
LG
သည် V20 စမတ်ဖုန်း၌ စစချင်းပင် Android 7.0 Nougat ပါဝင်မည်ဟု
ဆိုခဲ့ပြီးဖြစ်သည်။ ယခုအခါ ထိုသတင်းကို Google မှ အတည်ပြုပေးခဲ့ကြောင်း
ထပ်မံသိရှိရသည်။ Android 7.0 Nougat အတွက် အသစ်ထုတ်လွှင့်ခဲ့သော တရားဝင်
page ၌ Google သည် Android 7.0 ဖြင့် ပထမဆုံး စတင်ထွက်ရှိမည့်ဖုန်းမှာ LG
V20 ဖြစ်ကြောင်း ဆိုထားခဲ့သည်။
သို့သော် ပြထားသောပုံအရ V20 ကို သေချာစွာမမြင်ရသဖြင့် ပေါက်ကြားခဲ့သောပုံများနှင့် 
တူမတူ မသေချာခဲ့ပေ။ သို့သော် ထိုသတင်းအရ HTC မှပြုလုပ်မည်ဟု
သတင်းထွက်နေသော Nexus ဖုန်းအသစ်နှစ်လုံးမှာ စက်တင်ဘာ ၆ ရက်ထက်စော၍
ထွက်လာရန်မရှိမှန်း သိခဲ့ကြရသည်။ အကြောင်းမှာ ထိုနေ့တွင် LG သည် V20 အား
ဆန်ဖရန်စစ္စကိုပွဲ၌ တရားဝင်ပြသသွားမည်ဖြစ်သည်။ V20 သည် Samsung ၏
လက်ရှိထွက်ထားသော Galaxy Note 7 ဖြင့် ထိပ်တိုက်ရင်ဆိုင်ရမည့်ပုံရှိပြီး
LG အနေဖြင့် Android version အသစ်ပါဝင်သည့် အားသာချက်အား ရယူခဲ့သည်။
သို့သော် Samsung မှလည်း Note 7 အတွက် Nougat update အား ၂ လ ၃ လအတွင်း ရနိုင်မည်ဟု ဆိုထားသည်။ LG V20 သည် စက်တင်ဘာ ၂၃ ရက်တွင် ဈေးကွက်ထဲ စတင်ရောက်ရှိမည်ဖြစ်ပြီး စက်တင်ဘာ ၁၄ ရက်မှစကာ ကြိုတင်မှာယူမှုများကို ပြုနိုင်မည်ဖြစ်သည်။
NetGuide Journal (Every Wednesday)
https://www.facebook.com/ officialnetguidejournal
သို့သော် ပြထားသောပုံအရ V20 ကို သေချာစွာမမြင်ရသဖြင့် ပေါက်ကြားခဲ့သောပုံများနှင်
သို့သော် Samsung မှလည်း Note 7 အတွက် Nougat update အား ၂ လ ၃ လအတွင်း ရနိုင်မည်ဟု ဆိုထားသည်။ LG V20 သည် စက်တင်ဘာ ၂၃ ရက်တွင် ဈေးကွက်ထဲ စတင်ရောက်ရှိမည်ဖြစ်ပြီး စက်တင်ဘာ ၁၄ ရက်မှစကာ ကြိုတင်မှာယူမှုများကို ပြုနိုင်မည်ဖြစ်သည်။
NetGuide Journal (Every Wednesday)
https://www.facebook.com/
www.pyaephyo.com