မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာတစ်ခုဖြစ်သော မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း MPT မှ Facebook နှင့်ပူးပေါင်း၍ အခမဲ့အသုံးပြုနိုင်သော Free Basic နှင့် Facebook Flex ကို ဇွန်လ (၂) ရက်တွင် စတင် မိတ်ဆက်လိုက်သည်။

MPT သည် ၄င်းတို့၏ ရှေ့သို့လှမ်းချီ MPT ဟူသောဆောင်ပုဒ်နှင့်အညီ မြန်မာပြည်သူပြည်သား များ မိုဘိုင်းအင်တာနက်ကို ပိုမိုအသုံးပြုလာနိုင်စေရန်အတွက် မိုဘိုင်းဝန်ဆောင်မှုများကို လုပ်ဆောင် လျက်ရှိသည်။ MPT သည် သုံးစွဲသူတိုင်းအတွက် အချိန်တိုင်းအတူရှိနေနိုင်သည့် အဆင်ပြေ လွယ်ကူ နိုင်စေသာ ၀န်ဆောင်မှုများကိုလည်းပေးလျက်ရှိသည်။ စစ်တမ်းများအရ Free Basic ၀န်ဆောင်မှု အပါအ၀င် Facebook ၏ ၀န်ဆောင်မှုကို အသုံးပြုသူပေါင်း ၂၅ သန်းကျော်ကို အွန်လိုင်းနှင့် ချိတ်ဆက်နိုင်စေ ရန် လုပ်ဆောင်နိုင်ခဲ့ပြီဟုသိရသည် ။

ယခုအခါ MPTနှင့် Facebook တို့ပူးပေါင်း၍ သုံးစွဲသူများ အခြေခံ အင်တာနက် ၀န်ဆောင်မှုများမှတဆင့် အချင်းချင်းဆက်သွယ်ချိတ်ဆက်နိုင်ရန် လုပ်ဆောင်ပေးတော့မည်ဖြစ်ပြီး  လူပေါင်းများစွာကို အင်တာနက်ဝန်ဆောင်မှုပေးကာ ချိတ်ဆက်ဆက်သွယ်မှုကြောင့်  ရရှိမည့်အကျိုးရလဒ်များကို ခံစားစေနိုင်တော့မည်ဖြစ်သည်။

MPT ဆွေသဟာ သုံးစွဲသူများအနေဖြင့် ၂၀၁၆ခုနှစ် ဇွန်လ ၆ရက်နေ့မှစတင်ကာ Free Basics နှင့် Facebook Flex ကို အခမဲ့အသုံးပြုခွင့်ရတော့မည်ဖြစ်သည်။ အဆိုပါစတင်မှုသည် Facebook ၏ ရည်ရွယ်ချက်တစ်ခုဖြစ်သည့် လူအများအပြားကို အင်တာနက်အွန်လိုင်း အသုံးပြုနိုင်စေရေးအတွက် လည်း အဓိကကျသောစတင်မှုဖြစ်သည် ။

Facebook Flex ကို အသုံးပြုသူများသည် ပုံစံနှစ်မျိုး (အခမဲ့ပုံစံနှင့်ဒေတာအသုံးပြုပုံစံ ) ကို ကူးပြောင်းအသုံးပြုနိုင်မည်ဖြစ်ပြီး အခမဲ့ပုံစံအသုံးပြုနေစဉ်တွင် စာများတင်နိုင်ခြင်း ၊ ကွန်မန့်ပေးနိုင်းခြင်း ၊ လိုက်ခ်ပြုလုပ်နိုင်ခြင်းနှင့် အခမဲ့စာရိုက်စကားပြောနိုင်ခြင်း တို့ကို ပြုလုပ်နိုင်မည်ဖြစ်ပြီး ဓာတ်ပုံနှင့်ဗီဒီယိုများကို ကြည့်ရှုနိုင်မည်မဟုတ် ဟုသိရှိရသည်။

MPT အသုံးပြုသူများသည် Android သို့မဟုပ် iPhone ဖြစ်စေ မိုဘိုင်းဖုန်းများမှတဆင့် အခမဲ့ဖြစ်သော အခြေခံ application ကို ရယူသုံးစွဲနိုင်သည် ။Facebook Flex ကိုမှု mobile app များမှတဆင့် သို့မဟုတ် www.facebook.com နှင့် အခမဲ့အခြေခံဝက်ဆိုက် www.freebasics.com တွင်လည်းကြည့်ရှုနိုင်ပါသည်။

#Kaung_Myat_Yar