6/11/2016

♪ လက်မှာခေါက်ပြီး ပတ်ထားလို့ရတဲ့ စမတ်ဖုန်းတစ်မျိုးကို Lenovo မိတ်ဆက် ♫


Lenovo ဟာ ကြာသပတေးနေ့က ဆန်ဖရန်စစ္စကိုမှာ ကျင်းပပြုလုပ်သွားခဲ့တဲ့ ၂၀၁၆ ခုနှစ် Tech World ပြပွဲမှာ၊ အထူးဆန်းဆုံးစမတ်ဖုန်းတစ်လုံးကို မိတ်ဆက်ပြသသွားခဲ့ပါတယ်။

Cplus လို့ ရှေ့ပြေးနာမည်ပေးထားတဲ့ ဒီဖုန်းဟာ ကျနော်တို့ငယ်ငယ်တုန်းက ဆော့ကစားဖူး ခဲ့ကြတဲ့ ခေါက်ပေတံ လိုမျိုးဖြစ်ပြီး၊ သာမန်ဖုန်းပုံစံမျိုးကနေ လက်မှာကွေးပြီး ပတ်ထားနိုင်တဲ့ စမတ်ဖုန်းဖြစ်ပါတယ်။

Capture1

ယခု Cplus ဖုန်းဟာ လက်ရှိမှာ ရှေ့ပြေးပုံစံအနေနဲ့သာရှိသေးပြီး၊ ၄.၂၆ လက်မအရွယ် ကွေးညွတ်နိုင်တဲ့မျက်နှာပြင် (bendable display) နဲ့ Android စနစ်တို့ ပါရှိပြီး၊ အရောင်အမျိုးအစား ၁၂ မျိုးအထိ ထွက်ရှိမှာဖြစ်တယ်လို့ သိရပါတယ်။ ဒီဖုန်းနဲ့ ပတ်သတ်ပြီး တခြားအသေးစိတ်အချက်အလက်တွေကိုတော့ Lenovo က ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ပါဘူး။

Lenovo ဟာ လက်ကောက်ဝတ်မှာပတ်ထားလို့  Cplus ဖုန်းအပြင်၊ တက်ဘလက်ပုံစံကနေ သာမန်စမတ်ဖုန်းအဖြစ် ခေါက်ပြီးသုံးလို့ရတဲ့ နောက်ထပ်စမတ်ဖုန်းအသစ်တစ်လုံးကိုလည်း မိတ်ဆက်သွားခဲ့ပါတယ်။

Lenovo မိတ်ဆက်ပွဲမှာ ပွဲတက်ပရိတ်သတ်တွေကြားထိုင်နေတဲ့ ဇာတ်ညွန်းရေးဆရာမ Meghan McCarthy ဟာ လူအုပ်ထဲကနေထကာ၊ Cplus ဖုန်းကိုလက်မှာပတ်ပြပြီး၊ နောက်ထပ် တက်ဘလက်တစ်လုံးကိုလည်း အလယ်ကနေခေါက်ကာ စမတ်ဖုန်းတစ်လုံးအနေနဲ့ သုံးပြသွားခဲ့ပါတယ်။



Lenovo ရဲ့ Tech World 2016 ပွဲမှာ မိတ်ဆက်သွားခဲ့တဲ့ နောက်ထပ်နည်းပညာတွေကိုလည်း နောက်ထပ် တင်ပြပေးသွားမှာမို့ ဆက်လက်စောင့်မျှော်ဖတ်ရှုနိုင်ပါတယ်။

Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com