3/16/2016

♪ RAM 6GB နဲ့ storage 128 GB အထိပါဝင်လာမယ့် Meizu Pro 6 စမတ်ဖုန်း ♫


Vivo ဟာ RAM 6 GB ရှိတဲ့ Xplay5 Elite စမတ်ဖုန်းကို ထုတ်ပြီး ကမ္ဘာ့ RAM အများဆုံးစမတ်ဖုန်းအဖြစ် စံချိန်ချိုးခဲ့ပြီးနောက် Meizu ကလည်း အားကျမခံ RAM 6GB ပါဝင်တဲ့ စမတ်ဖုန်းအသစ်ကို ထုတ်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

လောလောဆည်တော့ Meizu ကုမ္ပဏီဘက်က တရားဝင်အတည်ပြုပြောကြားထားခြင်းမရှိပေမယ့်လည်း၊ မကြာခင်ထွက်ရှိတော့မယ့် Meizu Pro 6 စမတ်ဖုန်းမှာ RAM 6GB ပါဝင်လာမှာဖြစ်တယ်လို့ တရုတ်ဖုန်းသတင်းတွေနဲ့ပတ်သတ်ပြီး ယုံကြည်စိတ်ချရတဲ့ Gizchina မီဒီယာက အတည်ပြုပြောကြားခဲ့တာ ဖြစ်ပါတယ်။

Gizchina ရဲ့အဆိုအရ Meizu Pro 6 စမတ်ဖုန်းဟာ RAM 6GB ၊ storage 128 GB ပါတဲ့ မော်ဒယ်နဲ့၊ RAM 4GB ၊ storage 64 GB ပါတဲ့မော်ဒယ်ဆိုပြီး နှစ်မျိုးထွက်ရှိမှာဖြစ်တယ်လို့ သိရပါတယ်။

Meizu Pro 5 ဖုန်းတုန်းကလည်း 3GB RAM နဲ့ 4GB RAM ဆိုပြီး မော်ဒယ်နှစ်မျိုးထုတ်ခဲ့ဖူးတာကြောင့်၊ Meizu Pro 6 စမတ်ဖုန်းမှာလည်း အလားတူပုံစံမျိုးတွေ့ရဖို့ရှိနေပါတယ်။

Pro 6 စမတ်ဖုန်းနဲ့ ပတ်သတ်ပြီး နောက်ထပ်အချက်အလက်တွေကတော့၊ full-HD (1080×1920 pixels) မျက်နှာပြင်၊ ဆမ်ဆောင်းရဲ့ Exynos 8890 ပရိုဆက်ဆာ၊ အသံအရည်အသွေးမြင့် Hi-Fi 3.0 နဲ့ အားအမြန်သွင်း နည်းပညာတို့ ပါဝင်လာမှာဖြစ်ကြောင်း သိရှိရပါတယ်။

Ref: Gadgets360
Credit to ==> Digital Times

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com