9/13/2016

♪ Galaxy Note 7 တွေဘာကြောင့်ပေါက်ကွဲလဲဆိုတာကို Samsung ရှင်းပြီ ♫


Galaxy Note 7 ဘက်ထရီများ မီးလောင်ပေါက်ကွဲနေကြတာ အလုံးရေ ၃၅ လုံးအထက်ရှိနေပြီ ဖြစ်ကြောင်း Samsung မှ သူ့ ရဲ့ ကမ္ဘာဈေးကွက်မှ ရောင်းချပြီးသား ဖုန်းများ ပြန်လည် သိမ်းဆည်းမှုအကြောင်း ကြေငြာချက်ထဲမှာ ဝန်ခံဖော်ပြထားပါတယ်။ ကုမ္ပဏီအနေနဲ့ Samsung SDI မှ ထုတ်လုပ်တဲ့ ဘက်ထရီတွေဟာ ဒီလိုပေါက်ကွဲမှုတွေရဲ့ အကြောင်းရင်းဖြစ်တယ်လို့  သတ်မှတ်ထားပြီး လက်လီအရောင်းဆိုင်တွေနဲ့ ဖောက်သည်တွေဆီ တင်ပို့ ရောင်းချထားတဲ့ Galaxy Note 7 အလုံးရေ ၂.၅ သန်း လုံးကို ပြန်သိမ်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကိုယ့်မှာသာ Galaxy Note 7 တစ်လုံးရှိနေရင် ဒီပို့ စ်ဟာ မော်ဒယ်အသစ်တစ်လုံး ဒါမှမဟုတ်တစ်ခြား မော်ဒယ်တစ်ခုခု ဖြစ်ဖြစ် ငွေပြန်တောင်းဖို့  လုပ်တာဖြစ်ဖြစ် လုပ်တဲ့နည်းကို ရှင်းပြပေးသွားမှာပါ။



Samsung ဟာ ဒီအစီအစဉ်နဲ့ ပဲ မျှမျှတတဖြစ်အောင် ဖွင့်လှစ်ထားပေမယ့် ကုမ္ပဏီအနေနဲ့ Note 7 ဘက်ထရီတွေ ပေါက်ကွဲရခြင်းအကြောင်းကို အတိအကျ ရှင်းပြမထားခဲ့ပါဘူး။

အခုတော့ Samsung ဟာ Galaxy Note 7 ရဲ့ ဘယ်အစိတ်အပိုင်းက  ပြဿနာ ဖြစ်ခဲ့တယ်ဆိုတာကို ကြေငြာခဲ့တဲ့ သူ့ ရဲ့ UK သတင်းပိုင်းမှာ အမေးအဖြေ ကဏ္ဍတစ်ရပ်ကို တင်ပေး လိုက်ပါပြီ။

“ကျွန်တော်တို့ ရဲ့ စုံစမ်းစစ်ဆေးချက်တွေအရ ပြဿနာက battery cell ကြောင့်လို့ တွေ့ ရပါတယ် ” လို့  Samsung မှ ရှင်းပြခဲ့ပါတယ်။ထုတ်လုပ်မှုဖြစ်စဉ်မှာ အလွန်ဖြစ်ခဲလှတဲ့ အမှားတစ်ခု ဖြစ်တဲ့ anode ကနေ cathode ကိုတိုက်ရိုက်ထိတွေ့ သွားလို့  battery cell လေးတွေ အပူလွန်ကဲမှု ဖြစ်သွားတာပါ။”



အဲဒီမှာ မီးလောင်သွားတာပါပဲ။ဒါဟာ အသေးစိတ်ဖော်ပြမှုတစ်ခု မဟုတ်ပေမယ့် anode နဲ့ cathod လို ဘက်ထရီငုတ်နှစ်ခု တိုက်ရိုက်ထိတွေ့ သွားရင် အခြေအနေမကောင်းတော့ဘူး။

ကုမ္ပဏီကတော့ ဒါဟာ battery cell ပြဿနာ တစ်ခုဖြစ်ပြီး ဖုန်းနဲ့ လုံးဝမဆိုင်ဘူးလို့  ပြောပါတယ်။ ထပ်ပြောရမယ်ဆိုရင် ဒီပြဿနာဟာ Galaxy Note 7 ကိုပဲ သက်ရောက်မှုရှိပြီး တစ်ခြား Samsung ဖုန်းတွေနဲ့ သက်ဆိုင်မှု မရှိပါဘူး။ “ဒါက Galaxy Note 7 မှာပဲ ဖြစ်တာပါ။မော်ဒယ်တစ်ခုချင်းစီမှာ ကွဲလွဲတဲ့ ဒီဇိုင်းနဲ့ ထုတ်လုပ်တဲ့ process ရှိထားပါတယ်။” လို့ Samsung ကဆိုပါတယ်။



Samsung အနေနဲ့ ရှင်းချက်ထုတ်ဖို့ လိုသွားတာက ကုမ္ပဏီအနေနဲ့ ရောင်းပြီးသားအကုန်လုံးကို တာဝန်ဘာကြောင့်ယူလိုက်တာလဲဆိုတာပါပဲ။ တစ်ချို့ တွေကတော့ Samsung SDI ကိုပဲ Galaxy Note 7 ဘက်ထရီများ ပေါက်ကွဲမှုအတွက် အပြစ်တင်ရမယ်ဆိုပေမယ့် Samsung ကတော့ ဒါကို အတည်ပြုမထားပါဘူး။ “ဈေးကွက် ဝယ်လိုအား ရလာအောင် ကျွန်တော်တို့ အနေနဲ့ ထောက်ပံ့ပေးသူ suppliers အများအပြားနဲ့  လုပ်ဆောင်နေပါတယ်။ တစ်ခုရှိတာက အခုလို suppliers အမြောက်အများနဲ့ အလုပ်လုပ်နေစဉ် ဒါကို အတည်ပြုနိုင်မှာ မဟုတ်ပါဘူး လက်ရှိမှာတော့ ဖောက်သည်များ ဘေးကင်းစိတ်ချမှုရှိဖို့ ကို ပထမဦးစားပေး အနေနဲ့  ကာကွယ်ပေးသွားဖို့  ဒီလူတွေနဲ့ လုပ်နေပါတယ်” လို့  Samsung က ပြောဆိုလိုက်ပါတယ်။

Samsung Galaxy Note 7 များကို အောက်ပါ လေကြောင်းလိုင်းတွေနဲ့ လေကြောင်းအဖွဲ့ အစည်းတွေကလည်း လေယာဉ်ပေါ်မှာသယ်ဆောင်ခြင်းမပြုဖို့ (သို့) အသုံးပြုခြင်း ၊ အားသွင်းခြင်းများမပြုလုပ်ဖို့တားမြစ်ထားပါတယ်။

Wai Lin Aung (Myanmar Mobile App)




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com