3/12/2016

♪ MPT က ထပ်ဆောင်းဝန်ဆောင်မှုများကို မိတ်ဆက် ♫


MPT သည် ဗေဒင်၊ Life Style, Agriculture, Sport နှင့် အနုပညာသတင်း အစရှိသည့် ထပ်ဆောင်းဝန်ဆောင်မှုများကို မိတ်ဆက်ခဲ့သည့်အပြင် Travel Quiz ဟူသော မေးခွန်းဖြေဆို၍ စင်ကာပူနှင့် ထိုင်းငံများသို့ သွားရောက်နိုင်သည့် ကံစမ်းမဲစနစ်ကိုလည်း မိတ်ဆက်ခဲ့သည်။

ဝန်ဆောင်ခများအနေဖြင့် ဗေဒင်အတွက် စာရင်းသွင်းခ ၂၀၀ ကျပ်၊ အသုံးပြုခ တစ်ရက်လျှင် ၁၅၀ ကျပ်၊ အနုပညာရှင်များ၏ သတင်းဗီဒီယိုဖိုင်တစ်ခုအတွက် ၂၅၀ ကျပ်၊ Life Style ကဏ္ဍ အတွက် တစ်ရက် ၁၅၀ ကျပ်နှင့် အကြောင်းအရာတစ်ခုချင်းစီအတွက် ၁၀၀ ကျပ်၊ အားကစားသတင်းအတွက် တစ်ရက်လျှင် ၁၈၀ ကျပ်၊ Agriculture အတွက် တစ်ပတ်လျှင် ၅၀၀ ကျပ်နှင့် အကြောင်းအရာတစ်ခုစီအတွက် ၅၀ ကျပ်တို့ အသီးသီးသတ်မှတ်ထားသည်။

မိုဘိုင်းဖုန်းဖြင့် မေးခွန်းများဖြေဆို၍ စင်ကာပူနှင့် ထိုင်းနိုင်ငံများသို့ သွားရောက်နိုင်သည့် Travel Quiz အတွက် ကံစမ်းလိုပါက စာရင်းသွင်းခ ၅၀၀ ကျပ်နှင့် ကံစမ်းမဲ တစ်စောင်အတွက် ၁၅၀ ကျပ် တို့ ပေးဆောင်ရမည်ဖြစ်သည်။ MPT ၏ ဝန်ဆောင်မှုများနှင့် ပတ်သက်၍ အသုံးပြုလိုပါက mpt.com.mm နှင့် Call Center 106 သို့ ဆက်သွယ်နိုင်မည်ဖြစ်သည်။

Credit to ==> Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com