9/17/2016

♪ Galaxy S8 တွင် နားကြပ်ပေါက်အစား သီးသန့် ကိုယ်ပိုင် port တစ်ခုနှင့် အစားထိုးသွားဖို့ Samsung စဉ်းစားနေ ♫


Samsung ရဲ့ နောက်ဆုံးထွက် Galaxy S7 အမှတ်တံဆိပ်စမတ်ဖုန်းစီးရီးမှာ 3.5mm နားကြပ်ပေါက် ပါရှိပေမယ့် နောက်လာမယ့် Galaxy S8 မှာတော့ စက်ရုံထုတ် standard jack ပင် တွေကို ဖြုတ်ပစ်ဖို့ ရှိတယ် လို့  Digital Music News က ဆိုပါတယ်။ ကုဒ်အမည်အရ Galaxy S8 အတွက် Dream ၊ Galaxy S8 Edge အတွက် Dream2 လို့ သတင်းရရှိထားတဲ့ ဒီဖုန်းနှစ်လုံးဟာ 3.5mm jack ပင် နေရာမှာ ကိုယ်ပိုင် သီးခြား port တစ်ခုနဲ့ အစားထိုးသွားဖို့ ရှိနေပါတယ်။



ယခုထုတ်သွားမယ့် သီးခြား နားကြပ်ပေါက်ရဲ့အလားအလာ ဖြစ်နိုင်ခြေကို ဖော်ထုတ်ဖို့ တက်ကြွ ထက်သန်နေတယ်လို့  ကုမ္ပဏီကဆိုပါတယ်။

တောင်ကိုရီးယားမှ လုပ်နေတဲ့ သတင်းအရင်းအမြစ်နဲ့ ပတ်သတ်လို့ Digital Music News မှ ရရှိထားတဲ့ ယုံကြည်လောက်တဲ့ အသေးစိတ်အချက်အလက်များအရ Samsung စမတ်ဖုန်းများရဲ့ ပိုမိုကျယ်ပြန့် တဲ့ ကုန်စည်ဝန်ဆောင်မှုလုပ်ငန်းထဲမှာ ပါရှိထားပါတယ်။

Samsung ရဲ့သီးခြား jack ပေါက်ကို အခမဲ့ဖြစ်စေ ဈေးအလွန်သက်သက်သာသာနဲ့ ဖြစ်စေ လွယ်လင့်တကူ သုံးနိုင်အောင် စီစဉ်ပြီး ဒီဇိုင်းချသွားဖို့  အန်းဒရိုက်ထုတ်သူတွေအားလုံးက စဉ်းစားထားပါတယ်။ ဗျူဟာအရ Samsung ရဲ့ လှုပ်ရှားမှုဟာ နားကြပ်ဖုန်းထုတ်လုပ်သူများရဲ့ စနစ်တစ်ခုလုံးကို ရွေးချယ်မှုတစ်ရပ် ရုတ်တရပ် တွေ့ ကြုံအောင် လုပ်လိုက်တဲ့ Apple ရဲ့ တီထွင်ချက်ကိုတန်ပြန်ဖို့ စဉ်းစားတာဖြစ်ပါတယ်။

အခုလို အားလုံးပါဝင်လာတဲ့ လှုပ်ရှားမှုကို အသုံးပြုပြီး Samsung နှင့်သူ့ အပေါင်းအပါ အန်းဒရိုက် ကုမ္ပဏီတွေကတော့ နားကြပ်ထုတ်သူတွေအနေနဲ့  Apple ထက် ပိုမို သစ်ဆန်းပြီး စိတ်ဝင်စားဖို့ ကောင်းတဲ့ ကိုယ်ပိုင်သီးသန့် jack တွေနဲ့  ထွက်ရှိဖို့ က ပထမဦးစားပေးအနေနဲ့ လုပ်သွားမယ်လို့ မျှော်လင့်ရပါတယ်။

ဒီထက်အရေးကြီးတာက Samsung ဟာ မကြာသေးမီက Apple နဲ့ ဒေါ်လာ ၃.၁ ဘီလျံကျော်တန် သဘောတူညီမှု ရရှိထားတဲ့ Beats by Dre နားကြပ်များကို ဘေးကန့် ထားဖို့ ရည်စူးနေပါတယ်။တစ်ခြား နားကြပ်ထုတ်သူတွေဟာ Beats ရဲ့ နောက်နားမှာ ရပ်တည်နေကြတယ်ဆိုပေမယ့် Beats နဲ့ ဆက်မလုပ်ဖြစ်ရင် Samsung jack ပေါက်များအတွက် အထောက်အကူဖြစ်အောင် လုပ်နိုင်မှာပါ။

ကောလာဟလများသာ မှန်မယ်ဆိုပါက iPhones နဲ့ Galaxy ဖုန်းသုံးသူတွေဟာ မကြာခင်မှာ adapter နှစ်ခု ဆောင်ရဖို့ ရှိပါတယ်။ အကြောင်းက Samsung ရဲ့ သီးသန့် နားကြပ်ဟာ Apple ရဲ့ Lightning နည်းပညာနဲ့ အဆင်ပြေမှာ မဟုတ်လို့  ဖြစ်ပါတယ်။

အခြားတစ်ဖက်ကကြည့်ရင် သတင်းအတည်ပြုသူတစ်ဦးမှ Samsung ရဲ့အင်ဂျင်နီယာတွေဟာ အဆင့်မြှင့်ထားတဲ့ update jack ရဲ့ အသံပိုင်းအရည်အသွေးကို အဆင့်မြှင့်ဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် လူတစ်ချို့ ကပဲ တကယ့် အဆင့်မြှင့်တင်မှုစစ်စစ်ကို သိရှိသတိထားမိမယ်လို့ ယုံကြည်ရပါတယ်။



သိတဲ့အတိုင်း Apple ဟာ ဝိုင်ယာလက်အသံအရည်အသွေး ၊တပ်ဆင်ထားတဲ့ W1 chip ထဲမှာပါရှိတဲ့ ပါဝါ သုံးစွဲမှုနှင့် ယုံကြည်စိတ်ချနိုင်စွမ်း ၊ Bluetooth လိုင်းအရည်အသွေးကို တိုးတက်စေတဲ့ ပထမဆုံးစိတ်ကြိုက် ပြင်ထားပြီး wireless chip နှင့် ပါဝါအဆင်ပြေတဲ့ ဒေတာပေးပို့ မှုအရည်အသွေးများ ထည့်သွင်းထားတာပါ။

Samsung ဟာ လာမယ့်ဖုန်းများကို ၂၀၁၇ ခုနှစ် ဖေဖဝါရီလထဲ Barcelona မှာလုပ်မယ့် ကမ္ဘာ့မိုဘိုင်းလ် ကွန်ဂရက်နှင့် မတ်လထဲမှာ သီးခြား ပြုလုပ်သွားမယ့် သတင်းစာရှင်းလင်းပွဲမှာ ပြသသွားဖို့ ရှိပါတယ်။
နားကြပ်ပေါက်ဖြုတ်ဖို့ Apple ရဲ့ ဆုံးဖြတ်ချက်ဟာ အတွေးရော (ဝိုင်ယာလက်မဲ့အနာဂါတ်အတွက်) ၊ အရေးပါတဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ Taptic Engine ၊ ပိုကြီးတဲ့ ဘက်ထရီ ၊ Force Touch sensor သစ်များအပါအဝင်တစ်ခြား components တွေအတွက် ဖုန်းထဲမှာ နေရာလွတ်ပိုရအောင် လက်တွေ့  စဉ်းစားတဲ့ အပိုင်းပါ ပါရှိထားပါတယ်။


Credit to ==> Myanmar Mobile App


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com