3/10/2016

♪ Samsung က အလွန်ပါးလွှာသော Notebook 9 လေးမျိုးကို မိတ်ဆက် ♫


Samsung က Notebook 9 ဟု အမည်ပေးထားသော အလွန်ပါးလွှာသည့် Ultrabook လေးမျိုးကို မိတ်ဆက်လိုက်ပါသည်။ စွမ်းဆောင်ရည်မြင့်မားပြီး အထူမှာ ၀.၅ လက်မနှင့် အလေးချိန်မှာ ၈၆၀ ဂရမ်သာရှိပါသည်။

တန်ဖိုးအနည်းဆုံး မော်ဒယ်မှာ ဒေါ်လာ ၁၀၀၀ ဖြစ်ပြီး ၁၃.၃ လက်မ 1080p Display, Intel Core i5 Processor, 8GB RAM, 256GB SSD ထည့်သွင်းထားပါသည်။ ဒေါ်လာ ၁၂၀၀ တန် မော်ဒယ်တွင် ၁၃.၃ လက်မ အရွယ် ခေါက်ချိုးနိုင်သော QHD+ Display , Intel Core i7 Processor နှင့် ၁၅.၆ လက်မအရွယ် 1080p Display, Intel Core i7 Processor တို့ကို ရွေးချယ်နိုင်ပါသည်။

ဒေါ်လာ ၁၄၀၀ တန် Notebook 9 Pro တွင် ၁၅.၆ လက်မ UHD Display, Intel Core i7 Processor, NVIDIA GeForce GTX 950M Graphics Chipset တပ်ဆင်ထားပါသည်။ ၁.၃၂ ကီိလိုဂရမ် အလေးချိန်ရှိပါသည်။ Ultrabooks လေးမျိုးစလုံးတွင် Windows 10 OS မောင်းနှင်မည်ဖြစ်ပါသည်။

Credit to ==> Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com