်းပါးများအား သက်ဆိုင်ရာဘာသာရပ်အလိုက်တစ်စု တစ်စည်းတည်း သိမ်းဆည်းထားနိုင်ခြင်းဖြစ်ပါသည်။ Reading list ခေါင်းစဉ်ဖြင့် သိမ်းဆည်းထားနိုင်သော အကြောင်းအရာများတွင် Technology, Entertainment history နှင့် အခြား ခေါင်းစဉ်များစွာ ပါဝင်ပါသည်။ ထို့ကြောင့် ယာဉ်ကြောကြပ်၍ ကားပေါ်တွင်ပိတ်မိနေသည့်အခါတွင်ဖြစ်စေ၊ မိုဘိုင်းဖုန်းလိုင်းမမိ၍ အင်တာ နက်မရသည့်အခါဖြစ်စေ ပျင်းရိနေရန် အကြောင်းမရှိတော့ပါ။ Andorid ဖုန်းထဲမှမိမိစိတ်ဝင်စားသည့် Wikipedia ဆောင်းပါးတစ်ပုဒ်ကို ကောက်ဖတ်နေရုံသာရှိပါတော့သည်။

* Andorid *
မိမိ၏ Android ဖုန်း (သို့မဟုတ်) တက်ဘလက်ထဲတွင် Webapge များအား သိမ်းဆည်းဖတ်ရှုရေးသည် browser တိုင်းတွင် အခွင့်အလမ်း မရှိပါ။ အင်တာနက်ကနှေးပြီး လိုင်းမငြိမ်သည့်အခါ webpage များကို တွေ့ရဖို့ ခက်ခဲပါသည်။ Webpage များကို သိမ်းပြီးကြည့်လိုလျှင် Opera နှင့် Opera mini browser များရှိသည်။ ယင်းအပြင် Webpage များကို offline တွင်ဖတ်ရှုနိုင်ရန် offline browser ကလည်း အထောက် အကူပေးနိုင်သည်။

Offline browser ကိုအသုံးပြုရသည်မှာ အလွန်လွယ်သည်။ ယင်း app က တောင်းဆိုသည့် permission ထဲတွင် မိမိ၏ Photo, media နှင့် ဖိုင်များအား access လုပ်ခွင့်ပါဝင်သည်။ ယင်းမှာလည်း အွန်လိုင်း content များကို မိမိ device ထဲတွင် နေရာတကျ သိမ်းဆည်းပေးနိုင်ရန်အတွက်သာ ဖြစ်ပါသည်။ ယင်း app က နောက်မှလိုက်ပြီး သိမ်းဆည်းပေးမည့် link အရေအတွက်ကို မိမိက ရွေးချယ်နိုင်သည်။ မိမိ၏ data ပမာဏကို ချွေတာနိုင်ရန်အတွက် ယင်းသည်ကြော်ငြာများ၊ ဗီဒီယိုများနှင့် social media widget များကို download တွင် ချန်လှပ်ထားခဲ့ပါမည်။ သက်ဆိုင်ရာဆောင်းပါးနှင့် သက်ဆိုင်ရာပုံများကိုသာ သိမ်းဆည်းပေးပါမည်။

Offline browser ကိုသုံးမည်ဆိုလျှင် ယင်းကို Android ဖုန်း (သို့မဟုတ်) တက်ဘလက်တွင် intstall လုပ်ပြီးနောက် ခေါ်တင်ရပါမည်။ မည်သည့် အရာကိုမှ သိမ်းထားခြင်းမရှိသေးသဖြင့် blank screen ကို မြင်ရပါမည်။ အစိမ်းရောင်+လက္ခဏာလေးအား နှိပ်လိုက်ပါက မိမိ offline ကြည့်လိုသော webpage ကို ပေါင်းထည့်ပေးပါမည်။ မိမိသိမ်းလိုသော page လိပ်စာကို ရိုက်ထည့်ပေးပါ။ ပြီးလျှင် ခေါင်းစဉ်အမည်တစ်ခုပေးပါ။ Image များထည့်ပြီး သိမ်းမည်၊ မသိမ်းမည်ကို ရွေးပေးပါ။ Link မည်မျှအထိ တစ်ပြိုင်တည်းချိတ်ပြီး သိမ်းမည်ကို ရွေးပေးရပါမည်။ အမြန်နှုန်းကောင်းလျှင် Link အများဆုံး ငါးခုအထိ ရွေးခြင်းက download မြန်စေပါသည်။ ပြီးလျှင် အစိမ်းရောင်ဖြင့် ပေါ်လာသော save ကို နှိပ်ပေးရပါမည်။ မိမိသိမ်းလိုသော website တိုင်းအတွက် တစ်ကြိမ်စီ ဤသို့ပြုလုပ်ပေးရန် လိုပါသည်။

NetGuide Journal (Every Wedneday)
https://www.facebook.com/officialnetguidejournal




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com