6/03/2016

♪ “MPT မှ ဖုန်းခေါ်ဆိုလျှင် သီချင်းသံကြားရသည့် အစီအစဉ်အား လစဉ်ကြေး ကျပ် ၁ဝဝဝ အဖြစ် လျှော့ချပေး” ♫

http://www.chili.mu/wp-content/uploads/2014/06/CallerTunes.jpg

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT မှ ဖုန်းခေါ်ဆိုလျှင် ဖုန်းသံ အစား သီချင်းသံကြားရသည့် "Caller Ring Back Tone" (CRBT) ဝန်ဆောင်မှု အသုံးပြုသူများအားလစဉ်ကြေး ကျပ်နှစ်ထောင်အစား ကျပ်တစ်ထောင်သို့ ဇွန်လမှစပြီး လျှော့ချပေးလိုက်ကြောင်း သတင်းထုတ်ပြန်ပါသည်။CRBT ဝန်ဆောင်မှုသည် တစ်စုံတစ်ဦး သင့်ဖုန်းကိုခေါ်ဆို၍ ဖုန်းပြန်လည်ဖြေကြားမှု ကို စောင့်ဆိုင်းနေစဉ် အချိန်အတွင်း သီချင်းများနားဆင်နိုင်မည့် ဝန်ဆောင်မှု ဖြစ်သည်။ ယခုအချိန်တွင် ရွေးချယ်နိုင်မည့် သီချင်းအပုဒ်ရေ တစ်ထောင်ကျော်ရှိနေကြောင်းသိရသည်။

ဇွန်လ ၁ရက်နေ့မှစတင်၍ MPT GSM နှင့် WCDMA ဖုန်း အသုံးပြုသူများသည် ယခုအခါ လစဉ်ကြေး ၁ဝဝဝ ကျပ်နှင့် သီချင်းတစ်ပုဒ်လျှင် တစ်လ ၃ဝဝ ကျပ်နှုန်းဖြင့် CRBT ခေါ်သူ နားဆင် တေးသံစဉ်ဝန်ဆောင်မှုကို ရွေးချယ်အသုံးပြုနိုင်မည်ဖြစ်သည်။ သို့ရာတွင်အဆိုပါ ဝန် ဆောင်မှုများ အတွက် ကုန်သွယ်လုပ်ငန်းခွန် ၅% ထပ်ဆောင်းပေးဆောင်ရမည် ဖြစ်သည်။

အဆိုပါ CRBT ဝန်ဆောင်မှုကို ရယူလိုသူများသည် နှစ်သက်ရာသီချင်းများကို MPT မှ မတ်လအတွင်း မိတ် ဆက်ခဲ့သည့် http://lotaymamm.com စာမျက်နှာတွင် ရွေးချယ်နားဆင်နိုင်သကဲ့သို့ ရယူအသုံးပြုလိုသူများ အနေ ဖြင့် REG ဟု ရိုက်နှိပ်ပြီး 7979 သို့ စာတိုပေးပို့ကာ ဇွန်လ ၁ ရက်နေ့မှ စတင် ရယူနိုင်ပါသည်။ယခင်နံပါတ် 1772 နှင့် 1773 များသို့ မတ်ဆေ့ပေးပို့၍ CRBT ဝန်ဆောင်မှုရယူထားသူများမှာ ယခုဈေးနှုန်း အသစ်ကိုရယူနိုင်ရန် ပထမဦးစွာ ယခင်ရယူထားသော CRBT ဝန်ဆောင်မှုကို ပယ်ဖျက် (Unsubscribe)ရမည် ဖြစ်ပြီးယခင်ဈေးနှုန်းဖြင့် ဒေါင်းလုဒ်ရယူထားသည့် သီချင်းများကိုမူ ဆက်လက်အသုံးပြု၍ရနိုင်တော့မည်မဟုတ်ကြောင်း သတင်းထုတ်ပြန်ချက် တွင် ဖော်ပြထားပါသည်။

ရဲလင်းလင်းသန်း
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com