9/03/2016

♪ ကမ္ဘာ့ပထမဆုံး မျက်နှာပြင်ကွေး လက်တော့ပ် ထွက်ပေါ် ♫


စမတ်ဖုန်းတွေမှာသာ မဟုတ်တော့ဘဲ လက်တော့ပ်တွေမှာပါ မျက်နှာပြင်အကွေးတွေနဲ့ မြင်တွေ့ရဖို့ နီးလာပြီလို့ ပြောရတော့မှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ဘာလင်မြို့မှာ ကျင်းပတဲ့ IFA ပြပွဲမှာတော့ ထိုင်ဝမ် ကုမ္ပဏီ Acer ကနေ ကမ္ဘာ့ပထမဆုံး ဖြစ်လာမယ့် မျက်နှာပြင်အကွေးနဲ့ လက်တော့ပ်ကို ပွဲထုတ်ခဲ့တယ်လို့ သြဂုတ် ၃၁ ရက်က bbc.com သတင်းဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

2
.
မျက်နှာပြင်အကွေးနဲ့ Screen တွေကို ရုပ်ရှင်ရုံတွေမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုနေပြီ ဖြစ်သလို တီဗီတွေ ဆိုရင်လည်း လွန်ခဲ့တဲ့သုံးနှစ်လောက်ကတည်းက မျက်နှာပြင်အကွေးတွေနဲ့ ထွက်ပေါ်လာခဲ့ကြပေမဲ့ ပထမဆုံး မျက်နှာပြင်ကွေး လက်တော့ပ်ကိုတော့ အခုမှ မြင်တွေ့ခွင့်ရတာ ဖြစ်ပါတယ်။ ကုမ္ပဏီဘက်ကတော့ အခုလက်တော့ပ်ဟာ ဗီဒီယိုဂိမ်း ကစားတာတွေပါ အကောင်းဆုံး လုပ်ဆောင်နိုင်မယ့်အနေအထားမှာ ရှိတယ်လို့ ကြောကြားထားပါတယ်။

3
.
“ပုံမှန် ရိုးရိုး လက်တော့ပ်တွေရဲ့ Screen ကို အဆုံးသတ်စေမလား” ဆိုပြီး အားလုံးရဲ့စိတ်ဝင်တစားနဲ့ အာရုံစိုက်ခံရတဲ့ ဒီလက်တော့ မျက်နှာပြင်ဟာ ၂၁ လက်မ (၅၃ ဒသမ ၃ စင်တီမီတာ) ရှိတယ်လို့ သိရပါတယ်။ လက်တော့ပ် မျက်နှာပြင်အကွေးနဲ့ လူ့မျက်လုံး အခုံးတို့ဟာ Match ဖြစ်သွားစေပြီး မြင်ကွင်းကျယ် ပေးစွမ်းနိုင်မယ်လို့ Acer Europe ရဲ့ John Miedema က ဘီဘီစီ ကို ပြောပါတယ်။


Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com