ဖုန်းများကြားမှာ ဖိုင်များ မျှဝေနိုင်တဲ့ Zapya ကို လူသိများကြပါတယ်။ ဖုန်းများကြားမှာ သာမကဘဲ ပီစီများ၊ တက်ဘလက်များကြားမှာ အင်တာနက် ဆက်သွယ်မှုဖြင့် ဖိုင်များ မျှဝေနိုင်တဲ့ Zapya WebShare App ကိုလည်း Zapya က ထုတ်လုပ်ပေးထားပါတယ်။ သင့်ရဲ့ Android Device မှ ဓါတ်ပုံ၊ ဗီဒီယိုနဲ့ အခြား ဖိုင်များကို သင့်ရဲ့ ပီစီ၊ တက်ဘလက်နဲ့ အခြားဖုန်းများကနေ အပြန်အလှန် ရယူ၊ ပေးပို့နိုင်ပါတယ်။ သင့် Android Device မှ ဗီဒီယို၊ သီချင်းများကို အခြား Device များကနေ ကြည့်ရှု နားဆင်နိုင်ပါတယ်။ ဒါ့အပြင် Apps များကို Install/ Uninstall လုပ်နိုင်ပါတယ်။ သင့်ဖုန်းရဲ့ ကင်မရာကိုလည်း ကြည့်ရှုနိုင်တဲ့အတွက် သင့် ဖုန်း အဟောင်းမှာ Zapya WebShare ကို ထည့်သွင်းထားရင် နေအိမ်လုံခြုံရေး ကင်မရာ ၊ ကလေး စောင့်ကြည့်တဲ့ ကင်မရာ အဖြစ် အသုံးပြုနိုင်ပါတယ်။

၁။ Zapya WebShare ကို ဖုန်းမှာ ထည့်သွင်းပြီးရင် ဖွင့်ပါ။ နည်း သုံးနည်းဖြင့် အခြား Device များနဲ့ ချိတ်ဆက်နိုင်ပါတယ်။ ဒီ Tutorial မှာ Hotspot Link ကို အသုံးပြုမှာပါ။ Mobile Data နဲ့ Hotspot ကိုဖွင့်ပါ။ အခြား Device များကနေ Hotspot ကို ချိတ်ဆက်ပါ။ ပြီးရင် ပြသထားတဲ့ ၀က်ဆိုက်လိပ်စာကို ရိုက်ထည့်ပါ။ ဒါမှမဟုတ် QR Code ကို Scan လုပ်ပါ။

1
၂။ ဒါဆိုရင် အခြား Device မှာ အောက်ပါ ပုံမှာလို မြင်ရမှာပါ။ ဒီ Tutorial မှာတော့ အခြား ဖုန်းတစ်လုံးကို အသုံးပြုထားပါတယ်။
2
၃။ Main Screen ကနေ Photo ထဲသွားရင် သင့်ဖုန်းမှ ဓါတ်ပုံများကို အခြား ဖုန်းကနေ မြင်ရမှာပါ။ ပုံကို တစ်ချက်နှိပ်ပြီး အကြီးချဲ့ကြည့်ပါ။ အကြီးချဲ့ထားတဲ့ ပုံကို ဖိထားပြီး Save Image ကို နှိပ်ရင် သိမ်းပေးမှာပါ။
3
၎။ Main Screen ကနေ Video ထဲသွားရင် သင့်ဖုန်းမှ ဗီဒီယိုများကို အခြား ဖုန်းကနေ ကြည့်နိုင်ပါတယ်။
4

Main Screen ကနေ App & Game ထဲသွားရင် သင့်ဖုန်းမှ Apps များကို Uninstall လုပ်နိုင်ပါတယ်။
၅။ Main Screen ကနေ Camera ထဲသွားရင် သင့်ဖုန်း ကင်မရာကို အခြားဖုန်းကနေ သုံးနိုင်ပါတယ်။ Shutter Button ကို နှိပ်ရင် ဓါတ်ပုံရိုက်ပေးမှာပါ။ Settings Icon ကို နှိပ်ရင် Flash ဖွင့်ခြင်း၊ Front/ Back Camera ပြောင်းခြင်း၊ Autofocus လုပ်ခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်။

5

Main Screen ကနေ File Upload ထဲသွားရင် အခြားဖုန်းကနေ သင့်ဖုန်းထံ ဖိုင်များ ပေးပို့နိုင်ပါတယ်။ Zapya WebShare ဟာ သင့်ဖုန်းမှ ဖိုင်များကို သင့်ရဲ့ အခြား Device များကနေ ရယူဖို့အတွက် အသုံးဝင်ပါတယ်။

Zapya WebShare ရဲ့ ဖိုင်အရွယ်အစားဟာ 2.5MB ရှိပြီး Android 4.0 နဲ့ သူ့အထက်မှာ သုံးနိုင်ပါတယ်။ အောက်ပါ Link မှာ အခမဲ့ ရယူနိုင်ပါတယ်။

Download Zapya WebShare – File & Camera