
မိုဘိုင်းဈေးကွက်မှာ အထင်ကြီးစရာကောင်းတဲ့ရလဒ်တွေ ပိုင်ဆိုင်ထားတဲ့ Apple iPhone product တွေဟာဆိုရင် လူကြိုက်လည်းများပါတယ်။ အားပေးသူပရိသတ်အများကြီးရရှိနေတဲ့ iPhone ပုံစံ စမတ်ဖုန်းကို တံဆိပ်မျိုးစုံနဲ့တူညီအောင်
ဖန်တီးထုတ်လုပ်ကြပေမယ့် တကယ့်အစစ်အမှန် iPhone နဲ့တော့ တစ်ထပ်တည်းကျ
တူညီစရာအကြောင်းမရှိပါဘူး။ ဒါပေမဲ့လည်း Meizu ဟာ Pro 6 ရဲ့ ဒီဇိုင်းကအစ
iPhone တစ်လုံးအလား လုံးဝတူညီနေအောင်
ဖန်တီးပေးနိုင်ခဲ့တာ ချီးကျူးစရာကောင်းပါတယ်။
ဒီဇိုင်းကစတင်ပြီး function, Android based platform တို့ကြောင့် Pro 6 ကို iPhone ကိုယ်ပွားအဖြစ် သတ်မှတ်ချင်သတ်မှတ်လို့ရပါတယ်။
Apple ရဲ့ iPhone နဲ့ တူနိုင်သလောက်တူအောင် ပြုလုပ်ခဲ့တာကြောင့် 3D Touch
လိုမျိုး Force Touch ကို Pro 6 မှာသုံးနိုင်မှာဖြစ်ပါတယ်။ Meizu Pro 6 ဟာ
Dual-SIM အမျိုးအစားဖြစ်ပြီး Fingerprint Scanner ဟာ နောက်ကျောမှာမဟုတ်ဘဲ
home ခလုတ်မှာ ထည့်ပေးထားပါတယ်။ အရင် Pro series တွေအတိုင်း
ပိုမိုကောင်းမွန်တဲ့ feature တို့ Pro 6 မှာ ဆက်လက်ပါရှိပြီး ကင်မရာအတွက်
laser-guided autofocus စနစ်၊ LED မီး ၁၀ လုံးတို့နဲ့ ရိုက်ကူးနိုင်အောင်
စီစဉ်ထားပါတယ်။
" Design & Build "
လူကြိုက်များတဲ့ Apple iPhone ဒီဇိုင်းတွေကိုမှီငြမ်းပြီး အခုနောက်ပိုင်းမှာ ထွက်ရှိလာတဲ့ စမတ်ဖုန်းတွေကို တီထွင်ဖန်တီးပေးနေတာ တော်တော်များများတွေ့ရပါတယ်။ Meizu ကနေ ထွက်ရှိထုတ်လုပ်ခဲ့ပြီးသား ဖုန်းတွေဟာလည်း iPhone ဒီဇိုင်းနဲ့ခပ်ဆင်ဆင်တူညီပြီး
Pro6 ကိုလည်း ထူးခြားနေအောင် ကြိုးစားတီထွင် ပေးထားပါတယ်။ Pro 6
ကိုယ်ထည်ကို သတ္တုနဲ့တည်ဆောက်ထားပြီး unibody ဒီဇိုင်းအပြင် Pro 6 ကို
အရည်အသွေးမြင့်အဆင့်အတန်းရှိတဲ့ ဖုန်းတစ်လုံးပုံစံပေါ်လွင်လာအောင် အလူမီနီယမ်ကို အသုံးပြုတည်ဆောက်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
ဖုန်းမှာ လေးထောင့်ခပ်ကျကျ ဘေးထောင့်တွေ မပါရှိဘဲ ဘေးဘောင်တစ်လျှောက်ကို
ကွေးထားပါတယ်။ Pro 6 ရဲ့ ကျောဘက်အပေါ်ပိုင်းနဲ့ အောက်ခြေတို့မှာ
အင်တာနာကိုထည့်သွင်းထားပြီး အခြားဖုန်းတွေမှာ မတွေ့ရတဲ့ဒီဇိုင်းဖြစ်တာမို့
အမြင်ဆန်းသစ်စေပါတယ်။ ကျောဘက်မှာ ကင်မရာဒီဇိုင်းကို HTC 10 အတိုင်း
ဖန်တီးပေးထားပြီး LED flash မီး ၁၀ လုံးပါဝင်နေတာကို တွေ့နိုင်ပါတယ်။
Volume, ပါဝါခလုတ်တို့ကို ညာဘက်မှာလည်း တပ်ဆင်ထားပြီး အောက်ခြေမှာတော့
headphone, USB Type-C နဲ့ စပီကာတို့ကိုထည့်သွင်းထားတဲ့ Meizu Pro 6 ဒီဇိုင်းကို ရင်းရင်းနှီးနှီး မြင်တွေ့ဖူးကြမှာပါ။ Meizu Pro 6 ဟာ မျက်မှန်းတန်းမိနိုင်တဲ့ဒီဇိုင်းမျိုးဖြစ်ပြီး တည်ဆောက်ထားပုံလည်း ခမ်းနားပါတယ်။
" Display "
Pro 6 မှာ ထူးခြားသွားတာက အခြား Pro တွေနဲ့မတူဘဲ ၅.၂ လက်မအရွယ် screen ကိုပဲအသုံးပြုခဲ့ပြီး AMOLED Display အမျိုးအစားဖြစ်ပါတယ်။ ရုပ်ထွက်အရည်အသွေးဟာ 1080×1920pixels full HD ကိုရရှိနိုင်ပြီး Pixel သိပ်သည်းဆ 424 ppi ထိ ပါရှိပါတယ်။ Display ပိုင်းမှာ စိတ်ဝင်စားစရာကောင်းတဲ့ software, hardware features တို့ကိုထည့်သွင်းထားပြီး eye protection, display modes နဲ့ အရောင်တွေကို ထိန်းညှိပေးနိုင်ပါတယ်။
" Operating System and Camera "
နောက်ဆုံးပေါ် flyme OS ဟာ Meizu Pro 6 အတွက်ဖြစ်ပြီး ဖုန်းမှာ Android OS 6.0 (Marshmallow) ကို run ထားပါတယ်။ အဓိကကင်မရာအဖြစ် 21MP ကင်မရာကိုသုံးနိုင်ပြီး f/2.2
aperture, 10 LED dual-tone flash တို့ပါဝင်ပါတယ်။ ရှေ့ဘက်ကင်မရာဟာ 5MP
ဖြစ်ပြီး Pro 6 မှာ OIS ထည့်သွင်းထားခြင်းမရှိပါဘူး။ 4K ဗီဒီယိုကို
ကောင်းကောင်းရိုက်ကူးနိုင်ပြီး OIS မပါရှိပေမယ့်လည်း ရုပ်ထွက်ကောင်းမွန်ပါတယ်။
" Performance "
Meizu Pro 6 မှာ Deca-core processor က စွမ်းဆောင်ရည်မြန်ဆန်အောင် အလုပ်လုပ်ပေးမှာဖြစ်ပြီး Mediatek MT6797T Helio X25 chipset ကို သုံးထားပါတယ်။ 2.5GHz မြန်နှုန်းရှိပြီး ဂရပ်ဖစ်အတွက် Mali-T880 MP4 နဲ့ 4GB RAM တို့ကိုထည့်ထားပေးပါတယ်။ ဖုန်းတွင်းသိုလှောင်မှုပမာဏ 32GB /
64GB နှစ်မျိုးရှိပြီး ဖုန်းမှာ SD ကတ် ထပ်စိုက်လို့မရပါဘူး။ fast
charging နည်းပညာကြောင့် အားသွင်းချိန်အကြာကြီးပေးစရာ မလိုဘဲ 2560mAh
ဘက်ထရီကို တပ်ဆင်ထားပါတယ်။
Specification
Display : 5.2 inches, Super AMOLED capacitive touchscreen
Memory : 32 / 64 GB, 4 GB RAM
Camera : 21 Megapixel, phase detection & laser autofocus
OS : Android OS, v6.0.1 (Marshmallow)
Phone : 01-224502 (CTM)
NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal
ဒီဇိုင်းကစတင်ပြီး function, Android based platform တို့ကြောင့် Pro 6 ကို iPhone ကိုယ်ပွားအဖြစ် သတ်မှတ်ချင်သတ်မှတ်လို့ရပါတ
" Design & Build "
လူကြိုက်များတဲ့ Apple iPhone ဒီဇိုင်းတွေကိုမှီငြမ်းပြီး
" Display "
Pro 6 မှာ ထူးခြားသွားတာက အခြား Pro တွေနဲ့မတူဘဲ ၅.၂ လက်မအရွယ် screen ကိုပဲအသုံးပြုခဲ့ပြီး AMOLED Display အမျိုးအစားဖြစ်ပါတယ်။ ရုပ်ထွက်အရည်အသွေးဟာ 1080×1920pixels full HD ကိုရရှိနိုင်ပြီး Pixel သိပ်သည်းဆ 424 ppi ထိ ပါရှိပါတယ်။ Display ပိုင်းမှာ စိတ်ဝင်စားစရာကောင်းတဲ့ software, hardware features တို့ကိုထည့်သွင်းထားပြီး eye protection, display modes နဲ့ အရောင်တွေကို ထိန်းညှိပေးနိုင်ပါတယ်။
" Operating System and Camera "
နောက်ဆုံးပေါ် flyme OS ဟာ Meizu Pro 6 အတွက်ဖြစ်ပြီး ဖုန်းမှာ Android OS 6.0 (Marshmallow) ကို run ထားပါတယ်။ အဓိကကင်မရာအဖြစ် 21MP ကင်မရာကိုသုံးနိုင်ပြီး f/
" Performance "
Meizu Pro 6 မှာ Deca-core processor က စွမ်းဆောင်ရည်မြန်ဆန်အောင် အလုပ်လုပ်ပေးမှာဖြစ်ပြီး Mediatek MT6797T Helio X25 chipset ကို သုံးထားပါတယ်။ 2.5GHz မြန်နှုန်းရှိပြီး ဂရပ်ဖစ်အတွက် Mali-T880 MP4 နဲ့ 4GB RAM တို့ကိုထည့်ထားပေးပါတယ်။ ဖုန်းတွင်းသိုလှောင်မှုပမာဏ 32GB /
Specification
Display : 5.2 inches, Super AMOLED capacitive touchscreen
Memory : 32 / 64 GB, 4 GB RAM
Camera : 21 Megapixel, phase detection & laser autofocus
OS : Android OS, v6.0.1 (Marshmallow)
Phone : 01-224502 (CTM)
NetGuide Journal (Every Wednesday)
https://www.facebook.com/
www.pyaephyo.com