3/10/2016

♪ “Vivo V1” ♫


တရုတ်နိုင်ငံထုတ်ဖုန်းများထဲတွင် Vivo အမှတ်တံဆိပ်သည်လည်း ရောင်းချ ရမှုအခြေအနေကောင်းမွန်ပါ တယ်။ ပြည်တွင်းရှိ ဖုန်းဆိုင်အများစု တွင်လည်း Vivo ဟန်းဆက်များကို ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ Vivo ဟန်းဆက်တွေထဲ တွင် X Shot , X5 Pro နှင့် X5 Max တို့ဟာ ဈေးနှုန်းတန်ဖိုးမြင့်မားပြီး စွမ်းရည်ကောင်းမွန်သော ဖုန်းအမျိုးအစားများဖြစ်ပါတယ်။ အလယ်အလတ် ဟန်းဆက်များအနေဖြင့် X3S, Y31 နှင့် V1 တို့ကို ပြည်တွင်း၌၀ယ်ယူ ရရှိ နိုင်ပါတယ်။ V1 ဟာ မျက်နှာပြင် အရွယ်အစား ငါးလက်မရှိခြင်းကြောင့် သုံးစွဲသူများအတွက် ပုံရိပ်ကြည့်ရှုတဲ့အခါတွင်အဆင်ပြေစေပါ လိမ့်မယ်။

 မြင်ကွင်းစွမ်းရည် အတွက် ထောက်ပံ့ပေးထားသော pixels ပမာဏကတော့ 720 × 1280 ဖြစ်ပါတယ်။ ဆင်းကတ်နှစ်ကတ်ထည့်သွင်းသုံးစွဲလို့ ရပါမယ်။ ကင်မရာနှစ်မျိုးနှစ်စားတပ်ဆင်ပေးထားပြီး၊ ကင်မရာနှစ်ခုစလုံးဟာ အရည် အသွေးကောင်းမွန်ပါတယ်။ အနောက်ဘက်ဘေးထောင့်တွင်လေးထောင့် ပုံသဏ္ဌာန်ရှိသော အဓိကကင်မရာသည် 13MP စွမ်းရည်ရှိပြီး၊ ရှေ့ကင်မရာ ငယ်ကတော့ 5MP စွမ်းရည်ဖြစ်ပါတယ်။ ထည့်သွင်းပေးထားသော Chipset အမျိုးအစားကတော့ Qualcomm Snapdragon 410 ပါ။

မှတ်ဥာဏ်ပမာဏအပိုင်းတွင် RAM သည် 2GB ပါရှိမှာဖြစ်ပြီး၊ Internal Storage တွင် 16GB ထည့်သွင်းပေးထားပါတယ်။ အချက်အလက် အများ အပြား သိမ်းဆည်းနိုင်ဖို့ အတွက်လည်း မှတ်ဥာဏ်ပမာဏကို ချဲ့ထွင် အသုံးပြုနိုင်ပါမယ်။ Android OS,v5.0 တွင် FunTouch 2.1 ကို တွဲဖက် သုံးစွဲနိုင်ပါမယ်။ CPU ရဲ့ စွမ်းရည်ဟာ QuadCore 1.2 GHz ဖြစ်ခြင်းကြောင့် ဖုန်းကို အသုံးပြုတဲ့အခါ၌ လျင်မြန်သော တုံ့ပြန်မှုကိုရရှိခံစားနိုင်ပါလိမ့်မယ်။ wifi, GPS စနစ်များကို သုံးစွဲနိုင်မယ့် ယခု ဖုန်းရဲ့ ဘက်ထရီ အမျိုးအစားက တော့ 2300mAh ဖြစ်ပါတယ်။ စကားပြောဆိုဖို့အတွက် ၁၃ နာရီနီးပါးနှင့် သီချင်းနားထောင်ဖို့ ၃၂ နာရီနီးပါး ခံနိုင်စွမ်းရှိပါမယ်။

<Specification>
Network - GSM/HSPA/LTE
Screen - 5 inches
Memory - up to 128 GB
Bluetooth - v4.0
Camera - 13 MP
OS - Android OS, v5.0
Contact - 01-371924
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com