9/15/2016

♪ Huawei မှ Huawei Gold Touch ရွှေဒင်္ဂါးဆု ကံထူးရှင် ဒုတိယအကြိမ် ရွေးချယ်ပွဲ ကျင်းပပြုလုပ် ♫

huawei-campange

နိုင်ငံတကာမှာ ဦးဆောင်နေတဲ့ ကမ္ဘာ့သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေးနည်းပညာ (ICT) ကုမ္ပဏီကြီး တစ်ခုဖြစ်တဲ့ “Huawei” က Gold Touch ကံစမ်းမဲအစီအစဉ်အတွက် ပထမဆုံးအကြိမ် ကံထူးရှင်ရွေးချယ်ပွဲကို ရန်ကုန်မြို့ မြန်မာပလာဇာရှိ Huawei Branded Shop တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။ ကံစမ်းမဲရွေးချယ်ပွဲကို Huawei ချစ်သူများနှင့် ဈေးဝယ်သူများရှေ့မှောက်တွင် Huawei Device Myanmar မန္တလေးမှ City Manager ဦးဘုန်းမြင့်ဆွေ၊ Huawei Device Myanmar မန္တလေးမှ Director Mr. Mark၊ Anycall Mobile မှ Manager လင်းလင်းအောင် နှင့် Anycall Mobile မှ Owner မေသင်းဇန် တို့မှကံထူးရှင် (၂၅) ဦးကို မဲနှိုက် ရွေးချယ်ပေးခဲ့ပါသည်။

ကံစမ်းမဲရွေးချယ်ပွဲအစီအစဉ်ကို အချိန်နှင့် တပြေးညီ ရိုက်ကူးကာ Huawei Mobile Myanmar ဖေ့ဘွတ်ခ်စာမျက်နှာတွင် “Live” ထုတ်လွှင့်ခဲ့ပါသည်။ ကံထူးရှင်စာရင်းကို Huawei Mobile Myanmar ဖေ့ဘွတ်ခ်စာမျက်နှာနှင့် သတင်းစာ၊ ဂျာနယ်များတွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။

Huawei ၏ Gold Touch ကံစမ်းမဲအစီအစဉ်မှာ အဆင့်မြင့်စမတ်ဖုန်းများဖြစ်ကြသည့် P9 ၊ P9lite ၊ GR5 နှင့် GR5 Mini ဝယ်ယူသော သုံးစွဲသူများကို ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် ရွှေဒင်္ဂါးဆုများကို ကံစမ်းမဲ ဖောက်ပေးသည့် အစီအစဉ်ဖြစ်သည်။ ကံစမ်းမဲကာလမှာ သြဂုတ်လ (၆) ရက်နေ့မှ   အောက်တိုဘာလ (၂) ရက်နေ့အတွင်း ဖြစ်ပြီး P9 ၀ယ်ယူသူများအနေဖြင့် ကံစမ်းမဲကူပွန် (၂)စောင်ရရှိမည်ဖြစ်ကာ ကျန်သည့် P9lite၊ GR5၊ GR5 Mini တို့ကို ၀ယ်ယူသူများအနေဖြင့် ကံစမ်းမဲကူပွန် (၁) စောင်စီ ရရှိကာ အချက်အလက်များဖြည့်ပြီး ကံစမ်းနိုင်မည်ဖြစ်ပါသည်။

ကံစမ်းမဲအစီအစဉ်အပြင် P9 ကို ၀ယ်ယူသူများအနေဖြင့် Tripod နှင့် Selfie Stick တို့ ပါဝင်သည့် Photography Gift Package၊ P9lite ၀ယ်ယူသူများအနေဖြင့် Bluetooth Selfie Stick နှင့် GR5၊ GR5mini ၀ယ်ယူသူများအနေဖြင့်Gift Box စသည့် လက်ဆောင်များကို ရရှိမည်ဖြစ်ပါသည်။ Huawei ၏ Gold Touch ကံစမ်းမဲအစီအစဉ်ကို မြန်မာနိုင်ငံအရပ်ရပ်ရှိ Huawei Branded Shopများနှင့် Huawei နှင့် ချိတ်ဆက်ထားတဲ့ ဖုန်းဆိုင်တွေအပါအ၀င် ဆိုင်ပေါင်း (၅၀၀) ခန့်တွင် ပါဝင်နိုင်မည်ဖြစ်ပါသည်။ Huawei Gold Touch ကံစမ်းမဲအစီအစဉ်ရှိရာဆိုင်များကို စုံစမ်းလိုလျှင် Huawei Mobile Myanmar ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ကြည့်ရှုနိုင်မည်ဖြစ်ပါသည်။ပထမအကြိမ် ကံထူးရှင်၂၅ ဦးကို သြဂုတ်လ ၂၈ ရက် ၂၀၁၆ ခုနှစ်တွင် ရန်ကုန်မြို့ Myanmar Plaza တွင်အသီးသီးရွေးချယ်ဆုချီးမြှင့်ခဲ့ပြီးဖြစ်သည်။

ကျန်ရှိနေသော ကံစမ်းမဲများကို ၀ယ်ယူအားပေးသည့် ရက်စွဲများပေါ်မူတည်၍ အောက်ပါအတိုင်း ပြုလုပ်သွားမည်ဖြစ်ပါသည်။
  • တတိယအကြိမ် ကံစမ်းမဲ (၂၀၁၆ခုနှစ်၊ စက်တင်ဘာလ ၂၅ရက်နေ့)
စက်တင်ဘာလ ၅ရက်နေ့ကနေ စက်တင်ဘာလ ၁၈ရက်နေ့ အတွင်း ၀ယ်ယူသူများအတွက်
  • စတုတ္ထအကြိမ် ကံစမ်းမဲ (၂၀၁၆ခုနှစ်၊ အောက်တိုဘာလ ၉ရက်နေ့)
စက်တင်ဘာလ ၁၉ရက်နေ့ကနေ အောက်တိုဘာလ ၂ရက်နေ့ အတွင်း ၀ယ်ယူသူများအတွက်
ကျန်ရှိနေသော ကံထူးရှင်ရွေးချယ်ပွဲကို ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး ကံစမ်းမဲတစ်ကြိမ်စီတွင် (၂၅) ဦးကို ဆက်လက်ရွေးချယ်သွားမည်ဖြစ်ကာ ကံစမ်းမဲအစီအစဉ်ကို Huawei Mobile Myanmar ဖေ့စ်ဘွခ် စာမျက်နှာတွင် “တိုက်ရိုက်” ထုတ်လွှင့်ပြသသွားမည်ဖြစ်ပါသည်။ ဆက်လက်ကံထူးသူများစာရင်းကို ကံစမ်းမဲဖွင့်သည့်နေ့တွင် Huawei Mobile Myanmar ဖေ့စ်ဘွတ်ခ်စာမျက်နှာ၌ ဖော်ပြပေးသွားမည်ဖြစ်ပြီး နောက်ရက်တွင် သတင်းစာ၊ ဂျာနယ်များ၌ ဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ကံထူးရှင်များအနေနှင့် ကံစမ်းမဲနှိုက်ပြီး (၁၄) ရက်အတွင်းတွင် မိမိဝယ်ယူခဲ့သော ဆိုင်တွင် ကံစမ်းမဲကူပွန်မူရင်းနဲ့အတူ မှတ်ပုံတင်ကိုပြပြီး ဆုထုတ်ယူရမည်ဖြစ်ပါသည်။ သတ်မှတ်ရက်ကျော်လွန်မှ လာရောက်ထုတ်ယူသူများကို နောက်တစ်ကြိမ်နှိုက်မည့် ကံစမ်းမဲအစီအစဉ်များတွင် ထည့်သွင်းစဉ်းစား ပေးသွားမည် ဖြစ်ပါသည်။

Huawei Gold Touch ကံစမ်းမဲအစီအစဉ်အကြောင်းကို အသေးစိတ်သိရှိလိုပါက Hotline 01-9000900 ကို ခေါ်ဆိုမေးမြန်းခြင်း (သို့) Huawei Mobile Myanmar ဖေ့ဘွတ်စာမျက်နှာ (www.facebook.com/ HuaweiDeviceMyanmar) တွင် ၀င်ရောက်ကြည့်ရှုခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။

ဩဂုတ်လ ၂၈ ရက် ၂၀၁၆ Huawei Gold Touch ဒုတိယအကြိမ်တွင် ကံစမ်းမဲကံထူးသူများ
1 မသီတာစန်း 10 ဌေးရွှေသာ 18 အားရမ်
2 ဦးမောင်မောင်ဝင်း 11 ဆွေဇင်မြင့် 19 ကိုဝင်းဇော်ဦး
3 ခိုင်ကျော်တင့် 12 နေလင်းအောင် 20 မစောယုထွေး
4 ကိုထက်အောင် 13 မချိုချိုခိုင် 21 ဦးတင်ဦး
5 ဒေါ်မြင့်ဦး 14 ဦးအောင်ဇေယျမင်း 22 လဲ့လဲ့ထွန်း
6 မဝေေ၀မြင့် 15 ကိုရှိုင်းအောင် 23 အောင်မိုး
7 ဦးထွန်းထွန်း 16 ကိုမင်းသန့် 24 ကိုထွန်းလင်း
8 စိုင်းကော်ခေး 17 ကိုစောသက်ဦး 25 ဦးဝင်းနိုင်
9 ကိုထိန်လင်းဦး



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com