Budget  စမတ်ဖုန်းတွေအကြောင်းပြောရရင်တော့ ဈေးနှုန်းလည်းသက်သာ၊ သုံးစွဲရလည်းကောင်းတဲ့ Ding Ding စမတ်ဖုန်းတွေဟာလည်းကောင်းတယ်လို့ဆိုရပါမယ်။ 1.5GHz  quad-core  processor အသုံးပြုထား ပြီး RAM 2GB နဲ့ Internal Storage (ROM) 16GB ပါဝင်ပါတယ်။ Micro SD မမ်မိုရီကတ် 64GB အထိ ထပ်စိုက်လို့ရပါတယ်။မျက်နှာပြင် 5.0 လက်မ ရှိပြီး 720×1080 HD pixels Resolution ထွက်ပါတယ်။ရှေ့ကင်မရာ 8MP နဲ့ အဓိက ကင်မရာ 13MP ပါဝင်ပါတယ်။ Android Version 5.1 ကိုအသုံးပြုထားပါတယ်။ Wifi, Bluetooth, GPS နှင့် FM Radio ပါဝင်ပါတယ်။ mini HDMI Port ပါဝင်ပါတယ်။

ဘက်ထရီ အနေနဲ့ကတော့ 2600mAh  ကိုအ သုံးပြုထားပါတယ်။ နားကြပ်၊ မှန်ကပ် နှင့် စီလီကွန်ပါဝါ ပါဝင်ပါတယ်။ MediaTek MT6735P Chipset ကိုအသုံးပြုထားပြီး 1.5GHz  quad-core နဲ့မောင်းနှင်ပေးမှာဖြစ်လို့ ဂိမ်းအမြင့်တွေအပါအ၀င် မြင့်မားတဲ့ လုပ်ဆောင်ချက်တွေကို လည်းကောင်းစွာဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ CPU အားကောင်းကောင်းနဲ့ လည်ပတ်နိုင်စေဖို့ Mali-T760 GPU ကိုလည်းထပ်မံအားဖြည့်ပေးထားပါတယ်။

အပိုထပ်တိုးမှတ်ဥာဏ်ကတ်ကို 64 GB အထိတိုးမြှင့်ထားနိုင်တဲ့အတွက်ရုံးလုပ်ငန်းဆိုင်ရာ အချက်အလက်တွေကအစ ကိုယ်ရေးကိုယ်တာအရေးကြီးအချက်အလက်တွေထိ အဆုံးဒီဖုန်းထဲမှာပဲ သိမ်းဆည်းထားနိုင်ပါတယ်။ ကြည်လင်ပြတ်သားတဲ့ပုံရိပ်တွေကို အကောင်းစား ကင်မရာကြီးတွေနဲ့ ရိုက်ကူး နေစရာမလိုတော့ပါဘူး။ ဒီဖုန်းတစ်လုံးရှိရုံနဲ့လုံလောက်နေပြီ။ အသံပိုင်းဆိုင်ရာမှာလည်း ကြည်လင်ပြတ်သားတဲ့စတူဒီယိုအသံမျိုးဖြစ်အောင် Loudspeaker ကိုတင်ဆင်ပေးထားတယ်။

Network ပိုင်းအနေနဲ့မြန်မာနိုင်ငံကွန်ရက်နဲ့ကိုက်ညီအောင် GSM Network ကိုအသုံးပြု ရမှာဖြစ်ပါတယ်။ ကြိုးမဲ့ချိတ်ဆက် စနစ်တွေဖြစ်တဲ့ WiFi,Bluetooth,NFC,GPS စတဲ့စနစ်တွေ ကို အသုံးပြုနိုင်ပါတယ်။ ကာလာတွေအနေနဲ့ကတော့ Black, Silver, Champagne စတဲ့အရောင်တွေရှိပြီး နှစ်သက်ရာ ကာလာကိုရွေးချယ်နိုင်ပါတယ်။

တန်ဖိုး – ၁၆၃,၀၀၀ ကျပ် ဖုန်း – ၀၉ ၂၅၇၃၃၃၃၁၃