9/17/2016

♪ " LG V20 အား တရားဝင်ပြသခဲ့ " ♫


LG V20 သည် တရားဝင်ကြေညာခဲ့ပြီးဖြစ်ကာ တိုးတက်မှုအများအပြားပါဝင်ခဲ့ပြီး V10 ပရိသတ်များနှစ်သက်သည့် Feature များစွာကိုလည်း ဆက်လက်ထိန်းသိမ်းထားခဲ့သည်။ ပေါ့ပါးသော အလူမီနီယံကိုယ်ထည်ဖြင့် တည်ဆောက်ထားပြီး ယခင်ကဲ့သို့ပင် ကြံ့ခိုင်မာကျောမှုလည်းရှိမည်ဖြစ်သည်။

အလူမီနီယံ AL 60 13 သတ္တုစပ်ကိုသုံးထားပြီး လေယာဉ်ပျံနှင့် လှေသင်္ဘောများ တည်ဆောက်ရာတွင် သုံးသော သတ္တုစပ်ဖြစ်သည်။ V10 ကဲ့သို့ပင်ခိုင်မာပြီး တုန်ခါမှုဒဏ်ကိုခံနိုင်ရည်ရှိမည်ဖြစ်သည်။ LG V20 သည် G5 နှင့်ယှဉ်ပါက တူညီသောဒီဇိုင်းရှိသည်ဟု ဆိုရမည်ဖြစ်သော်လည်း modular ပုံစံသုံးစွဲမှု မပါဝင်ချေ။ V20 တွင် 5.7" IPS display ပါဝင်ပြီး Quad HD resolution ရှိသည်။ ဒုတိယ display မှာမူ ပိုမိုရှည်လာပြီး တောက်ပမှုကို ၂ ဆ မြှင့်တင်ခဲ့ကာ (68 nits) ထိ ရှိလာခဲ့သည်။

ပိုမိုရှည်လျားသော 24 digits notification ကို လက်ခံပေးနိုင်ပြီး နာရီမှာတူညီခဲ့သည်။ LG V20 တွင် ထိပ်တန်းအဆင့် Snapdragon 820 chip အားသုံးစွဲထားကာ 4 GB RAM ဖြင့် ထောက်ပံ့ပေးထားပြီး memory 64GB ပါဝင်ကာ micro SD ဖြင့် ထပ်မံတိုးမြှင့်နိုင်ကြောင်းလည်း သိရသည်။ LG G5 နှင့် ကင်မရာတူညီခဲ့ပြီး 16MP 16:9 OIS ကင်မရာဖြစ်ကာ Laser နှင့် Phase detection auto-focus ပါဝင်ပြီး 8MP မြင်ကွင်းကျယ်ကင်မရာနှင့် ၁၃၅ ဒီဂရီရိုက်ကူးနိုင်ကာ ကင်မရာနှစ်ခု တစ်ပါတည်းပါဝင်ခဲ့သည်။

ဗီဒီယိုရိုက်ကူးရန် Steady Record 2.0 ပါဝင်ပြီး Qualcomm ၏ EIS video stabilization ကိုလည်း ပထမဆုံး သုံးသည့်ဖုန်းဖြစ်လာခဲ့သည်။ ရွေ့လျားနေသောအရာများအတွက် Image stream analysis(DIS) ပါဝင်ကာ ဗီဒီယိုကို တည်ငြိမ်စေမည်ဖြစ်သည်။

loseless 24 bit/48 kHz အသံကိုလည်း ဖမ်းယူပေးနိုင်သည်။ ရှေ့ကင်မရာ သည် 5MP f/1.9 lens ဖြစ်လာကာ normal (သို့) wide angle ရွေးချယ်နိုင်ဦးမည်ဖြစ်သည်။ LG V20 တွင် ပိုမိုကြီးမားသော 3200mAh ဘက်ထရီပါဝင်ကာ Quick Charge 3.0 ကို ထောက်ပံ့ပေးထားသည်။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com