9/02/2016

♪ ကမ္ဘာ့အပါးလွှာဆုံး လက်ပ်တော့အဖြစ်စံချိန်တင်ခဲ့တဲ့ Acer ရဲ့ ‘Swift 7’ ထွက်ရှိ ♫


Acer ဟာ IFA 2016 ပွဲမှာ အံ့အားသင့်ဖွယ်ကောင်းတဲ့ Swift 7 လက်ပ်တော့ကို မိတ်ဆက်လိုက်ပါတယ်။ Window 10 စနစ်သုံး စက်အနေနဲ့ Intel ရဲ့ Processor အသစ်ဖြစ်တဲ့ 7th Generation Core i5 Processor ကိုအသုံးပြုထားတာ ဖြစ်ပါတယ်။ အတိုင်းအတာပမာဏအနေနဲ့ ၉.၉၈မီလီမီတာသာရှိပြီး ဒါဟာဆိုရင် ၁စင်တီမီတာတောင်မပြည့်လောက်အောင် ပါးလွှာသွားတာ ဖြစ်ပါတယ်။

Apple ရဲ့ MacBook နဲ့ HP ရဲ့ Spectre 13 တို့ကိုလည်း အနိုင်ယူသွားပြီး ကမ္ဘာ့အပါးလွှာဆုံး လက်ပ်တော့အဖြစ် စံချိန်တင်ခဲ့တာပါ။ Swift 7 ဟာ အားသွင်းဖို့နဲ့ ချိတ်ဆက်ဖို့အသုံးပြုနိုင်တဲ့ USB-C 3.1 နှစ်ပေါက်နဲ့ နားကြပ်ပေါက်တို့ပါဝင်ပါတယ်။ အဲ့ဒီအပြင် Acer အနေနဲ့ ဘက်ထရီသက်တမ်းကို ၉နာရီအထိ အသုံးပြုဖို့ လုံလောက်တယ်လို့ ကတိပေးခဲ့ပါတယ်။


မျက်နှာပြင်အကျယ်အနေနဲ့ ၁၃.၃လက်မ Full-HD IPS panel မျက်နှာပြင်ဖြစ်ဖြစ်ပါတယ်။ RAM ပမာဏအနေနဲ့ 8GB နဲ့ 256GB ရှိတဲ့ SSD Storage တို့ကိုထည့်သွင်းထားပါတယ်။ Acer Swift 7 ဟာ
ကိုယ်ထည်ကို အလျူမီနီယံဘော်ဒီဖြစ်ပြီး အပြင်ပိုင်းကို အနက်ရောင်နဲ့ အတွင်းပိုင်းကိုရွှေအိုရောင်ပုံစံ ဒီဇိုင်း ပြုလုပ်ထားတာဖြစ်ပါတယ်။
အလေးချိန်အနေနဲ့ ၁.၁ကီလို (၂.၄၈ပေါင်) ရှိပြီး Swift 7 ဟာ လက်ထဲမှာ အကောင်းမွန်ဆုံး ကိုင်တွယ်လို့ ရတဲ့အနေအထားကို ပြုလုပ်ထားတာပါ။ ကီးဘုတ်ကလည်း သပ်ရပ်ကောင်းမွန်ပြီး စာရိုက်တဲ့အနေအထားကို အကောင်းဆုံး ဖြစ်စေနိုင်မှာပါ။ နောက်ထပ် ထင်ရှားတဲ့ အချက်တစ်ချက်ကတော့ Touchpad မှာ ပါဝင်တဲ့ Notebook ပဲဖြစ်ပါတယ်။ ဒါဟာလက်ရှိလက်ပ်တော့တွေထဲမှာ အကြီးဆုံးနဲ့ အကျယ်ဆုံးလို့တောင် ပြောလို့ရနိုင်ပါတယ်။

acer-swift7-7

မျက်နှာပြင်ကို Touchscreen နဲ့အသုံးပြုနိုင်ပြီး လုပ်ဆောင်ချက်တွေက သပ်ရပ်ကောင်းမွန်ပါတယ်။ Acer ကထုတ်လုပ်ထားတဲ့ Spin 7 မော်ဒယ်နဲ့ ယှဉ်ကြည့်လိုက်ရင် Swift 7 ဟာ ပိုမိုကောင်းမွန်တဲ့ Core i7 Processor ပိုမိုကြီးမားတဲ့ ၁၄လက်မမျက်နှာပြင်၊ Touch နဲ့ ၃၆၀ဒီဂရီ လှည့်နိုင်တဲ့ လက်ပ်တော့ရဲ့ ပတ္တာတွေကိုတွေ့ရပါတယ်။

Swift 7 ကို ဒီစက်တင်ဘာလထဲမှာ ယွမ် ၆၉၉၉နဲ့ ထုတ်လုပ်မှာဖြစ်ပြီး လာမယ့် အောက်တိုဘာလမှာ ဥရောပမှာ ဈေးနှုန်း ယူရို ၁၂၉၉နဲ့ အမေရိကန်ပြည်ထောင်စုမှာ ဈေးနှုန်း ဒေါ်လာ ၉၉၉ ဆိုပြီး စတင်ရောင်းချသွားမှာဖြစ်တယ်လို့ သိရပါတယ်။ Acer Swift 7 ရဲ့ ဓာတ်ပုံအပြည့်အစုံကို အောက်ပါ Album မှာ ကြည့်ရှုနိုင်ပါတယ်။


Credit to ==> Digital Times

<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com