9/09/2016

♪ အပြာမင်းသမီးက Facebook နဲ့ Mark Zuckerberg အား တရားစွဲ ♫

1

အပြာမင်းသမီးတစ်ယောက်က သူမရဲ့ ဂုဏ်သတင်း ထိခိုက်စေမှုဖြင့် Mark Zuckerberg နဲ့ Facebook ကို တရားစွဲလိုက်ပါတယ်။ သူမက နစ်နာကြေးအတွက် ဒေါ်လာ ၁ ဘီလီယမ် တောင်းဆိုထားပါတယ်။ Lady Paree လို့ အမည်ရတဲ့ အပြာမင်းသမီးက လူများ သူမနဲ့ ပတ်သက်တဲ့ မဟုတ်မမှန် သတင်းများအား Facebook မှာ ပို့စ်တင်နေတာကို Zuckerberg က လျစ်လျှူရှုခဲ့တယ်လို့ ပြောပါတယ်။

Carriere အမည်ရ လူတစ်ဦးက သူမဟာ အမျိုးသားအဖြစ်မွေးဖွားလာပြီး အမျိုးသမီး လိင်အင်္ဂါပြောင်းလဲထားသူလို့ Facebook မှာ ရေးသားခဲ့ပြီးနောက် အဲဒီသတင်းဟာ လူမှုကွန်ရက်မှာ နာမည်ကြီးသွားခဲ့ပါတယ်။ ဒါဟာ သူမရဲ့ ဂုဏ်သတင်းကို ထိခိုက်စေတဲ့ အပြင် သူမဟာ လူများရဲ့ အပြင် ကမ္ဘာမှာ ကိုယ်ထိလက်ရောက် စော်ကားမှုများနဲ့ ခြိမ်းခြောက်မှုများကို ခံခဲ့ရပါတယ်။

လူတစ်ဦးက သူမကို ဓါးဖြင့် တိုက်ခိုက်ခဲ့တဲ့အတွက် အချက် ၁၅၀ ချုပ်ခဲ့ရပြီး မူလမျက်နှာ ပြန်လည်ရရှိဖို့ ခွဲစိတ်ခဲ့ရပါတယ်။ သူမက Carriere ကို တရားစွဲခဲ့ပြီး ၂.၅ သန်း လျော်ကြေးရခဲ့ပါတယ်။ သူမက ဒီလို မဟုတ်မမှန် ပြောကြားမှုများကို လျစ်လျှူရှုထားတဲ့ အတွက် Facebook နဲ့ စီအီးအိုကိုပါ တရားစွဲထားတာပါ။


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com