9/09/2016

♪ Google Play Store မှာ တိတ်တဆိတ်ထွက်ရှိလာတဲ့ FIFA Mobile Soccer ဂိမ်းအသစ် ♫


EA Sports ဟာ console နဲ့ PC ပရိတ်သတ်တွေ မျှော်လင့်နေတဲ့ FIFA 17 ဂိမ်းမိတ်ဆက်ပွဲမတိုင်မီမှာ၊ FIFA Mobile Soccer ဆိုတဲ့ မိုဘိုင်းဘောလုံးဂိမ်းတစ်ခုကို Google Play Store မှာ တိတ်တဆိတ်ထုတ်ပေးလိုက်ပါတယ်။

လောလောဆည်တော့ အဆိုပါဂိမ်းကို နိုင်ငံတစ်ချို့မှာပဲ ရရှိသေးပြီး၊ မရသေးတဲ့တခြားနိုင်ငံက FIFA ပရိတ်သတ်တွေအနေနဲ့ ကိုယ့်နိုင်ငံမှာ ရရှိတဲ့အခါ သိရှိနိုင်အောင်အတွက် ကြိုတင်စာရင်းပေးသွင်း ထားနိုင်ပါတယ်။

အတည်မပြုနိုင်တဲ့သတင်းအချို့အရ ရုရှားနိုင်ငံမှာ တရားဝင်ဒေါင်းလုဒ်ရယူလို့ရနေပြီဖြစ်တယ်လို့ သိရပါတယ်။ App တွင်းဝယ်ယူမှုတွေပါတာကြောင့် ကျနော်တို့နိုင်ငံကနေ ဆော့ချင်တယ်ဆိုရင် ထုံးစံအတိုင်း VPN သုံးပြီး ဒေါင်းလုဒ်ဆွဲရမှာဖြစ်ပါတယ်။

ယခု FIFA ဂိမ်းအသစ်မှာ အသင်းပေါင်း ၆၅၀ ကျော်၊ လိဂ်ပေါင်း ၃၀ နဲ့ ကစားသမားပေါင်း တစ်သောင်းခုနှစ်ထောင်ကျော် ပါဝင်လာပြီး၊ ဂိမ်းကစားပုံအသစ်တွေလည်း အများကြီးထည့်သွင်းထားတယ် လို့ သိရပါတယ်။

စိတ်ဝင်စားဖို့ကောင်းတာက FIFA 16 တုန်းက ဖိုင်ဒေါင်းလုဒ်ဆိုက် 1.3GB ရှိခဲ့ပေမယ့်၊ ယခု FIFA Mobile Soccer ဂိမ်းကတော့ ဒေါင်းလုဒ်ဆိုက် 100MB လောက်သာရှိပြီး၊ အင်တာနက်လိုင်းနဲ့ အဓိကကစားရဖို့ ရှိပါတယ်။

လောလောဆည်တော့ iOS App Store မှာ မတင်ထားသေးဘဲ၊ မကြာမီရောက်ရှိမှာဖြစ်တယ်လို့ သိရပါတယ်။


Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com