3/11/2016

♪ MPT က နာရီတိုင်းအတွက် ၅ မိနစ်စာအစီအစဉ်ကို ပြန်လည်စတင် ♫


မိုဘိုင်းဖုန်း ပြောဆိုမှုအတွက် ပထမဆုံး ၅ မိနစ်အတွက်သာ ဘီလ်ပေးဆောင်ရမည်ဖြစ်ပြီး တစ်နာရီအတွင်း ကျန်ရှိသည့် ၅၅ မိနစ်စာအတွက် ဘီလ်ပေးဆောင်ရန် မလိုအပ်သည့် နာရီတိုင်းအတွက် ၅ မိနစ်စာ အစီအစဉ်ကို MPT က ပြန်လည်မိတ်ဆက်လိုက်သည်ဟု သိရသည်။

တစ်နာရီအတွင်း ပထမဦးဆုံးသော ၅ မိနစ်စာအတွက် တစ်မိနစ်လျှင် ၂၃ ကျပ်ဖြင့် ဘီလ်ပေးဆောင်ရမည်ဖြစ်ပြီး အခြားသော ကျန်ရှိသည့် ၅၅ မိနစ်စာအတွက် ဘီလ်ပေးဆောင်ရန် မလိုအပ်သော နာရီအတိုင်းအတွက် ၅ မိ နစ်စာအစီအစဉ်ကို အသုံးပြုသူများ ကြိုက်နှစ်သက်ကြသည့်အတွက် MPT က ပြန်လည်မိတ်ဆက်ရခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါ အစီအစဉ်ကို ဧပြီလ ၁၆ ရက်အထိ MPT မှ ပြန်လည်အသုံးပြုခွင့် ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ဆွေသဟာဝန်ဆောင်မှုကို အသုံးပြုသူအားလုံး အသုံးပြုနိုင်မည်ဟု သိရသည်။ ကန့်သတ်ချက်အနေဖြင့် ၅ မိနစ် ဘီလ်ပေးဆောင်၍ ၅၅ မိနစ် အခမဲ့အသုံးပြုခြင်းသည် MPT ၏ မိုဘိုင်းဖုန်းနှင့် ကြိုးဖုန်းများဆီသို့ ခေါ်ဆိုခြင်းသာ အကျုံးဝင်မည် ဖြစ်သည်။
နေ့စဉ်ခေါ်ဆိုမှုအတွက် အကြိမ်အရေအတွက် သတ်မှတ်ထားခြင်း မရှိသော်လည်း နာရီတိုင်းအတွက် ၅ မိနစ်စာ အစီအစဉ်ကို ညနေ ၆ နာရီမှ ည ၁၀ နာရီအတွင်း ခေါ်ဆိုခဲ့ပါက မိနစ်တိုင်းအတွက် တစ်မိနစ်လျှင် ၂၃ ကျပ် ကောက်ခံသွားမည်ဟု သိရသည်။

MPT အနေဖြင့် လက်ရှိအချိန်၌ အသုံးပြုသူ ၁၉ သန်းကျော်ကို ပိုင်ဆိုင်ထားသည်ဟု သိရပြီး ၎င်းတို့ အစီအစဉ်အတွက် အခြားသော ဆက်သွယ်ရေး အော်ပရေတာများထံ ခေါ်ဆိုပါက ကျသင့်ဘီလ်ကို ပုံမှန်အတိုင်း ကောက်ခံသွားမည်ဟု ကြေညာထားသည်။

Credit to ==> Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com