European Imaging and Sound Association (EISA) က ၂၀၁၆-၂၀၁၇ ခုနှစ်အတွက် တီထွင်ဖန်တီးမှု အကောင်းဆုံးဆုဖြစ်တဲ့ European Mobile Innovation Award ဆုကို LG G5 အား ရွေးချယ်ခဲ့ပါတယ်။ LG G5 ဟာ အစိတ်အပိုင်းများကို ဖြုတ်၊ တပ် လဲလှယ်နိုင်တဲ့ Modular Phone ဖြစ်ပါတယ်။

အစိတ်အပိုင်းများကို ဖြုတ် ၊ တပ်နိုင်တဲ့ အတွက် LG G5 မှာ LG Friends လို့ LG က အမည်ပေးထားတဲ့ Accessories များစွာကို ချိတ်ဆက် အသုံးပြုနိုင်ပါတယ်။ G5 မှာ စွမ်းရည်မြင့် ကင်မရာများ၊ ဘက်ထရီ အပိုများ၊ VR Headset များ၊ 360 Degree Camera များ အပါအ၀င် အပိုပစ္စည်းများစွာကို ချိတ်ဆက် အသုံးပြုနိုင်ပါတယ်။

တန်ဖိုးအနည်းဆုံး စမတ်ဖုန်း ဆုကိုတော့ CoolPad Torino က ရရှိခဲ့ပါတယ်။ CoolPad Torino ကို ဥရောပ နိုင်ငံများမှာ ရောင်းချနေပါတယ်။ ၅.၅ လက်မ အရွယ် ရှိပြီး ယူရို ၂၀၀ သာ တန်ကြေးရှိပါတယ်။ Samsung Galaxy S7 နဲ့ S7 Edge တို့ကတော့ အကောင်းဆုံး စမတ်ဖုန်း ကင်မရာ ဆုကို ရရှိခဲ့ပါတယ်။