3/11/2016

♪ Galaxy S7 ၏အမှာစာများမှာ မျှော်လင့်ထားသည်ထက်ပိုမိုများပြားနေကြောင်း Samsung ပြောကြား ♫


ပြီးခဲ့တဲ့ MWC မှာ ကြေငြာခဲ့တဲ့ Galaxy S7 ကို Samsung ကထုတ်လုပ်ရောင်းချ တော့မှာဖြစ်ပါတယ်။ ဒါကြောင့် Samsung အနေနဲ့ Galaxy S7 အတွက်အမှာစာတွေကို စတင်လက်ခံနေပြီဖြစ်ပါတယ်။

Samsung ကုမ္ပဏီဥက္ကဌ ခိုဒုန်ဂျင်းက သူတို့အနေနဲ့ အသစ်ထွက်ရှိမယ့်ဖုန်းတွေအတွက် ရောင်းအားကို မပြည့်မှီမှာ စိတ်မပူကြောင်း၊ ဖုန်းအသစ်အတွက် အမှာစာတွေရရှိနေပြီဖြစ်ပြီး မျှော်လင့်ထားတာထက် ပိုမိုတယ်လို့ ဆိုပါတယ်။

Samsung ဟာ S7 ကို တောင်ကိုရီးယားမှာစတင်ရောင်းချနေပြီဖြစ်ပြီး ကမ္ဘာ့ဈေးကွက်ကိုတော့ လာမယ့် သောကြာနေ့မှာ စတင်ဖြန့်ချိမှာဖြစ်ပါတယ်။

Ref: Reuters
Credit to ==> Digital Times

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com