9/04/2016

♪ Messenger Update မှာ Instant Video Feature ပါဝင်လာ ♫


Facebook ရဲ့  Messenger နောက်ဆုံးထွက် Update မှာ Facebook ပေါ် Live Video တင်သလို စကားပြောနေရင်းနဲ့ Instant Video ရိုက်ပြီး ပို့လို့ရတဲ့ Feature အသစ်တစ်ခု ပါဝင်လာပါပြီ ။

(၂၀၀၄) ခုနှစ်မှာ Facebook ကို တည်ထောင်ခဲ့ပြီး (၄) နှစ်အကြာ (၂၀၁၁) ခုနှစ်မှာ Messenger ကို မိတ်ဆက်ပေးခဲ့ပါတယ် ။ Facebook User အချင်းချင်း အလာပ သလာပ ပြောဖို့ ၊ ဆွေးနွေးဖို့ ၊ ငြင်းခုန် ဖို့နဲ့ အချက်အလက်တွေ မျှဝေ ဖို့အတွက် Messenger ဟာ အတော်လေးကို အသုံးဝင်ခဲ့ပြီး ယနေ့ထက်တိုင် အသုံးဝင်လျက်ရှိပါတယ် ။ Facebook အနေနဲ့ Messenger ကို ပိုမိုးတိုးတက်ကောင်းမွန်စေမယ့် Update တွေအများကြီးပြုလုပ် ခဲ့ပြီး (၂၀၁၅) ခုနှစ်မှာ လူအများ မျှော်လင့်တောင့်တနေတဲ့  Video Calling Feature ကိုထည့်သွင်းပေးခဲ့ပါတယ် ။ အခုထပ်မံထွက်ရှိလာတဲ့ Instant Video Feature ကတော့ Video Calling ထပ် ပိုမို အဆင်ပြေချောမွေ့စေမှာဖြစ်ပါတယ် ။

စာရိုက်ပြီးစကားပြောနေရင်းနဲ့ Live Video ပို့ပြီး စကားပြောနိုင်ပါတယ် ။  ဥပမာအားဖြင့် တစ်စုံတစ်ယောက်အတွက် ဖိနပ်သွားဝယ်ပေးတဲ့ အခါ သူကြိုက်တဲ့ ဒီဇိုင်းကို ရွေးခိုင်းဖို့ အတွက် ဆိုင်မှာရှိတဲ့ ဖိနပ်တွေကို Live Video လေး ရိုက်ပြပြီး ရွေးခိုင်းလို့ရပါတယ် ။ Video Calling ထက် သာမက ဓာတ်ပုံ ပို့တာထက်တောင် ပိုမိုမြန်မြန်ဆန်ဆန် မြင်စေနိုင်မှာဖြစ်ပါတယ် ။ စာရိုက်လို့ မလွယ် ၊ စကားပြောလို့ မလွယ်တဲ့ အနေအထားမျိုး မှာ Instant Video လေးပို့ပြီး အခုရောက်ရှိနေတဲ့ နေရာ နဲ့ အခြေအနေကို ပြသလို့ ရစေမှာဖြစ်ပါတယ် ။

Android အတွက် ရော iOS အတွက်ပါ ထွက်ရှိတာဖြစ်ပြီး အသုံးပြုမယ်ဆိုရင်တော့ သင်ရော သင့် သူငယ်ချင်းပါ messenger နောက်ဆုံး update ရှိနေရပါမယ် ။ Messenger ရဲ့  ညာဘက်အပေါ်ထောင့်မှာ ရှိတဲ့ Video Icon လေးကို နှိပ်ပြီး Real-Time Video တွေကို ပို့လို့ရပါပြီ ။ များသောအားဖြင့် အသံမလိုအပ်တဲ့အတွက် Default အနေအထားမှာ အသံကိုပိတ်ပေးထားပါတယ် ။ သင်ဆန္ဒ ရှိရင် Tap တစ်ချက်နဲ့ ဖွင့်နိုင်ပါတယ် ။ Facebook အနေနဲ့ User တွေ ရဲ့  လက်တွေ့  ပြဿနာတွေကို ဖြေရှင်း ပေးနိုင်ဖို့ နေ့စဉ် ကြိုးစားအားထုတ်နေတာဆိုတာကို သိသာစေမယ် နောက်ထပ် ဥပမာတစ်ခု ဖြစ်လာနိုင်ပါတယ် ။


Credit to ==> Digital Times
 


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com