3/01/2016

♪ “Samsung Galaxy A8” ♫


Samsung သည် သူ့ရဲ့နောက်ဆုံးထုတ် ဟန်းဆက်များကို မိတ်ဆက်လာခဲ့ ပါပြီ။ အကောင်းစားဖုန်းများကို ကြိုက်နှစ်သက်သူများအတွက် ကောင်းမွန် သော စွမ်းဆောင်ရည်များနဲ့ ဖန်တီးပေးထားသည့် ဖုန်းတွေ ဖြစ်ပါတယ်။ Samsung မှမဟုတ်ဘဲ အခြားသောအမှတ်တံဆိပ်များသည် ဖုန်းနာမည်မှည့် ခေါ်ရာ၌ Series အလိုက် သတ်မှတ်ခေါ်ဆိုကြပါတယ်။ Samsung ဟာ A8 ဆိုသော ဟန်းဆက်ကိုလည်း ထုတ်လုပ်ရောင်းချပေးထားပါတယ်။

A8 သည် ပြီးခဲ့သော နှစ် ၈ လပိုင်းက ထုတ်လုပ်ပေးထားခြင်းဖြစ်ပါတယ်။ A7 ထက် အရွယ်အစားပမာဏ အနည်း ငယ်ပိုကြီးပါ တယ်။ 2G, 3G, 4G Network အထောက်အပံ့ကို ပေးစွမ်းမယ့်ဖုန်းပါ။ ဖုန်းရဲ့ အရွယ်အစားပမာဏကတော့ 158 x 76.8 x 5.9mm ဖြစ်ကာ အလေးချိန်မှာ 151g ရှိပါတယ်။ Nano Sim ထည့်သွင်းအသုံးပြုရပါမယ်။ Super AMOLED capacitive touch screen ရဲ့ အကျယ်အ၀န်းပမာဏကတော့ 5.7inches ဖြစ်ပါတယ်။ မြင်ကွင်းစွမ်းရည် အတွက် ထောက်ပံ့ပေးထားသော pixels ပမာဏမှာ 1080 x 1920 ဖြစ်ပါ တယ်။ ၁ လက်မမှာရှိမယ့် Pixel ပမာဏသိပ်သည်းဆကတော့ 386ppi ပါ။ A8 သည် A7 ထက် ppi သိပ်သည်းဆပိုများပါတယ်။ ကင်မရာစွမ်းရည်ပိုင်း တွင်လည်း A8 က A7 ထက်ပိုပြီး အရည်အသွေးကောင်းမွန်သော ဓာတ်ပုံ များကို ပေးစွမ်းနိုင်ပါလိမ့်မယ်။

A8 ရဲ့ အဓိကကင်မရာဟာ 16MP စွမ်းရည် ရှိပြီး ပုံရိပ်များကို 5312 x 2988 pixels ပမာဏနဲ့ ဖော်ပြပေးပါမယ်။ ရှေ့ကင်မရာငယ်စွမ်းရည်ကတော့ 5MP ဖြစ်ပြီး ဗွီဒီယိုရိုက်ကူးနိုင်မယ့် စွမ်းရည်ကတော့ 1080p ဖြစ်ကာ နှုန်းသည် တစ်စက္ကန့်ကို 30Frames ပါ။ မှတ်ဥာဏ်ပမာဏအပိုင်းတွင် RAM ကို 2GB ထည့်သွင်းပေးထားပြီး ဖုန်းတွင်း မှတ်ဥာဏ်ပမာဏအနေဖြင့် 32GB ပါရှိပါ တယ်။ အချက်အလက်အများအပြား သိမ်းဆည်းနိုင်စေဖို့အတွက်လည်း Cardslot စနစ်ကို ထည့်သွင်းပေးထားပါသေးတယ်။အများဆုံးချဲ့ထွင်နိုင်မယ့် မှတ်ဥာဏ်ပမာဏကတော့ 128GB အထိပါ။

ဖုန်းတွင်း စွမ်းရည်အဖြစ် CPU တွင် Quad-core 1.8GHz Cortex-A53 & quad-core 1.3GHz Cortex-A53 ထည့်သွင်းပေးထားပြီး GPU မှာ Adreno 405 အမျိုးအစားဖြစ်ပါတယ်။ ဒါကြောင့်ဖုန်းကို အသုံးပြုတဲ့အခါတွင် လျင်မြန်သောတုံ့ပြန်မှုများကို ပေးစွမ်း ပါလိမ့်မယ်။ အားသွင်း အသုံးပြုရမယ့် Battery အမျိုးအစားကတော့ Li-Ion 3050mAh ဖြစ်ပါတယ်။ ထိုဘက်ထရီဟာ 3G Network တွင် စကားပြောဆို ဖို့ ၁၇ နာရီနီးပါးနှင့် သီချင်းနားထောင်ဖို့ ၅၁ နာရီနီးပါး ခံနိုင်ရည်ရှိအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ A8 ကို အရောင်ကွဲများနဲ့လည်း ထုတ်လုပ် ပေးထားပါတယ်။

<Specification>
Network - GSM/HSPA/LTE
Processor - Q.C 1.8GHz & Q.C 1.3GHz
Screen - 5.7 inches
Camera - 16 MP
Bluetooth - v 4.1
Storage - up to 128GB
OS - Android OS,v 5.1
Contact - 09-421744111

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com