အသံခေါ်ဆိုမှု
ပြုလုပ်နိုင်ခြင်းမရှိဘဲ အင်တာနက်စနစ်ကိုသာ သီးသန့်အသုံးပြုနိုင်သည့်
ဆင်းမ်ကတ်များကို MPT မှ စတင်ရောင်းချနေသည်ဟု သိရသည်။
ဖေဖော်ဝါရီလအတွင်း အင်တာနက်သီးသန့်သုံး ဆင်းမ်ကတ်များကို ရောင်းချခဲ့ခြင်းဖြစ်ပြီး ကော်ပိုရေးရှင်းအနေဖြင့် ကတ်အရေအတွက် များပြားစွာ ဝယ်ယူသူများကိုသာ ရောင်းချပေးခြင်း ဖြစ်သည်ဟု သိရသည်။
“ရောင်းနေပြီ။ အသေးစိတ် အချက်အလက်တွေကိုတော့ B to B ဌာနမှာ စုံစမ်းလို့ရပါတယ်” ဟု MPT ၏ Deputy CCO ဖြစ်သူ ဦးသိန်းဟုတ်က ပြောသည်။
အဆိုပါ ဆင်းမ်ကတ်များသည် ကုမ္ပဏီများ၊ အသင်းအဖွဲ့များ အသုံးပြုရန် ရည်ရွယ်ထုတ်လုပ်ထားခြင်းဖြစ်ပြီး အသုံးပြုသည့် စုစုပေါင်း ကတ်အရေအတွက်အပေါ် မူတည်၍ ကျသင့်ဈေးနှုန်းကို သတ်မှတ်ထားခြင်းဖြစ်သည်။
အင်တာနက်သီးသန့် အသုံးပြုနိုင်သည့် ဆင်းမ်ကတ်များကို Ooredoo အနေဖြင့် ရောင်းချခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း အင်တာနက်သီးသန့် အသုံးပြုနိုင်သည့် ဆင်းမ်ကတ်များကို Telenor အနေဖြင့် ရောင်းချမည်ဟု ထုတ်ဖော်ပြောဆိုထားခြင်း မရှိပေ။