Google ဟာ သူ့ ရဲ့ ပေါင်းကူးစမတ်ဖုန်းလုပ်ငန်းတစ်ရပ်ဖြစ်သည့်
Project Ara လုပ်ဆောင်နေမှုကို ရပ်တန့် လိုက်ပြီဟု Reuters မှ သတင်းပေးပို
့ထားပါတယ်။ယခုဆောင်းဦးမှာ ဖြန့် ချိဖို့  ကြန့် ကြာနှောင့်နှေးမှုများ တွေ
့ခဲ့ရတဲ့ Project Ara ကို ရပ်တန့် လိုက်ပြီး Google အနေနဲ့ ယင်းရဲ့
Hardware ထွက်ရှိမှု ကို ပြန်လည်ဖွဲ့ စည်းသွားမှာ ဖြစ်ပါတယ်။
အတွင်းသိပုဂ္ဂိုလ်တစ်ယောက်ရဲ့ အဆိုကို ကိုးကားပြီး ဒီနည်းပညာဟာ လိုင်စင်သဘောတူညီမှုတွေ ကနေ တစ်ဆင့် ဈေးကွက်ထဲ ဝင်နေဖို့ ရှိပေမယ့် Google ကိုယ်တိုင်ကတော့ ထုတ်ကုန်တွေကို ထုတ်လုပ်ဖြန့် ချိ သွားဖို့ မရှိဘူးလို့  Reuters မှာ ဖော်ပြထားပါတယ်။
Google ဟာ Project Ara ကို တန်ဖိုးနည်း စမတ်ဖုန်းတစ်ခုအဖြစ် ရောင်းချသွားဖို့ ရည်ရွယ် ထားပြီး display ၊ ကင်မရာနဲ့ ဘက်ထရီလို သီးခြား အစိတ်အပိုင်းတွေ ကို ဈေးကွက်တင်ရောင်းချသွားမယ် ဆိုပါတယ်။ဒါဟာ အီလက်ထရောနစ်ဖြုန်းတီးမှုကို လျှော့ချပေးပြီး စမတ်ဖုန်းသက်တမ်းကို စံနမူနာတစ်ခုထိ ချဲ့ထွင်ပေးသွားမှာပါ။

ဒီကိစ္စနဲ့ ပတ်သတ်လို့ Google ဟာ အခုထိ တရားဝင်ကြေငြာချက်ထုတ်ပြန်တာမျိုးမလုပ်သေး ပါဘူး။ Project Ara ရဲ့ တည်ထောင်သူ Dan Makoski ကတော့ 9to5Google နဲ့ သူ့ ရဲ့ ခံစားမှုတွေကို ဆွေးနွေးခဲ့ပါတယ်။
“ဒီကိစ္စကြီးကို တကယ်ဖြစ်လာအောင် အားသွန်ခွန်စိုက် ကြိုးပမ်းခဲ့တဲ့ အဖွဲ့ သားတွေအတွက် စိတ်ပျက်စေပြီး ဘဝထဲမှာ ဆန်းသစ်တီထွင်မှုတွေ ယူဆောင်ပေးဖို့ မျှော်လင့်ထားတဲ့ developers တွေကို ကြေကွဲစေသလို Ara ကနေ ထွက်ရှိလာမယ့် ထုတ်ကုန်တွေကို ရယူဖို့ အားသန်နေတဲ့ တစ်ကမ္ဘာလုံးက ပရိသတ်တွေကိုလည်း စိတ်ဆိုးဒေါသထွက်စေပါတယ်။” လို့  သူက ဆိုပါတယ်။

Google အနေနဲ့ ဒီပရောဂျက်ကို ဖြုတ်ချလိုက်တဲ့ အကြောင်းရင်းကိုတော့ အတိအကျ ရှင်းရှင်းလင်လင်း မသိရသေးပေမယ့် Project Ara ကို ရေးသား develop လုပ်တဲ့ ဖြစ်စဉ်မှာတော့ ကြန့် ကြာနှောင့်နှေးမှုများစွာနဲ့  တွေ့ ကြုံခဲ့ပါတယ်။ အစောပိုင်း သရုပ်ပြ demo ထုတ်ကုန်ဟာ Google I/O 2014 မှာ အဆင်မပြေဖြစ်ခဲ့ပြီး Puerto Rico မှာ 2015 နောက်ပိုင်းမှာ ဖြန့် ချိသွားဖို့ စီစဉ်ခဲ့တာကိုလည်း ပယ်ဖျက်ခဲ့ပါတယ်။
ဒီ development ဟာ Google အနေနဲ့  သက်တမ်းကြာအောင်သုံးခဲ့တဲ့ Nexus အမည်ကို Pixel နဲ့ အစားထိုးသွားမယ်ဆိုတဲ့ သတင်းနဲ့ တစ်ချိန်တည်း တိုက်တိုက်ဆိုင်ဆိုင် ထွက်လာခဲ့ပါတယ်။ တစ်ခြား Android OEMs များကနေ ထုံးစံအတိုင်း ထုတ်လုပ်ဖြန့် ချိထားတဲ့ ရှေ့ လာမယ့်ထုတ်ကုန်တွေပေါ်မှာ Mountain View ကုမ္ပဏီဟာ ပိုမိုလက်တွေ့ ကျတဲ့ နည်းလမ်းနဲ့ ချဉ်းကပ်သွားမှာပါ။

www.pyaephyo.com