9/19/2016

♪ နိုင်ငံခြား ဘာသာစကား ညနေခင်း သင်တန်းများကို အွန်လိုင်းမှ တစ်ဆင့် လျှောက်ထားနိုင် ♫


လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးမှုဌာန (နိုင်ငံခြားဘာသာတက္ကသိုလ်) တွင် အခြေခံ ၁ (Basic Level 1) တရုတ်၊ အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမန်၊ ဂျပန်၊ ကိုရီးယား၊ ရုရှား၊ ထိုင်းနှင့် မြန်မာဘာသာ ညနေခင်းသင်တန်းများကို ဖွင့်လှစ်မည်ဖြစ်ရာ အွန်လိုင်းမှလျှောက်ထားနိုင်ကြောင်း သိရသည်။

အင်္ဂလိပ်စာဘာသာအား အောက်တိုဘာလ ၃ ရက်မှ ဒီဇင်ဘာလ ၂၃ ရက်အထိ ၃ လကြာ တက်ရောက်ရမည်ဖြစ်ပြီး ကျန်ဘာသာများမှာ အောက်တိုဘာလ ၁၀ ရက်မှ ၂၀၁၇ ခုနှစ် မတ်လ ၂၄ ရက် အထိ ၆ လကြာ တက်ရောက်ရမည်ဖြစ်သည်။ အွန်လိုင်းမှ လျှောက်ထားလိုသူများအနေဖြင့် စက်တင်ဘာလ ၂၁ ရက် နံနက် ၉ နာရီမှစတင်ကာ သတ်မှတ်ဦးရေ ပြည့်သည်အထိ လျှောက်ထားနိုင်မည် ဖြစ်ပြီး စက်တင်ဘာလ ၂၇ ရက်နှင့် ၂၈ ရက်အထိ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ သင်တန်းကြေးများကို ပေးသွင်းနိုင်မည်ဖြစ်သည်။

လျှောက်ထားလိုသူများသည် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်လက်မှတ်မူရင်းနှင့် မိတ္တူ သို့မဟုတ် အမှတ်စာရင်းမူရင်းနှင့် မိတ္တူ သို့မဟုတ် ဘွဲ့လက်မှတ်မူရင်းနှင့် မိတ္တူ၊ ဓာတ်ပုံ ၃ ပုံ၊ လျှောက်လွှာနှင့်အတူ ပူးတွဲလျှောက်ထားရမည်ဖြစ်သည်။

အွန်လိုင်းမှတစ်ဆင့် လျှောက်လွှာတင်သွင်းထားသူများသည် ပုံမှန်စစ်ဆေးရန်နှင့် သင်တန်းကြေးပေး သွင်းရန်ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်သို့ သတ်မှတ်ရက်တွင် ကိုယ်တိုင်သွားရောက် တင်သွင်းရမည် ဖြစ်သည်။ လျှောက်ထားလိုသူ မြန်မာကျောင်းသားများအတွက် http://yufl.info/chrd-form/ သို့မဟုတ် https://www.myanmarwave.com/yufl-chrd-form/ သို့လည်းကောင်း၊ မြန်မာဘာသာသင်ကြားမည့် နိုင်ငံခြားသား ကျောင်းသားများအတွက် http://yufl.info/international-student/ သို့မဟုတ် https://www.myanmarwave.com/yufl-international-student/ တွင် လျှောက်ထားနိုင်မည်ဖြစ်သည်။

အခြေခံ ၂ Basic Level II သင်တန်းနှင့် အထက် သင်တန်းများသည် အဆိုပါတက္ကသိုလ်သို့ တိုက်ရိုက်လျှောက်ထားရမည် ဖြစ်သည်။ အသေးစိတ် ထပ်မံ သိရှိလိုသူများအနေဖြင့် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ဖုန်း - ၅၃၅၉၈၅ နှင့် Myanmar Wave ဖုန်း - ၀၁-၃၇၃၃၉၈၊ ၀၉၃၁၆၇၅၂၀၅ သို့ ဆက်သွယ်မေးမြန်းနိုင်မည် ဖြစ်သည်။


Credit to ==> Internet Journal

<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com