9/22/2016

Jay Z ၏ ဂီတဝန်ဆောင်မှု Tidal ကို ဝယ်ယူဖို့စိတ်ဝင်စားမှုမရှိကြောင်း Apple ဆို




Apple ဟာ Jay Z ရဲ့ သီချင်းဂီတဝန်ဆောင်မှု Tidal ကို ဝယ်ယူဖို့  စိတ်ဝင်စားနေတယ်ဆိုတဲ့ ကောလာဟလများကို ပယ်ချလိုက်ပါတယ်။
“ကျွန်တော်တို့ အနေနဲ့ ကိုယ်ပိုင်ကဏ္ဍတစ်ရပ် ဖွင့်သွားဖို့ လုပ်နေပါတယ်” လို့ Apple Music ကို ကိုင်နေတဲ့ ဂီတပိုင်းမှာ အရေးပါတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ Jimmy Iovine က BuzzFeed ကို ပြောပါတယ်။ “ကျွန်တော်တို့ အနေနဲ့ တစ်ခြားသီချင်းဝန်ဆောင်မှုတွေ ရယူဖို့ လုပ်နေမှာ မဟုတ်ပါဘူး။”


ဇွန်လထဲက Apple ဟာ Tidal နဲ့ ဝယ်ယူဖို့ အကြောင်း စကားစထားတယ်လို့ The Wall Street Journal မှ သတင်းပေးပို့ ခဲ့ပါတယ်။ ဒီနောက် ဇူလိုင်မှာ Kanye West ဟာ ကောလာဟလတွေကို “Apple ဟာ Tidal နဲ့ ပတ်သတ်လို့  Jay ကို စုံစမ်းနေလို့ Steve နဲ့ တူအောင် လုပ်နေတာကို ရပ်လိုက်တော့” လို့  twitter မှာ ခပ်တင်းတင်း ရေးတင်ထားခဲ့ပါတယ်။

Apple နဲ့ Tidal သဘောတူညီချက်ဟာ Apple Music နှင့် Tidal ရဲ့ နည်းဗျူဟာနှစ်ခုစလုံးရဲ့ အရေးပါတဲ့ အပိုင်းဖြစ်လို့ Apple အနေနဲ့ ပိုပြီး သီးသီးသန့် သန့် လျှို့ ဝှက်အနေအထားမှာ ထားရှိချင်တာ အဓိပ္ပါယ်ရှိပါတယ်။

ဒါပေမယ့်လည်း ပြိုင်ဘက် Spotify ကတော့ ဒီသီချင်းဂီတဝန်ဆောင်မှုတွေဟာ အနုပညာရှင်တွေနဲ့  ပရိတ်သတ်တွေအတွက် မကောင်းကြဘူးဆိုပြီး ကြေငြာထားပါတယ်။ ဒါနဲ့ ပတ်သတ်လို့ Spotify ဘက်မှ စကားနဘန်း debate မှာ အခြေအနေပြောင်းလဲနိုင်ပါတယ်။

Universal ရဲ့ အမှုဆောင်အရာရှိချုပ် ကတော့ သြဂုတ်လထဲမှာ Spotify ၊ Apple Music စသည်ဖြင့် သီးသန့် ဝန်ဆောင်မှုများကို ဝန်ဆောင်မှုပေးတာ ရပ်တန့် ဖို့ တရားဝင်စာပေးပို့ ထားတယ်လို့ သတင်းရရှိပါတယ်။ ဒါဟာ သတင်းကြီးတစ်ရပ်ပါပဲ။ စဉ်းစားကြည့်ရင် Universal ဟာ Drake လိုမျိုး Apple Music ရဲ့ အောင်မြင်တဲ့ ဝန်ဆောင်မှုတွေကို ပေးထားတဲ့ အဓိကအမှတ်တံဆိပ်တစ်ခုဖြစ်ပါတယ်။

တကယ်လို့ သာ ဒီအဖွဲ့ တွေအနေနဲ့ အနာဂါတ်လမ်းပေါ်ရှိမနေရင် ဒါမှမဟုတ် Apple အနေနဲ့ Tidal နှင့် Jay Z တို့ ရဲ့ လွန်ပွဲကို ထိုက်တန်တယ်လို့ မထင်ဘူးဆိုရင် ကုမ္ပဏီအနေနဲ့ ဒါကိုဝယ်ဖို့ အကြောင်းပြချက် နည်းနည်းလေးပဲ ရှိတော့မယ့် ပုံပါပဲ။

Tidal ဟာ ပြီးခဲ့တဲ့နှစ်က ဒေါ်လာ ၂၈ သန်း ဆုံးရှုံးခဲ့တယ်လို့ The Wall Street Journal မှ တရားဝင် ထုတ်ပြန်ထားပါတယ်။ ဒါဟာ Jay Z အနေနဲ့  Tidal ရဲ့ ဆွီဒင်ကုမ္ပဏီစုတစ်ခုဖြစ်တဲ့ Aspiro ကို တာဝန်ယူမထိန်းချုပ်ခင်နှစ်က ဆုံးရှုံးတာထက် နှစ်ဆရှိပါတယ်။ ၂၀၁၄ တုန်းက ခရိုနော် ၈၈.၉ သန်းဆုံးရှုံးခဲ့ပေမယ့် ၂၀၁၅ ခုနှစ်ထဲမှာတော့ Aspiro ဟာ ဆွီဒင်သုံးငွေ ခရိုနာ ၂၃၉ သန်း ဆုံးရှုံးခဲ့ပါတယ်။Tidal ကတော့ ပေးချေရန် ငွေစာရင်းပေါင်း ၁၀၀ ကျော်ပေးဖို့ ပျက်ကွက်နေတယ်လို့ သတင်းရရှိပါတယ်။

Apple အနေနဲ့ အခုလို သုံးစွဲသူအခြေစိုက်လုပ်ငန်းမျိုးကို ဝယ်ဖို့ အကြောင်းရှိမယ် မထင်ပါဘူး။ Tidal ကတော့ ဇွန်လထဲမှာ သူ့ တို့ ဝန်ဆောင်မှုကို လစဉ်ငွေပေးပြီး နားထောင်တဲ့ subscriber အရေအတွက် ၄.၂ သန်း ရှိထားတယ်လို့ ဆိုပါတယ်။ ဒါဟာ စက်တင်ဘာလထဲမှာ သန်း ၄၀ ရှိတဲ့ Spotify နှင့် ၁၇ သန်းရှိတဲ့ Apple Music တို့ အောက်မှာ ရှိနေတာ ဖြစ်ပါတယ်။

CREDIT MMAS
သီဟထိုက် ( ဆွေသဟာ mobile )